မြန်မာပြည်မှထိုင်းနိုင်ငံ၊မဟာချူလာတက္ကသိုလ်တက်ရောက်ရန်ကြိုးစားနေကြသောနောင်တော်ညီတော်များဘုရား။
ယခုနှစ်မြန်မာနှင့်ထိုင်းသင်္ကြန်ပြီးဆုံးသောအချိန်တွင် မဟာချူလာတက္ကသိုလ်မှသံဃာအသစ်များလက်ခံရန်ဖြစ်ပါသည်။ မလျှောက်ရသေးသောသံဃာများလည်းလျှောက်ထားနိုင်သလို လျှောက်ထားသောသံဃာများအနေဖြင့်
ဝင်ခွင့်စာမေးပွဲမဖြေမှီမေးနိုင်မည့်မေးခွန်းများကိုကြိုတင်လေ့လာသင်သည်ဟုတ်အကြံတစ်ခုပြုလိုက်ပါသည်ဘုရား။
ကြိုတင်ပြီးဘာတွေကိုလေ့လာရမလဲဆိုရင်၊ နံပါတ်(၁) အင်္ဂလိပ်သဒ္ဒါ၊ နှင့်စာစီစာကုံး၊ ဗုဒ္ဓဝင်အကျဉ်းခုနှစ်သက္ကရာဇ် နှင့်နောက်ခံသမိုင်းကြောင်း။ မဂ္ဂင်္င်ရှစ်ပါး နှင့် ငါးပါးသီလ၊ သစ္စာလေးပါးနှင့် နိဗ္ဗာန်အဓိပ္ပါယ်။
နံပါတ်(၂) မြန်မာနိုင်ငံသင်ရိုးတမ်း ဆယ်တန်းသင်္ချာ အပိုင်း(၁)
နံပါတ်(၃) မဟာချူလာတက္ကသိုလ်တက္ကသိုလ်ကြီးမှာ မည်သည့်ရည်ရွယ်ချက်ကြောင့်ပညာလာသင်ရသလဲ
မိမိ၏အဓိကရည်မှန်းချက်ကိုဖြေဆိုရပါမည်ဘုရား။
ဒီအချက်များကိုဖြေဆိုရာတွင် မေးခွန်းအားလုံးကို အင်္ဂလိပ်ဘာသာဖြင့်သာဖြေဆိုရပါမည်ဘုရား။ စာမေးပွဲရေးဖြေတဲ့နေ့မှာပဲ အင်တာဗျူးကိုပါ ဆက်ပြီးမေးပါလိမ်မည်ဘုရား။
မဟာချူလာတက္ကသိုလ် ( ချင်းမိုင်မြို့နှင့် ဘန်ကောက်မြို့) ကိုရည်မှန်းထားသောနောင်တော်ညီတော်သံဃာတော်များ မိမိတို့မှန်းထားသည့်ရည်ရွယ်ချက်အတိုင်း
အောင်မြင်နိုင်ကြပါစေလို့ တောင်းဆုပြုလိုက်ပါသည်ဘုရား။
.........................................................
ဦးသုစိတ္တ ( ခေတ္တ- ဘန်ကောက်မြို့)
Pages
MCU photos
visitors
calender
Powered by Printable Calendar
Archive
Labels
- Artical (8)
- Dhamma talks (9)
- Education (13)
- English Lessons (37)
- Schoolarship (3)
- Thai Lessons (15)
- Video (53)
- ကဗျာ (11)
- ဓာတ်ပုံ (35)
- မဟာချူလာတက္ကသိုလ် (2)
- ဝင်ခွင့်လမ်းညွှန် (2)
- သတင်း (25)
- ဦးသုစိတ္တအကြောင်း (6)
- ဆောင်းပါး (15)
- ပေးပို့စာများ (2)
Showing posts with label ဝင်ခွင့်လမ်းညွှန်. Show all posts

Tuesday, April 10, 2012
Tuesday, March 13, 2012
မဟာချူလာလမ်းညွှန် (1)
Published :
6:28 PM
Author :
အရှင်သုစိတ္တ
http://mmsacm.blogspot.com/2010/12/blog-post_22.html
ထိုင်းဘုရင့်နိုင်ငံတော်တွင်1. Mahachulalongkornrajavidyalaya University, 2.Mahamakut Buddhist University, 3.The World Buddhist University. 4. InternationalBuddhistCollege,
5.College of Religious Studies of Mahidol University, Dearpartment of Buddhist Studies faculty of Social Science and Humanity of Mahidol University (MA and Ph.D) စသည်ဖြင့် ဘာသာရေးတက္ကသိုလ်များ ထဲတွင် မဟာာချူလာလောင်ကွန် တက္ကသိုလ်သည်လည်း ထင်ရှားသောဘာသာ ရေးတက္ကသိုလ်တခုပင်ဖြစ်သည်။
ထိုင်းဘုရင်ကြီး ရာမဘုရင်ကို အစွဲပြု၍ ဘုရင်ကြီး ဘွဲ့အတိုင်း ခေါ်ဝေါ်သုံစွဲလာသော နာမည်ပင်ဖြစ်သည်။ မဟာချူလာတွင် CAMPUS များရှိပြီးထိုင်းနိုင်ငံ၏ဒုတိယမြို့တော် သို့မဟုတ် (ဇင်းမယ်) ယခု ချင်းမိုင် တွင်တည်ရှိသော Chiang Mai Campus လည်း တခု အပါဝင်ဖြစ်သည်။
မဟာချူလာတွင် Thai Program နှင့် English Program (E.P) နှခု ကို လေ့လာသင်ကြားနိုင်သည်။ အိန္ဒိယ၊ ဘင်္ဂလာဒေ့ခ်ျ၊ နီပေါ၊ လာအို၊ ကမ္ဘောဒီးယား၊ဗီယက်နမ် ၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့မှ ကျောင်းသားများ တက်ရောက်သင်ကြားကြသည်။
Chiang Mai ဌါနခွဲတွင် တက္ကသိုလ် တက်ရောက်လိုပါက အောက်ဖေါ်ပြပါ အချက်အလက်များကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်သည်။ အင်္ဂလိပ်စာ အရည်ချင်း အနည်းဆုံး intermediate level လေ့လားထားရမည်။ ဗုဒ္ဓနှင့်ဗုဒ္ဓဘာသာ အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် နားလည်သည်အထိလေ့လာထားရမည်။ မြန်မာနိုင်ငံမှ ထွက်ခွါရန်မှာ Student sponsor လိုအပ်သည်။
ထိုအချက်အလက်များ ရောက်လာရန်မိမိ၏ မိတ်ဆွေတပါးပါးသို့ မှတ်ပုံတင် passport copy များကို ပို့ပေးရမည်ဖြစ်သည်။
Student sponsor ရောက်လာပါက လေယာဉ်လက်မှတ်နှင့်အတူ သံရုံးတွင် Visa လျှောက်ထားရမည်။ Visa ဖိုးမှာ မြန်မာကျပ်ငွေ (၄၅၀၀၀) ကျပ် ဖြစ်သည်။ သာသနာဝင်ကဒ်၊ပထမကြီးအောင်လက်မှတ်နှင့် အမှတ်စာရင်းတို့ကို နိုတြီပြန်ရမည်။ (ပထမကြီးတန်းနှင့် သာသနဓဇဓမ္မာစရိယ အောင်မြင်ပြီးသော သူတို့မှာ သာသနာရေးဝန်ကြီးဌာနမှ ထောက်ခံချက်များ အမှတ်စာရင်းများ နိုတြီပြန်ထားဖို့ အမှန်တကယ်လိုအပ်ပါသည်)
...................................................................................
http://mmsacm.blogspot.com/2010/12/blog-post_22.html
ဘိက္ခုဖြူ

Subscribe to:
Posts (Atom)
ဘန်ကောက်အချိန်
Search This Blog
visitor
About Me
Dhamma Education
Followers
My Blog List
-
နောက်ဆုံးရ မြန်မာသတင်းများ5 years ago
-
-
-
-
-
-