Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, October 24, 2012

ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ကျောင်းသား တစ်ထောင်ခန့် ဆန္ဒပြ

2012-10-24

ရခိုင်ပြည်နယ် တက္ကသိုလ် ကျောင်းလေးကျောင်းက ကျောင်းသား/ကျောင်းသူ ၁၀၀၀ ခန့် စုပေါင်းပြီး အောက်တိုဘာလ ၂၄ ရက် ဒီကနေ့မနက်ပိုင်းက လောကနန္ဒာဘုရားကနေ ဦးဥတ္တမ ပန်းခြံထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ တောင်းဆိုခဲ့တဲ့ အချက်တွေကို ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော်မတီ (ယာယီ) မှ ကိုဝေယံကျော်က RFA ကို အခုလို ပြောပြပါတယ်။
“…ဗူးမင်ကျေးရွာရယ် ၊ ကတ္တီပါကျေးရွာတွေကို အမြန်ဆုံး ပြောင်းရွှေ့ပေးပါရန်၊ လိုအပ်တဲ့ သင်ကြားမှု ပစ္စည်းတွေကို ဖြည့်ဆီးပေးပါရန်၊ ….တရားမ၀င် နယ်မြေလုလာတဲ့ အကြမ်းဖက် ဘင်္ဂလာလီလူမျိုးတွေ နဲ့ အတူတကွ ပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန် ၊ ကျောင်းသားများ နေထိုင်နိုင်သည့် အဆောင်များ အမြန်ဆုံး ဆောက်လုပ်ပေးရန် နှင့် ကျောင်းဖယ်ရီ ကားများကို ပြည်နယ်အစိုးရ အနေနဲ့ ဈေးနှုန်းချိုသာစွာ ဆောင်ရွက်ပေးရန်တို့ဖြစ်ပါတယ်…”
ဒီဆန္ဒပြပွဲကို ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ အဝေးသင်တက္ကသိုလ်နဲ့ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် တွေက ကျောင်းသား/ကျောင်းသူတွေ ပူးပေါင်း ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ကျောင်းသားတွေဟာ နိုင်ငံတော် သမ္မတဆီကို ပေးပို့ထားတဲ့ တောင်းဆိုချက် ငါးချက်ကို ဖော်ပြထားတဲ့ လက်ကိုင်ပိုစတာတွေကိုင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာပါ ဆန္ဒပြဖို့ တောင်းဆိုထားပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေက အဲဒီရှေ့မှာ ဆန္ဒပြခွင့်မပြုခဲ့တာကြောင့် ဦးဥတ္တမပန်းခြံကိုသာ သွားရောက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ဆူပူမှု ကျောက်ဖြူနဲ့မြေပုံကို ကူးစက်


 
 
ကိုမိုးဇော်
ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားနဲ့ မြောက်ဦးမြို့နယ်က  စတင်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက် တာတွေဟာ ကျောက်ဖြူနဲ့ မြေပုံမြို့တွေအထိ မနေ့ညပိုင်း ကူးစက်သွားခဲ့ပြီး ဒီကနေ့ နေ့ခင်းပိုင်းမှာထိ အဓိကရုဏ်းတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ တနင်္ဂနွေနေ့က အကြမ်းဖက်မှုတွေ စတင်ခဲ့တဲ့ မင်းပြားနဲ့ မြောက်ဦးမြို့နယ်ဘက်တွေမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက အခြေအနေတွေကို ထိန်း သိမ်းနိုင်တဲ့ အနေအထားရှိပေမဲ့ ကျောက်ဖြူနဲ့ မြေပုံဘက်မှာတော့ ထိန်းသိမ်းနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ ရခိုင်ပြည်နယ် အတွင်းက နောက်ဆုံးအခြေအနေတွေ ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

Friday, August 31, 2012

ရခိုင်ပြည်သတင်း

ဦးသိန်းစိန် ထောင်ဒဏ်ခံရသူများကို လွတ်ပေးပြီး ရခိုင်များအား ဆက်လက်ထိမ်းသိမ်းထား
Written by သဇင်ဥ    Thursday, 30 August 2012 13:15    PDF Print E-mail
sittwe-jail-b305 copyဦးသိန်းစိန်သည် ရခိုင်ပြည်နယ်အတွင်း ဇွန်လ (၈) ရက်နေ့က စတင်သည့် ဘင်္ဂလီများ၏ အကြမ်းဖက် သောင်းကျန်းမှုကာလတွင် တိုက်ရိုက်ဆက်နွယ်နေမှုဖြင့် ၂၄ ရက်နေ့က ထောင်ဒဏ်အပြစ်ပေးထားသည့် ဘင်္ဂလီများကို ယမန်နေ့က လွှတ်ပေးခဲ့ပြီး ဒေသခံ ရခိုင်အမျိုးသားများကို ကွက်မျက်ပြု ခွဲခြားဆက်ဆံ ခံနေရကြောင်း မောင်တောမြို့မှ ကျောင်းဆရာတစ်ဦးက ပြောသည်။
" အကြမ်းဖက်မှု တစ်ခုလုံးကို ကြိုးကိုင်ခဲ့တဲ့ ခင်မောင် (ခ) အဏ္ဏ၀ါဆာဒတ်ကို ထောင်ဒဏ် (၃)နှစ်၊ ခင်မောင်ဆွေ (ခ) တာရတ်ကို (၂)နှစ်နဲ့ ချိုလေးမာခါတုန်ကို ထောင်ဒဏ်(၆)နှစ် (၂၄)ရက် သောကြာနေ့က မောင်တောတရားရုံးက ချမှတ်ခဲ့ပါတယ်။ အဲဒီလူတွေကို နိုင်ငံတော်သမ္မတ အမိန့်နဲ့ဆိုပြီး မနေ့မနက်ပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်တဲ့ဆိုပြီး လွှတ်ပေးလိုက်ပါတယ်။ ဘယ်ပုံစံဥပဒေလဲမသိဘူး။ သူတို့က UNHCR က နှစ်ယောက်နဲ့ INGO က တစ်ယောက်ပါ။ " ဟု အမည်မဖေါ်လိုသူ ကျောင်းဆရာက ဝေဖန်ပြောဆိုလိုက်သည်။
ဆက်လက်ပြီး သူက " သောင်းကျန်းသူတွေက ဘင်္ဂလီတွေ၊ ဒါနဲ့ဆက်စပ်ပြီး ဘာမှအပြစ်မလုပ်တဲ့ ရခိုင်အမျိုးသားတွေကို နေရာအနှံ့မှာ အများကြီး ဖမ်းထားတာတွေရှိတယ်။ ထောင်ဒဏ်သာပေးနေတယ်။ ပြန်လွှတ်ပေးသူဘယ်သူ့ကိုမှ မတွေ့သေးဘူး။ ရခိုင်ပြည်နဲ့ လူထုတွေ ကျိန်စာသင့်နေသလို ဖြစ်နေတယ်။ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်လည်းမရှိ၊ တရားဥပဒေမှာ ဘက်လိုက်မှုရှိနေတယ်။ UNHCR လည်း ခုလိုဘက်လိုက်ခဲ့လို့ ဒီပြဿနာတွေ ပေါ်ခဲ့ပြီးပြီ၊ ကျွန်တော်တို့ ရခိုင်တွေ မြန်မာပြည်သားဖြစ်တယ်။ ရခိုင်ပြည်မှာနေပြီး အမြဲတမ်း ဘက်လိုက်မှုတွေချဉ်း ခံနေရတာ စိတ်နာဖို့ကောင်းပါတယ်။ နိုင်ငံခြားသားက အပြစ်ရှိတာတောင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့် ရတယ်တဲ့လားဗျာ။ နိုင်ငံတကာက အရေးအခင်းအတွင်းမှာ ရခိုင်က ဘင်္ဂလီကိုသတ်ဖြတ်နေတယ်လို့ အကြမ်းဖက်သမားတွေ ပြောဆိုခဲ့တာကို အမှန်အတိုင်းဖြစ်သွားစေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ " ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းမှုကို ဖန်တီးခဲ့၍ ထောင်ဒဏ်အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသော အဏ္ဏဝါဆာဒတ်အား ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၅၃ (က)နှင့် ၅၀၅ (ဂ) ပြစ်မှုနှစ်ခုအတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ကြောင်း၊ နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်းဥပဒေပုဒ်မ ၂၄ (၁) အရ တစ်နှစ်၊ ပြစ်မှုကျူးလွန်ခဲ့သူ တာရက် ကို ဥပဒေပုဒ်မ ၁၅၃ (က)နှင့် ပြစ်မှု ပုဒ်မ ၅၀၅ (ဂ) ပြစ်မှုတစ်ခုကို (၂)နှစ် ထောင်ဒဏ်ဖြစ်သော်လည်း တပေါင်းတည်း ကျခံစေဆုံးဖြတ်မှုကြောင့် ထောင်ဒဏ် (၂)နှစ်၊ ဒေါ်ချိုလေးမာခါတုန်ကို ဥပဒေပုဒ်မ ၁၅၃ (က) အရ (၂)နှစ်နှင့် ဥပဒေပုဒ်မ ၄၃၆/၁၀၉နှင့် နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်း သတ်မှတ်ရေး ဥပဒေပုဒ်မ ၂၄(၁)အရ ထောင်ဒဏ် (၁)နှစ် ထောင်ဒဏ်ပြစ်မှုများကို တပေါင်းတည်း ကျခံစေဟု စီရင်ချက်ကြောင့် (၆)နှစ်ချမှတ်ကြောင်း သိရှိရသည်။
ယင်းပဋိပက္ခ ကာလအတွင်း နိုင်ငံတကာ NGO ၀န်ထမ်း ၁၀ ယောက် ဆက်နွယ်မှုများ ရှိခဲ့သည်ဟု သံသယဖြင့် ဖမ်းဆီးထားခဲ့ရာမှ (၃) ဦးကို ထောင်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး ကျန်ဝန်ထမ်း (၇) ဦးကို အစောင်ပိုင်းက အဖြတ်လိုက် လွှတ်ပေးခဲ့ကြောင်းနှင့် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ထပ်မံလွတ်ပေးလိုက်ခြင်းဖြစ်သည်။
ထောင်ဒဏ်စီရင် ချမှတ်ခံခဲ့ရသူ (၃) ဦးမှာ ယင်းပဋိပက္ခအတွင်း တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက် ကြိုးကိုင်မှုများ ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ယင်းအရေးအခင်းနှင့် ပတ်သက်၍ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ပြည်နယ် ဥပဒေရေးရာ ကော်မတီဥက္ကဌလည်းဖြစ်သော ဦးလှသိန်းက VOA သို့ ဖြေကြားချက်အရ သိရသည်။
ထောင်ဒဏ်အပြစ်ပေးခံခဲ့ရသော UNHCR ၀န်ထမ်းများအား စွဲချက်များမှာ ဥပဒေ ပုဒ်မ ၁၅၃(က)အရ လူမျိုးစုတစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား ရန်တိုက်ပေးခြင်း၊ ဥပဒေ ပုဒ်မ ၅၀၅(ဂ)အရ အများပြည်သူများ အကျိုးစီးပွားပျက်ပြားစေမှုကို ဖြစ်စေသောပြစ်မှု၊ ခိုက်ရန်ဖြစ်ပွားအောင် ရန်တိုက်ပေးမှုများ အပါအ၀င် ဥပဒေ ပုဒ်မ ၄၃၆/၁၀၉ အရ မီးဖြင့်ဖြစ်စေ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းဖြင့်ဖြစ်စေ ဖြစ်ပေါ်လာအောင် အားပေးအားမြှောက်ပြုမှုနှင့် မီးရှို့ဖျက်ဆီးမှုများ ဖြစ်မြောက်အောင် လုပ်ဆောင်မှုများဖြင့် စွဲချက်ခဲ့ကြောင်း သူကရှင်းပြခဲ့သည်။
မြန်မာအစိုးရက ထောင်ဒဏ်ချမှတ်လိုက်သော UNHCR ၀န်ထမ်း (၃) ဦးမှာ ရခိုင်ပြည်နယ်နေ မူဆလင်ဘာသာဝင်များဖြစ်ကြောင်းနှင့် မောင်တောမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများဖြစ်ကြောင်း ပြောသည်။
သက်ဆိုင်ရာက ထောင်ဒဏ်ချမှတ် ခံခဲ့ရသူများအပေါ် အသေးစိပ်စီစစ်ကာ စစ်ဆေးမေးမြန်းမှုများ အတန်ကြာပြုလုပ်ပြီး စီရင်ချ ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း ဦးသိန်းစိန်က အလွယ်တကူ လွှတ်ပေးခြင်းအပေါ် အရေးအခင်းတွင် ကျဆုံးသွားခဲ့သူများ၏ မိသားစုဝင်များ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နှင့် တခြားမြို့များမှ ရခိုင်လူထုများ မကြေနပ်မှုများ ဖြစ်ကြကြောင်း ကျောင်းဆရာက သုံးသပ် ရှင်းပြသည်။
ထို့ပြင် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဆက်နွယ်မှုများရှိသည့်အပြင် ဦးသိန်းစိန် လွှတ်ပေးလိုက်သည့် ၀န်ထမ်းများနှင့် တိုက်ရိုက် ဆက်နွယ်မှုရှိသော ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားခရိုင်အတွင်းမှ မူဆလင်ဘာသာရေး အစွန်းရောက် ခေါင်းဆောင် (၁၀)ဦးအား အာမခံဖြင့် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။
ယင်း ကော့စ်ဘဇားခရိုင်အတွင်းမှ (၁၀) ဦးမှာ ပန်းဝါမြို့ဗလီအုပ်၊ ကော့စ်ဘဇားမြို့ဗလီအုပ်၊ ကော့စ်ဘဇားမြို့ရှိ အီစ္စလာမ်မိတ်ဆေးရုံအုပ်၊ အီစ္စလာမ်မိတ်ဘဏ်အုပ်၊ နီလာမြို့ဗလီအုပ်နှင့် အီစ္စလာမ်မိတ်အဖွဲ့အစည်းနှစ်ခုမှ ခေါင်းဆောင်ကြီးများဖြစ်ကြသည်။
ကုလသမဂ္ဂ အနေဖြင့် ဦးသိန်းစိန် အမိန့်အာဏာဖြင့် လွတ်ပေးခဲ့သော ကုလ၀န်ထမ်းများအတွက် ကြိုဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး တွဲဘက်ပြောခွင့်ရ Faran Haq က ယမန်နေ့က ပြောဆိုလိုက်သည်။
လွတ်မြောက်သော ဦးခင်ရွှေမှာ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP ၏ ၀န်ထမ်းတစ်ဦးဖြစ်ကြောင်း၊ ထောင်ဒဏ် (၃)နှစ် ချမှတ်ခံရသော ဦးခင်မောင်ဟာ UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံး၏ ၀န်ထမ်းဖြစ်ကြောင်းနှင့် ထောင်ဒဏ်(၆)နှစ် ချမှတ်ခံရသူ ဒေါ်ချိုလေးမာခါတုန်မှာ CSSEP အမည်ရှိ ရပ်ရွာလူထုဖွံ့ဖြိုးရေး စီမံချက်က ၀န်ထမ်းများ ဖြစ်ကြသည်။
ကျောင်းဆရာက " မနေ့က မောင်တောလူထုတွေ အရမ်းစိုးရိမ်ခဲ့ကြပါတယ်။ ကြောက်စိတ်တွေလွှမ်းပြီး ရုတ်ရုတ်သဲသဲတောင် ဖြစ်ခဲ့တဲ့ မိသားစုတွေ ရှိခဲ့တယ်။ လွတ်သွားတဲ့သူတွေက လူကြီးတွေဆိုတော့ အကြမ်းဖက်မှုတွေကို ထပ်ကာဖန်တီးပြုလုပ်နိုင်တယ်လို့ ယူဆကြတယ်။ ပြီးတော့ ဒီလိုလုပ်တာက ကုလားတွေကို အရေးအခင်းဖြစ်ခဲ့တာ အမှန်ဘက်သို့ရောက်စေပြီး ဒေသခံတွေကို အမှားသို့ တွန်းပို့ရာ သက်ရောက်သွားပါတယ်၊ အရင်ကတည်းက ဒီမှာအခြေချနေချင်တဲ့သူမရှိဖြစ်နေချိန်မှာ ပို့ဆိုးသွားတဲ့ အခြေအနေရှိပါတယ်။ " ဟု ဆက်လက် ရှင်းသည်။
အရေးအခင်းကာလ ပထမဆုံး ဓါတ်ပုံ၊ ဗီဒီယိုနှင့် သတင်းအမှားများ နိုင်ငံတကာသို့ ပေးပို့မှုနှင့် အကြမ်းဖက်မှုကို အဓိကဆောင်ရွက်ခဲ့သော ဒေါက်တာ ထွန်းအောင်(နရုဟောက်)အား လွှတ်ပေးမည့်သတင်းများ မောင်တောတွင် ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့က စတင်ခဲ့သည့် ပဋိပက္ခတွင် နေအိမ်စုစုပေါင်း (၂၈၂၅)အိမ်၊ သေဆုံးသူ ၁၀၀ ဦးခန့်၊ ဒဏ်ရာရရှိခဲ့သူ (၃၈)ဦး၊ ဘုန်းတော်ကြီးကျောင်း (၉) ကျောင်း၊ ဗလီကျောင်း (၇) ခု၊ ဒုက္ခသည်စခန်း (၃၇) နေရာရှိခဲ့ကြောင်းနှင့် ဒုက္ခသည် စုစုပေါင်း (၉၀,၀၀၀) ခန့်ရှိခဲ့ကြောင်း သိရှိရသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/403-2012-08-30-06-47-36 

Monday, August 13, 2012

သတင်းကောင်းလေးတခုပါ

ဓမ္မမိတ်ဆွေသူတော်ကောင်းများနှင့် ယောဂီသစ် ယောဂီဟောင်း သူတော်ကောင်းများမင်္ဂလာပါ ...

ဆရာမ ဒီနေ့ က စပြီး ၀ါတွင်း၃လတရားစခန်းသွားဝင်ပါပြီ...သောကြာညပြန်လာတရားပေးပါမယ်။
ဝါတွင်းကာလမှာ တရားစခန်းကို အပါတ်စဉ် စနေတနင်္ဂနွေတိုင်းမှာ ၂ရက်တရားစခန်းတိုးဖွင့်လိုက်ပါတယ်။
အင်တာနက်မှ  မြန်မာယောဂီများအတွက်နဲ့ ချင်းမိုင်ယောဂီများ အတွက် သောကြာညပိုင်း ၆ခွဲ တချိန်မှာလည်း  ပေးထားပါတယ်။ သောကြာညကတည်းစပြီးက အင်တာနက်မှဖြစ်စေ ချင်းမိုင်မှဖြစ်စေ ဖုန်းမှဖြစ်စေတရားစခန်းတွင် တရားစုပေါင်းကျင့်နိုင်ပါရန် မေတ္တာဖြင့် ဖိတ်ကြားအပ်ပါတယ်။

 မြတ်စွာဘုရားလုပ်စေချင်သော အလုပ်များလုပ်ကိုင်ရင်း
အများတရားကျင့်ခွင့်ရအောင် တရားစခန်းဖွင့်၍ တပိုင်တနိုင် သာသနာပြုရာ၌ တရားစခန်းယောဂီများအတွက် ဆွမ်း စသည် တရားစခန်းလိုအပ်ပစ္စည်းများ နှင့် ဝေယျာဝစ္စအထွေထွေ ကုသိုလ်ယူလိုသော သူတော်ကောင်းများသည် ဆရာမပြန်ရောက်မည့် ၁၀ရက်နေ့ သောကြာစနေတနင်္ဂနွေအချိန်တိုင်းတွင် attachment ရှိ ဖုန်းနံပါတ်သို့ ဆက်သွယ်ကုသိုလ် ယူနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော် နှိုးဆော်လိုက်ပါသည်။
သာသနာပြုတယ်ဆိုတာ လူများရဲ့ နှလုံးသားထဲကို သီလသမာဓိပညာအကျင့်တွေ ကျင့်နိုင်အောင် ထည့်ပေးတာပါ။ ထိုင်းနိုင်ငံ၊ချင်းမိုင်ယောဂီေ
တွက အစပြုပြီး အင်တာနက်ယောဂီများ... ဖုန်းယောဂီများအတွက် တပါတ်ကို ဘုန်းကြီးကျောင်း၊ ရွှေ့ ပြောင်းအလုပ်သမားများအတွက် လူနာများ ၏နေရာများနဲ့ အချို့ အိမ်တရားစခန်းေ
လးတွေမှာ နာရီဝက်ကနေ စခဲ့ရပါတယ်။ နောက်ေ တာ့ ၁နာရီ.... နောက်တော့ ပိတ်ရက်တနင်္ဂနွေတိုင်း ၁ရက်တရားစခန်းပါ။ ဘုန်းကြီးကျောင်းမှာ ၃ရက်တရား စခန်း... နောက် ဘန်ကောက်မြို့ ၌ ၃ ရက်တရားစခန်းများ၊ ခုသာသနာပြုသက်တမ်း ၃နှစ်မှာ ဒီနှစ်ဝါတွင်းကစပြီး သီလသမာဓိပညာတရားစခန်းသစ်၌ (၂)ရက် တရားစခန်းကို ပတ်သက်သမျှသော အတိတ်ဆွေမျိုးများ နှလုံးသားထဲကို သီလသမာဓိပညာများကို တိုးမြှင့်ပြီး ထည့်ပေးပါမယ်။ ယောဂီများအတွက် ဆရာမ ပိုကြိုးစား၍ သီလသမာဓိပညာအကျင့်မြတ်များကို အစွဲဖြုတ်သည့် နည်းများကို ကျင့်ပေးသလို ယောဂီများကလည်း ပိုကြိုးစား၍ အသေတတ်အောင် စိတ်ပြောင်းလေ့ကျင့်ခြင်း အစွဲဖြုတ်ခြင်း သီလသမာဓိပညာ ဥာဏ်များကို တိုးသထက်တိုးအောင် ကြိုးစားပေးစေလိုပါတယ်။

ဂျောက်ထဲကျမဲ့ လမ်းများမှ လွတ်မြောက်ရာလမ်းကို ၀ိပဿနာအကျင့်ကျင့်ရင်း ရှာဖွေတွေ့ ရှိနိုင်ကြပါစေ...
မေတ္တာဖြင့်
ဆရာမ
သီလသမာဓိပညာ ၀ိပဿနာ တရားရိပ်သာ
ချင်းမိုင်မြို့ 
ထိုင်းနိုင်ငံ

ပြန်လည်မျှဝေခြင်းဖြင့်ကုသိုလ်ပွါးနိုင်ကြပါစေ...ဤကုသိုလ်မှသည် နိဗ္ဗာန်အထောက်ပံ့ဖြစ်ကြပါစေ...
3 attachments — Download all attachments (zipped for )   View all images  
သီလ၊သမာဓိ၊ပညာ.jpgသီလ၊သမာဓိ၊ပညာ.jpg
988K   View   Download  
ဆရာမမေတ္တာ.jpgဆရာမမေတ္တာ.jpg
130K   View   Download  
သီလ၊သမာဓိ၊ပညာ.pdfသီလ၊သမာဓိ၊ပညာ.pdf
50K   View   Download  

မလေးရှားနိုင်ငံ ကွမ်လာလန်ပူမြို့တွင်


မလေးရှားနိုင်ငံ ကွမ်လာလန်ပူမြို့တွင် ရခိုင်ဆိုင်တစ်ဆိုင်ကို အကြမ်းဖက်ဘင်္ဂလီများ ဝင်စီး
Written by ရခိုင်သွီး    Friday, 03 August 2012 19:16   
PDF
Print
E-mail

imagesမလေးရှားနိုင်ငံ ကွမ်လာလန်ပူ(kuala lumpur)မြို့တွင် ဦးစောအောင်ပိုင်ဆိုင်သော မြန်မာ့ဥယျာဉ်(ရခိုင်ဆိုင်) ကို ဒီကနေ့ ညနေ ၅ နာရီခန့်က အမည်မသိ အကြမ်းဖက် ဘင်္ဂလီမူဆလင်များ ၅၀ ခန့်က လာရောက်ဝင်စီး၍ ဆိုင်တွင်းရှိ ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။
ဆိုင်ပိုင်ရှင် ဦးစောအောင်က " အဲဒီ ရိုဟင်ဂျာအမည်ခံ အကြမ်းဖက်ဘင်္ဂလီတွေဟာ ဗလီဝတ်ပြုလို့အပြန်မှာ လမ်းမှာတွေ့တဲ့ ရခိုင်တွေကို လိုက်သတ်ပါတယ်။ ရခိုင်တွေကလည်း ကိုယ်နဲ့နီးစပ်ရာကို ထွက်ပြေးတော့ ကျနော့်ဆိုင်ကို ရောက်လာတာပေါ့။ ကျနော့်ဆိုင်ကို အကြမ်းဖက်ဘင်္ဂလီတွေက ရခိုင်ဆိုင်မှန်းသိတာနဲ့ ဆိုင်မှာ ရှိတဲ့ စားပွဲခုန်တွေ၊ ကုန်ပစ္စည်းတွေ၊ နောက်တခြား ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားပါတယ်။ ဘင်္ဂလီတွေ ၅၀ နီးပါးလောက်ရှိပါတယ်။ ရဲစခန်းကို အကြောင်းကြားလို့ အဲဒီ ဘင်္ဂလီ ၅၀ ထဲက ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်း(Tang Wangi)က ဖမ်းသွားပါတယ်။ ကျန်တဲ့ ဘင်္ဂလီများကတော့ ထွက်ပြေးသွားပါတယ်။ " ဟု ပြောသည်။
" ယင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်းတွင် မေးမြန်းစစ်ဆေးနေပါတယ်။ သူတို့ရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ၊ ဘယ်သူတွေနဲ့ ဆက်စပ်နေလဲ၊ နောက်ပြီးတော့ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲပေါ့။ သူတို့ကိုတော့ ထိရောက်စွာ အရေးယူဆောင်ရွက် သွားပါမယ်။ နောက်တစ်ခုက အခုလိုမျိုး အနိုင်ကျင့် ပြဿနာရှာတာကို နောက်တစ်ခါ မဖြစ်ရအောင် ဒီမှာ မလေးရှားရောက် ရခိုင်အဖွဲ့အစည်းတွေနဲ့ တခြားမြန်မာအဖွဲ့အစည်းတွေပါ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။ " ဟု ဆက်လက်ပြီး မြန်မာ့ဥယျာဉ်(ရခိုင်ဆိုင်)က ပိုင်ရှင် ဦးစောအောင်က ပြောပြသွားသည်။
http://www.arakantimes.net/burmese/index.php/2012-02-24-06-58-57/343-2012-08-03-12-24-36

Sunday, June 3, 2012

အထူးသတင်းတစ်ခု

ယနေ့ ၃ ရက်နေ့ ညနေနေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေးပြေးကားသည် တောင်ကုတ်မြို့သို့အရောက်တွင် တောင်ကုတ်မြို့သူမြို့သား ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင်လိုက်ပါလာသော မွတ်ဆလင်လူမျိုး ရှစ်ဦးကို ကားပေါ်မှဆွဲချ၍ သတ်ပစ်လိုက်ကြကြောင်း ယခုပင် သတင်းရရှိပါသည်။
ကျောက်နီမော်မှ မသီတာထွေးအား လူမျိုးခြားသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှု ၏ နောက်ဆက်တွဲအကျိုးတရားများမှ ယခုအခါ လူမျိုးရေးအဓိကရုဏ်းပုံစံ များသို့ ကူးပြောင်းလာနေခဲ့သည်။ တောင်ကုတ်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များမှာ ကျောက်ဖြူမြို့သို့ လုံခြုံရေးယူရာ ထွက်ခွာသွားကြချိန်တွင် ယခုကဲ့သို့ သတ်ဖြတ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မသီတာထွေးအမှုမှ တရားခံသုံးဦးကို ကျောက်ဖြူမြို့တွင်ထားရှိသဖြင့် ရခိုင်ပြည် မြို့နယ်၊ ကျေးရွာများမှ ပြည်သူများက ကျောက်ဖြူမြို့သို့ သွားရောက်ကာ ဆန္ဒပြအုံကြွမှုများ ဖြစ်ပေါ်နေသောကြောင့် ရဲတပ်ဖွဲ့အင်အားများ စေလွှတ်ခဲ့ရခြင်းဖြစ်သည်။
တောင်ကုတ်မြို့မှ လုပ်ငန်းရှင်ကြီးတစ်ဦးက တောင်ကုတ်ရှိ စစ်တပ်သို့အကြောင်းကြားရာ တပ်ရင်းမှူးက မြို့ပြစံမံအုပ်ချုပ်ရေးကိစ္စမှာ ယင်းနှင့်မဆိုင်ပါကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။ ယခုတွင် အသတ်ခံရသူ မွတ်ဆလင် ၈ ဦး၏ အလောင်းများကို တောင်ကုတ်၊ ညဈေးရှေ့တွင် စုပုံထားသည်ဟု ဒေသခံတစ်ဦးက ဖုန်းဖြင့်အကြောင်းကြားသည်။

နောက်ဆက်တွဲကို ဆက်လက်စုံစမ်းနေပါသည်။
နောက်ဆက်တွဲသိရှိချက်။ စစ်တွေမြို့ခံတစ်ဦးက ယခုပင်ဖုန်းဖြင့်အကြောင်းကြားလာပါသည်။ စစ်တွေမြို့တွင် ရခိုင်အမျိုးသားတစ်ဦးကို ကုလားတစ်သိုက်က ရိုက်နှက်ကာ ကုလားရွာထဲသို့ ကားဖြင့်တင်ခေါ်သွားသည်ကို မျက်မြင်တွေ့ရှိလိုက်ကြရသဖြင့် ယခုအခါ စစ်တွေရဲစခန်းရှေ့တွင် ရခိုင် ၅၀ ကျော်စုစည်း၍ ခေါ်ဆောင်သွားသည့် အမျိုးသားကို ထုတ်ပေးရန် တောင်းဆိုနေကြသည်။ မထုတ်ပေးပါက ကုလားရွာ(နာဇီရွာ)ကို ၀ိုင်းမည့်အခြေအနေဖြစ်ပေါ်နေကြောင်း ယင်းက ပြောသည်။ ယခုဖြစ်သည်။(အဘ ဥက္ကာကိုကို)
8:02 PM

Saturday, May 12, 2012

HIVကာကွယ်ဆေးတွေ့

HIVကာကွယ်ဆေးတွေ့
Truvada ကာကွယ်ဆေး

Truvada ကာကွယ်ဆေး

Truvada ဆေးဝါးကို အမေရိကန် ဆေးဝါးနဲ့ အစားအသောက်ဆိုင်ရာ စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ FDA ကို အသိအမှတ်ပြုဖို့ ထောက်ခံတင်ပြ လိုက်သူကတော့ အမေရိကန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူအုပ်စုတခု ဖြစ်ပါတယ်။တခါ တခြားတဘက်မှာတော့ အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် ဖြစ်နေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ နယ်ပယ်ထဲက ကျွမ်းကျင်သူတချို့နဲ့ အဖွဲ့အစည်းတချို့ကတော့ ဒီဆေးကို အသိအမှတ်မပြုဖို့အတွက် ကန့်ကွက်နေကြ ပါတယ်။

ဒါပေမယ့်လို့ သတင်းထောက်တွေရဲ့အဆိုအရတော့ အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအတွက် သမိုင်းမှတ်တိုင်သစ်တခုတော့ ဖြစ်တော့မယ်လို့ သိရပါတယ်။ ဂလက်စတုန်း အင်စတီကျူ့က ဒေါက်တာ ရောဘတ် ဂရန့်ကလည်း အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်ကို အမြစ်ဖြုတ် ချေမှုန်းနိုင်တော့မယ့် ခေတ်ထဲ ရောက်တော့မယ်ဆိုတာ မြင်နေရပါပြီ။ ဒါဟာ ပထမဆုံးအကြိမ်လည်း ဖြစ်၊ ကြီးမားတဲ့ သမိုင်းဝင် မှတ်တိုင်ကြီးလည်း ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။
၂၀၁၀ ပြည့်နှစ်က လေ့လာမှုတွေ အရတော့ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် ဂျီလတ် ဆိုင်းယင့်စ်က ထုတ်လုပ်ခဲ့တဲ့ Truvada ဆေးဝါးဟာ ကျန်းမာသန်စွမ်းတဲ့ လိင်တူအမျိုးသားတွေ သုံးတဲ့အခါ အိတ်ချ်အိုင်ဗီ ဖြစ်ပွားမှုနှုန်း ၄၄ ရာခိုင်နှုန်း လျော့ကျသွားပြီး၊ အိတ်ချ်အိုင်ဗီပိုး ရှိနေတဲ့ လိင်ဆက်ဆံနေဆဲဖြစ်တဲ့ ပိုးမရှိသေးတဲ့ သူတွေမှာတော့ ၇၃ ရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်ဆိုရာ အကြံပေးကော်မတီက FDA ကို ၁၉ မဲ သုံးမဲနဲ့ ထောက်ခံတင်ပြခဲ့တာမှာတော့ ကူးစက်နိုင်ချေများတဲ့ လူကွဲတွေနဲ့ လိင်တူချင်း ဆက်ဆံမှုများတဲ့ ပိုးမရှိသေးတဲ့ အမျိုးသားတွေကို ဒီဆေးကို သုံးကြဖို့ အကြံပေး တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအဖွဲ့ကပဲ လိင်မှုလွန်ကျူးသူတွေနဲ့ ပိုးရှိသူတွေနဲ့ အတူနေကြတဲ့သူတွေကိုလည်း ပိုး မကူးအောင် ကာကွယ်ဖို့အနေနဲ့ ဒီဆေးကို သုံးကြဖို့ ထောက်ခံမဲ အတော်များများနဲ့ ထောက်ခံထားတယ်လို့ သိရပါတယ်။ အမေရိကန် ဆေးဝါးနဲ့ အစားအသောက် စီမံခန့်ခွဲရေးဘုတ်အဖွဲ့ FDA ကတော့ ဒီဆေးနဲ့ ပတ်သက်ပြီး သုံးစွဲဖို့ သင့်တယ်၊ မသင့်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ချမှတ်သွားမယ်လို့ သိရပါတယ်။

Thursday, April 12, 2012

ADOXY ဆေး၏ပျောက်ကင်းနိုင်သောရောဂါများ

ADOXY ဆေးဟာ  လူကြီးရောဂါများ၊HIV ရောဂါ၊  အဆုပ်ရောဂါ၊ ဆီးချိုရောဂါ၊ အရေးပြာရောဂါ၊ အနူရောဂါ၊ ကင်ဆာရောဂါ၊ နှလုံးနှင့်ဆိုင်သောရောဂါ၊ ဝက်ရူးပျံရောဂါ၊ မျက်စိရောဂါ၊နှင့် အဆစ်မြစ်ကိုက်ရောဂါ၊စသောရောဂါများ ကင်းပျောက်စေပါတယ်။
ဦးနှောက်နှင့်ပါတ်သက်သောဝေဒနာရှင်များအတွက်လည်းဦးနှောက်အမြှေးရောင်သကဲ့သို့ဖြစ်ပြီး ခေါင်းကိုက်ဝေဒနာနှင့် ကိုယ်လက်တုံ့ဆိုင်းလေးလံခြင်းဝေဒနာကိုခံစားရသည်မှာ ( ၃နှစ်) မျှကြာမြင့်ခဲ့သည့်ဝေဒနာရှင်များကင်းပျောက်သွားကြောင်းကိုလည်းအထောက်ထားဖြင့်ပြသထားပါသည်။
အမျိုးသမီးများအတွက် သားအိမ်ရောဂါဖြစ်လို့ စိတ်ဆင်းရဲပြီးမိမိတို့လင်သားများစိတ်ညိုငြင်မှုကိုခံစားနေရပြီး
မိမိတို့ရဲ့ရင်သွေးငယ်ကိုမွေးဖွားချင်သော်လည်း သားအိမ်မကောင်းလို့ ကိုယ်ဝန်မဆောင်နိင်သောအမျိုးသမီးများ နှင့် သားအိမ်နဲ့ပတ်သက်သောရောဂါခံစားနေရသူများကိုလည်း ယခု အေဒိုစီ အောက်စီဂျင်( ADOXY) ဆေးမှကူညီဖြေရှင်းပေးနေကြောင်းယုံယုံကြည်ကြည်သုံးစွဲဖို့ ပြောကြားထားပါတယ်။
မိမိတို့ဆက်သွယ်လိုပါက ဆရာမဒေါ် ခွန်ချဝန် ဖုန်း-081-697-0707သို့မဟုတ် ( 084-703-9863)
ဖုန်းနံပါတ်များကိုကိုယ်တိုင်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ระเบี ยบข อปฏิบัติ การเป นสมาชิก ของบริษัท วินเนอร ไวด เวิรล จํากัด

ระเบี ยบข อปฏิบัติ การเป นสมาชิก ของบริษัท วินเนอร  ไวด  เวิรล จํากัด    หลั กเกณฑ  และคุ ณสมบัติการสมั ครเป นสมาชิก หรือการเปนผูจํ าหน ายอิ สระ  - ผู สมั ครต องมี อายุ ไมต่ํ ากวา 18 ปบริบูรณ ในวั นที่ สมั ครเท านั้น - ผู สมั ครต องไมมีชื่ อในทะเบียนสมาชิ กบริษั ทฯมาก อน หากสมาชิ กซ้ํ าจะถื อรหั สสมาชิ กที่มีอยูก อนเป นหลัก และ บริษั ทฯ จะเพิ กถอนรายชื่อที่ซ้ํ ากั นออกจากทะเบี ยนสมาชิก นอกจากนี้ หากบริษัทฯ ไดรั บการรองเรียนจาก สมาชิ กว าสมาชิ กผู แนะนํา นํ าชื่ อของผู สมั ครมาสมั ครโดยไม ไดรั บอนุ ญาต บริษั ทฯขอสงวนสิ ทธิ์ ในการลงโทษ ตามเงื่ อนไขของบริษั ทฯ  - การสมั ครสมาชิ กต องแนบสํ าเนาบั ตรประจํ าตั วประชาชน หรื อสํ าเนาเอกสารรั บรองจากทางราชการที่ ระบุ ชื่ อนามสกุ ล ของผู สมั ครอย างชั ดเจน และสํ าเนาบั ญชี ธนาคารโดยชื่ อบั ญชี  และชื่ อสมาชิ กต องตรงกั น พร อม ลายเซ็ นรั บรองสํ าเนาถู กต องที่ ตรงกั บใบสมั ครด วยทุ กครั้ ง ใบสมั ครจะต องมี ลายเซ็ นที่ แท จริ งของผู สมั คร มิฉะนั้ นถื อว าใบสมั ครนั้ นเป นโมฆะ  - การสมั ครสมาชิ กต องแจ งชื่อ-นามสกุล และรหั สสมาชิก ของผู แนะนํา และอั ฟไลนดวยทุกครั้ง  - กรอกรายละเอียดของการสมัครใหชั ดเจน และครบถ วน โดยเฉพาะหมายเลขโทรศั พทมือถือ บัญชี ธนาคาร สาขา เลขที่บัญชี  โดยชื่ อบั ญชี และชื่ อสมาชิ กต องถู กต องตรงกัน  - เมื่ อผู สมั ครเป นสมาชิ กสภาพโดยสมบู รณแลว ผู สมั ครไม สามารถเปลี่ ยนผู แนะนํา และอั พไลน ได - กรณี สมาชิ กยายที่ อยู ใหม หรือเปลี่ ยนเบอรโทรศั พทมือถือ สมาชิ กต องแจ งให แผนกทะเบี ยนทราบภายใน 7 วัน - ในกรณี ที่ ผู สมั ครไม สามารถมาสมั ครสมาชิ กด วยตนเอง ผู สมั ครสามารถส งเอกสารการสมั คร พร อมสํ าเนา เอกสารประกอบการสมั ครสมาชิก เซ็ นชื่ อรั บรองสํ าเนาถู กต อง ส งกลั บมาที่ บริ ษั ทฯ พร อมชํ าระค าสมั ครสมาชิ ก ให ครบถ วน จึ งถื อไดว าใบสมั ครนั้ นถู กต องในการสมั ครสมาชิก  ไม ขายตั ดราคา  - สมาชิ กหรื อผูจํ าหน ายอิ สระต องจํ าหน ายสิ นค าตามราคาที่ บริษั ทฯ กํ าหนดไว อย างเคร งครัด  การขายตั ดราคาจะ ลดผลกํ าไรที่คุณควรจะได  อีกทั้ งยั งส งผลกระทั บต อผูร วมธุ รกิจ และทําให เกิ ดการสับสนต อวงจรธุ รกิ จอี กดวย  ไมพูดเกิ นความจริ งถึ งประสิ ทธิ ภาพของผลิ ตภั ณฑ  -   ใหขอมู ลที่ เกี่ ยวกั บผลิ ตภั ณฑ ตามความเป นจริ งและเชื่ อถื อได  พร อมทั้ งนํ าเสนอ และสาธิ ตผลิ ตภั ณฑ   ตามวิ ธี การ ที่ได รั บรองจากทางบริ ษั ทฯ อย างถู กต อง ต องกล าวถึ งลั กษณะและคุ ณประโยชน ของผลิ ตภั ณฑ ตามที่ ระบุ ไว ใน เอกสารสิ่ งพิ มพ  หรื อข อความที่ ระบุ ไว ข างกล อง หรื อภาชนะที่ บรรจุ ผลิ ตภั ณฑ    และเหนื อสิ่ งอื่ นใด  การ กล าวถึ งผลิ ตภั ณฑ จากประสบการณ ของตั วคุ ณเองจะทํ าใหลู กค าเชื่ อถือ และ ได ผลดีที่สุด  อย าอาศั ยเครื อข ายของสมาชิ กเป นแหล งขายผลิ ตภั ณฑอื่นๆ ที่ไม ใช ผลิ ตภั ณฑ ของทางบริษัท  - บริษั ทฯ สมาชิ กหรื อผูจํ าหนายอิ สระจะดํ ารงสถานภาพในฐานะหุ นสวนทางธุ รกิจ ดังนั้ นสมาชิ กหรื อผูจํ าหน าย  อิ สระจะต องไมช วงชิง หรื อตั กตวกผลประโยชน  จากความรู หรื อการติ ดต อสั มพั นธกั บผูจํ าหน ายอิสระรายอื่ นๆ ในการจํ าหน ายผลิ ตภั ณฑ ของบริษั ทอื่ นโดยเด็ ดขาด  อย าพยายามเปลี่ ยนหรื อชั กชวนผูอื่นให เปลี่ ยนที มงาน  - บริษั ทฯ ไม อนุ ญาตใหมีการโอนเปลี่ ยนสถานภาพการเป นสมาชิก หรือผูจํ าหน ายอิ สระจากที มงานหนึ่ง ไปสูอีก  ทีมงานหนึ่ง เพราะการกระทํ าเช นนั้ นจะนํ าไปสู ความขัดแยง และเปนผลเสี ยต อประโยชน ทางธุ รกิจ และสมาชิก หรื อผูจํ าหน ายอิ สระรายอื่ นๆ  สมาชิ กหรื อผูจํ าหน ายอิสระควรประพฤติ ให เหมาะสม และไมละเมิ ดจรรยาบรรณ ดังนี้  - มีความซื่ อสั ตยสุ จริ ตต อลู กคา บริษั ทฯ และเพื่ อนร วมอาชีพ  - ไมทําใหลู กคา บริษั ทฯ และเพื่ อนร วมอาชีพเสี ยผลประโยชน   - ไม กล าวร าย ทับถม หรื อพู ดในแง ลบต อบริษั ทฯ และเพื่ อนร วมงาน อั นก อให เกิ ดการเสี ยกํ าลั งใจ หรื อแตกความ สามั คคี  - ไม ลด หรื อเสนอที่ จะลดผลประโยชน เพื่ อจู งใจลู กคา  - ให ความรวมมือกั บทางบริษัทฯเป นอย างดี    การโอนสิ ทธิ์การเปนสมาชิก หรื อผูจํ าหน ายอิ สระ  - บริษั ทฯ ไม อนุ ญาตใหมีการโอนสิ ทธิ์ การเป นสมาชิก หรื อผูจํ าหน ายอิสระ  สมาชิก หรื อผูจํ าหน ายอิ สระมีสิทธิ ไดรั บผลประโยชน จากแผนการตลาดที่ บริษั ทกํ าหนดไวตามเงื่ อนไข ทุ กประการ บริษั ทฯขอสงวนไวซึ่ งสิ ทธิ ในการเปลี่ยนแปลงแก ไขผลประโยชน ไดๆ โดยจะต องไดรับความเห็ นชอบตามมติ ของ คณะกรรมการที่ บริษั ทฯจั ดตั้ งขึ้น  การสิ้ นสภาพการเป นสมาชิก หรื อผูนํ าอิ สระ  - ถู กเพิ กถอน หรื อถู กปลดจากการเป นสมาชิก หรื อผูจํ าหนายอิ สระ โดยมติ ของคณะกรรมการที่ บริษั ทฯจั ดตั้ งขึ้น - ลาออกจากการเป นสมาชิก หรื อผูจํ าหน ายอิ สระ  การลาออกจากสายงาน  -      สมาชิ ก หรื อผู จํ าหน ายอิ สระ หากประสงค จะหยุ ดทํ าสายงานสามารถยื่ นใบลาออก หรื อยกเลิ กการทํ าสายงาน    ต อบริ ษั ทฯ ติ ดต อกั นเป นระยะเวลา 6 เดื อน นั บจากวั นที่ ยื่ นใบลาออกจากการเป นสมาชิ ก หรื อลาออกจากการ เป นผูจํ าหน ายอิ สระ  การเสี ยชีวิต  - ในกรณี ที่สมาชิ กเสี ยชี วิ ต บริ ษั ทฯ จะทํ าการโอนสิ ทธิ ให กั บผู รั บพิ นั ยกรรมหรื อผู รั บมรดกตามที่ ระบุ ไว ในใบ สมั คร ทั้งนี้ ผู รั บพิ นั ยกรรมจะดํ ารงสถานภาพอยู ในตํ าแหน งเดิ ม และได รั บสิ ทธิ ประโยชน เช นเดี ยวกั บผู เสี ยชี วิ ต ทุกประการ อย างไรก็ ตามหากสมาชิ กที่ เสี ยชี วิ ตไม ได ทํ าพิ นั ยกรรม บริ ษั ทฯจะโอนสิ ทธิ ให ทายาทตามคํ า พิพากษาของศาล  การเพิ กถอนสถานภาพการเป นสมาชิก หรื อผูจํ าหน ายอิ สระ  - บริ ษั ทฯ จะยื่ นหนั งสื อต อสมาชิ ก หรื อผู จํ าหน ายอิ สระ เพื่ อเป นการเพิ กถอนสภาพการเป นสมาชิ ก หากเกิ ดกรณี ใดกรณี หนึ่ งหรื อมากกวา ดั งนี้    1. สมาชิก หรื อผูจํ าหน ายอิ สระใหขอมู ลไม ตรงกั บความเปนจริ งในใบสมั ครของตนเอง 2. กรณี ที่สมาชิ ก หรื อผู จํ าหน ายอิ สระแสดงข อมู ลเกี่ ยวกั บ บริ ษั ทฯ ผลิ ตภั ณฑ  หรื อแผนธุ รกิ จอย างบิ ดเบื อน ร ายแรง ไม อาจแก ไขไดดวยบทลงโทษอื่ นๆ  3. กรณี ที่สมาชิ ก หรื อผู จํ าหน ายอิ สระฝ าฝ นกฏข อใดข อหนึ่ ง และไม สามารถแ ก ไขสิ่ งที่ ฝ าฝ นกฎนั้ นได  นั บ จากวั นที่ ได รั บหนั งสื อจากบริ ษั ทฯ โดยระบุ ให ปฏิ บัติ ตามหนั งสื อนั้ น หรื อจากการเรี ยกมาตั กเตื อนจาก บริษั ทฯ  การกระทํ าของสมาชิก หรื อผูจํ าหน ายอิ สระที่จะนํ าไปสู การลงโทษของบริษั ทฯ  - สมาชิก หรื อผูจํ าหน ายอิ สระ ฝ าฝ นกฏระเบี ยบ และข อปฏิบัติ  - สมาชิก หรื อผูจํ าหน ายอิ สระ ได กระทํ าเป นที่ เสื่อมเสียต อบริษั ทฯ ต อผลิ ตภั ณฑ  ต อเพื่อนร วมอาชีพ - สมาชิก หรื อผูจํ าหน ายอิ สระ ได กระทํ าใหบริษั ทฯ ไดรั บความเสี ยหายในการประกอบกิ จการของบริษั ทฯ - สมาชิก หรื อผูจํ าหน ายอิ สระ ได แจง หรื อแสดงข อมู ลเกี่ ยวกั บบริษั ทฯ ผลิ ตภั ณฑ  ไมตรงกั บข อเท็ จจริง  มาตรการลงโทษ   ขั้นที่  1 ว ากล าวตั กเตื อน  ขั้นที่  2 ตั กเตื อนเป นหนั งสือ  ขั้นที่  3 ตั ดการรั บคอมมิ ชชั่ นติ ดต อกัน 4  งวด  ขั้นที่  4 ถู กปลดจากการเป นสมาชิก  การปลดจากการเป นสมาชิก  - บริ ษั ทฯ ขอสงวนสิ ทธิ์ ที่จะปลดสมาชิ ก หรื อผู จํ าหน ายอิ สระผู ใดผู หนึ่ งตามที่ บริ ษั ทฯ เห็ นสมควร เมื่ อบริ ษั ทฯ พิสู จน ได  หรื อมี เหตุ อั นควรเชื่ อได ว ามี พฤติ กรรมที่ จะนํ าไปสู การลงโทษของบริ ษั ทฯ ในข างต น สมาชิ กผู จํ าหน ายอิ สระที่ถู กปลดออกจะไดรั บหนั งสื อแจงจากบริษั ทฯ ไปยั งที่ อยูล าสุ ดที่ ได แจ งไวกั บทางบริษั ทฯ  - การลงโทษตามขั้ นตน ทางบริษั ทฯ ได เลื อกลงโทษโดยวิธี ใดก ได ตามที่เห็ นแก สมควร   นโยบายการเปลี่ ยน/คืนสินคา    1. บริษั ทฯ รั บคื นสิ นค าที่ อยูในสภาพปกติ  หรื อกรณีที่เกิดการแพ  เนื่ องจากการใชสิ นค านั้ นๆ โดยจะต องอยู ในระยะ      เวลา 7 วัน นั บจากวั นที่ซื้อสิ นคา  2. ในกรณีสิ นค ามีการเก็ บรักษาไมถู กวิธี  และเกิดความเสี ยหาย บริษั ทฯ ขอสงวนสิ ทธิ์ ในการเปลี่ ยนคื นสิ นคา   

ADOXY ကုမ္ပဏီသို့သွားရောက်လေ့လာခြင်း

 ဘန်ကောက်မြို့ ADOXY ကုမ္ပဏီ ကို ၁၂၊ ၄၊ ၂၀၁၂ နေ့က သွားရောက်လေ့လာခဲ့ပါတယ်။
ဒီကုမ္ပဏီမှာ မြန်မာပြည်မှ ဒကဒကာများကိုလည်းတွေ့ခဲ့ပါတယ်။ ဦးဇင်းကလည်း ထိုင်းဒကာမကြီးတစ်ယောက်ရဲ့ဖတ်ကြားချက်အရသွားရောက်ခဲ့တာပါ။ အဓိကလုပ်ဆောင်ချက်ကတော့
ရောဂါတွေနဲ့ပတ်သက်ပြီးဖြစ်ပါတယ်။ ဆေးရုံက လက်မခံဘဲပြန်လွှတ်လိုက်တဲ့လူနာတွေရဲ့ရောဂါတွေကိုကုသပေးနိုင်တယ်လို့ပြောကြပါတယ်။ လူနာတွေရဲ့ရောဂါတွေပျောက်သွားနိုင်သလို ဒီကုမ္ပဏီမှာလုပ်ဆောင်ပေးနေတဲ့သူတွေလည်းတော်တော်များများအကျိုးခံစားရတာတွေကိုလည်းတွေ့ခဲ့ရပါတယ်။
ဝန်ဆောင်မှုတခုအဖြစ်လျှောက်ထားချင်တဲ့သူတွေလည်း ဝင်ကျေးကလည်းမများဘူး၊ ဘတ်တစ်ရာ(၁၀၀)ဖြစ်ပြီး မိမိဝန်ဆောင်မှု့ ဆေးတွေကိုဖြန့်ပေးခြင်းဖြင့်လစာကောင်းကောင်းလည်းရရှိပါတယ်။ မိမိတို့စိတ်ဝင်စားသူတိုင်းလည်း ဘာဘွဲ့လက်မှ မလိုဘဲ၊ စီးပွားရေးတခုအနေနဲ့လုပ်လို့ရပါတယ်။ အကြောင်းအစုံအားလုံးကိုတဆင့်ပြီးတဆင့်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ဒီကုမ္ပမှာ မြန်မာပြည်သူတွေအတွက် အရမ်းကိုသင့်တော်တယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံကစက်ရုံတွေ၊ စားသောက်ဆိုင်တွေမှာ တနေ့ကို ဘတ် (၃၀၀)ပဲရပါတယ်။ အလုပ်ကိုလည်းပင်ပင်ပန်းပန်းလုပ်ရတာတွေကိုတွေ့ရပါတယ်။ အလုပ်ကောင်းတခုအနေနဲ့ မပင်မပန်းငွေရဖို့ကိုလည်း ထိုင်းနိုင်ငံကမြန်မာပြည်သူတွေအနေနဲ့အကြံပေးလိုက်တာပါ။
ရောဂါရှိသူတွေအတွက်လည်းဒီကုမ္ပဏီကထုတ်တဲ့ ဆေးတွေနဲ့ပျောက်ကင်းနိုင်ပါတယ်။
အားလုံးကျန်းမာကြပါစေ
......................................
ဦးသုစိတ္တ ( ခေတ္တ.....ဘန်ကောက်မြို့)

การโฆษณาผลิตภัณฑ์เสริมอาหาร Adoxy

   วันที่ 20 ตุลาคม 2552

เรื่อง           การโฆษณาผลิตภัณฑ์เสริมอาหาร Adoxy

เรียน          สมาชิกบริษัท วินเนอร์ ไวด์ เวิร์ล จำกัด

                  บริษัทฯ ขอชี้แจ้งเรื่องการใช้สื่อโฆษณาเกี่ยวกับ ผลิตภัณฑ์เสริมอาหาร Adoxy ที่ มีสมาชิกได้ดำเนินการอยู่ในปัจจุบัน หากมีการโฆษณาเกินความเป็นจริงและไม่ตรงตามที่ได้รับการอนุญาตจากสำนักงาน คณะกรรมการอาหารและยา และผิดพระราชบัญญัติ (พ.ร.บ.) อาหาร พ.ศ. 2522 นั้น บริษัทฯ ขอตักเตือนเพื่อให้สมาชิกแก้ไขปรับปรุงการใช้ถ้อยคำโฆษณาในสื่อต่างๆให้ถูก ต้องตามที่ได้รับอนุญาตจากสำนักงานคณะกรรมการอาหารและยาโดยด่วนที่สุด

                  อนึ่งบริษัทฯ ขอย้ำและทำความเข้าใจเกี่ยวกับผลิตภัณฑ์อาหารเสริม  Adoxyดังต่อไปนี้

1.      ผลิตภัณฑ์ Adoxy เป็นผลิตภัณฑ์เสริมอาหาร ไม่ใช้ ยา
2.      บริษัทฯ ไม่อนุญาตให้สมาชิกโฆษณาผลิตภัณฑ์ Adoxy โดยใช้ถ้อยคำในเชิงการรักษา บำบัด ทำให้หายจากโรคต่างๆ หรือมีผลในทางการแพทย์

จึงเรียนมาเพื่อทราบและปฏิบัติตาม
                                                             
                           เพิ่มพร  ตุทานนท์                                            ศรัณย์  คงอุไร
                        ที่ปรึกษาฝ่ายกฎหมาย                                      กรรมการผู้จัดการ

Monday, April 2, 2012

ရခိုင်အလုပ်သမား နှစ်ယောက် ရောင်းစားခံရ

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာမှ မောင်အောင်မြင့်နိုင် နှင့် မောင်ဘိုသူမင်း တို့ကို မတ်လ ၈ ရက် ထိုင်းနိုင်ငံ စမူစကွင်(ခေါင်တိုင်) ဇလီချိုင်ဆိပ်ကမ်းတွင် ယောက်ကချာ ကိုလင်းက ငါးဖမ်းလှေမှာ ရောင်းစားထားကြောင်း သတင်းရရှိသည်။
မောင်အောင်မြင့်နိုင်နှင့် မောင်ဘိုသူမင်း တို့သည် ရခိုင်ပြည်နယ်မှ မြန်မာနိုင်ပြည်အနှံ့ သွားရောက်လုပ်ကိုင်ပြီး နောက်ဆုံး ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်ရာ ရောင်းစားခံထားရကြောင်း သိရှိရသည်။ မောင်ဘိုသူမင်းကို မေးမြန်းသောအခါ “  ကိုလင်းက ကျွန်တော်တို့ကို အလုပ်ရမည်ဆိုပြီး ဇလီချိုင်ဆိပ်ကမ်း ကိုခေါ်သွားပါတယ်။ ကျွန်တော်တို့ကို ဇလီချိုင်ဆိပ်ကမ်းမှာ ငါးဖမ်း လှေပိုင်ရှင်တစ်ယောက်တွင် ထားခဲ့ပြီး လှေပိုင်ရှင်ထံမှ ကိုလင်းက ၄၀၀၀(ဘတ်)ကို ယူသွားပြီး ရောင်းစားထားပါတယ် ” ဟု ပြောသွားပါသည်။ ထိုလူငယ်နှစ်ယောက်ကို ကိုလင်းက ငါးဖမ်းလှေပိုင်ရှင် တစ်ယောက်တွင် ရောင်းစားထားသည်ကို သိရသည်။
မောင်အောင်မြင့်နိုင်နှင့် မောင်ဘိုသူမင်းတို့သည် လစာမရရှိဘဲ ဘယ်အချိန်ထိ ငါးဖမ်းလှေတွင် အလုပ်လုပ်ရမည်မသိ ဖြစ်နေသည်။ အလုပ်က အရမ်းပန်ပင်းကြောင်းသိရသည်။ ယခု ငါးဖမ်းလှေတွင် အလုပ်လုပ်ပြီးရင် နောက် ဘယ်သူ့ဆီတွင် ရောင်းစားခံရမှာကို ကြောက်နေကြသည်။
ပွဲစားကိုလင်းက လူတွေကိုလိမ်ခေါ်ပြီး နေရာအနှံ့တွင် ရောင်းစားထားကြောင်း သိရသည်။ မဲဆောက်ကနေ လူတွေကို အလုပ်လုပ်ရန် ဘန်ကောက်ကိုလိမ်ခေါ်ပြီး နေရာအနှံ့တွင် ရောင်းစားထားကြောင်း သိရသည်။ မောင်အောင်မြင့်နှင့် မောင်ဘိုသူမင်းတို့က ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ ကြုံတွေ့နေရသော လူကုန်ကူးမှုကို ပပျောက်အောင် မြန်မာနိုင်ငံမှ ပြည်ပရောက် အဖွဲ့အစည်းများတွင် တောင်းဆိုထားကြောင်း သိရှိရသည်။


............................................
 ရခိုင်သွေး၊ Arakan Times






Wednesday, March 21, 2012

ဒကာဒကာများသို့အသိပေးနှိုးဆော်ခြင်း

သာသနာ့နွယ်ဝင် ဓမ္မမိတ်ဆွေသူတော်ကောင်းဒကာ ဒကာမများတို့……………..
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ စိုက်ပျိုးဇုန် ဗုဒ္ဓကျေးဇူးကျောင်းတော်သစ်ကို သာသနာအကျိုး ဒကာဒကာမများအကျိုးများကိုရည်သန်ကာ ဆောက်လုပ်လျက်ရှိနေပါသည်။ ထိုကျောင်းခြံဝန်းမှာ ဧက (၁၅၀) ကျော်ရှိပါသည်။ ကျောင်းထိုင်ဆရာတော် ဦးကဝိပီယသည် ပြည်တွင်းပြည်ပနှစ်ဌာနတွင် သာသနာပြုလုပ်ငန်းများကို ထမ်းဆောင်လျက်ရှိပါသည်။ ယခုအချိန်တွင် ကျောင်းတော်သစ်ကိုတည်ဆောက်ရာတွင် ကျောင်းမကြီးတစ်ဆောင်သာ ကြိုးစားကာ အလုပ်သမားများဆောက်လုပ်လျက်ရှိနေပါသည်။ ဗုဒ္ဓကျေးဇူးကျောင်းတော်သည် သံဃာနာယကများခွင့်ပြုချက်ရလျက် တရားဝင်ကျောင်းတော်သစ်လည်းဖြစ်ပါသည်။ ထိုကျောင်းတော်တွင် သံဃာတော်အပါးရေ အားဖြင့် ၅ ပါးရှိပါသည်။ ကျောင်းတိုက်ရှိသံဃာတော်များသည် ကျောင်းတိုက်၏စည်းကမ်းနှင့်အညီ မနက်စောစော ခြေကျင်ဆွမ်းခံကြွခြင်း မြတ်ဘုရားစာပေးများကိုလည်း တတ်နိုင်စွမ်းသမျှ လေ့လာလျက်ရှိပါသည်။ ကျောင်းတိုက်အနီးနားတဝိုက်တွင် ရွာသူရွာသားများလည်း လယ်ယာလုပ်ငန်းများလုပ်ကိုင်လျှက်ရှိပါသည်။
ယခုအခါတွင် ဗုဒ္ဓကျေးဇူးကျောင်းတိုက်၊မြဝတီမြို့၊ ရပ်ကွက် ရပ်ရွာများမှ ကလေးသူငယ်များကို သံဃာတော်များအနေဖြင့် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ အခြေခံအင်္ဂလိပ်စာနှင့်ကွန်ပြူတာများကို လက်လှမ်းမှီသလောက် အခမဲ့ပညာသင်ကြားမည့်အစီစဉ်လည်းရှိနေပါသည်။ သို့ပါသောကြောင့် ဤဗုဒ္ဓကျေးဇူးကျောင်းတိုက်တွင် သာသနာပြုလုပ်ငန်းများဆက်လက်၍အကောင်တည်ဖော်၊တိုးတက်နိုင်ရန်၊ရပ်နီးရပ်ဝေးဒကာဒကာများအနေဖြင့် မိမိတို့တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီ သယ်ပိုးဆောင်ရွက်နိုင်ရန် ကောင်းသော အကျိုးတရားများကို ရည်စူး၍ နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။
အားလုံးကျန်းမာလို့ချမ်းသာ လိုရာတွေပြည့်စုံကာ ဘဝနဲ့ဆန္ဒတထပ်တည်းကျနိုင်ကြပါစေလို့
မေတ္တာများပို့သလျက် ...............!
ဦးသုစိတ္တ ( မဟာချူလာတက္ကသိုလ်-ချင်းမိုင်)
မိမိတို့ဆက်သွယ်ထောက်ပံ့ချင်ပါက အောက်ပါလိပ်စာကိုဆက်နိုင်ရန်ဖြစ်ပါသည်။
ဆရာတော် ဦးကဝိပီယ
ဗုဒ္ဓကျေးဇူးကျောင်း
အမှတ်(၅) ရပ်ကွက်
စိုက်ပျိုးရေးဇုန်
မြဝတီမြို့၊ ကရင်ပြည်နယ်
ဖုန်း (66) 0896849690
Email: koraja09@gmail.com

Tuesday, March 13, 2012

ယေးလ်တက္ကသိုလ်က အခမဲ့ အွန်လိုင်း သင်တန်းများ ဖွင့်လှစ်

အခမဲ့ အွန်လိုင်း သင်တန်း ၁၀ မျိုးကို နာမည်ကျော် ယေးလ် တက္ကသိုလ်ကြီးက ဖွင့်လှစ်လိုက်သည်။ မြန်မာအပါအ၀င် တကမ္ဘာလုံးမှ အင်တာနက်ကွန်ယက် ဆက်သွယ်ထားရှိသည့် နေရာတိုင်းတွင် ဤသင်တန်းများကို တက်ရောက် လေ့လာ နိုင်ကြမည် ဖြစ်သည်။

အမေရိကန်ပြီးလျှင် ဤသင်တန်းများသို့ တရုတ်၊ ယူကေ၊ ကနေဒါ၊ တောင်ကိုးရီးယား၊ ဂျာမဏီ၊ ဘရားဇီး၊ အိန္ဒိယနှင့် သြစေတြးလျတို့မှ ကျောင်းသားများ ၀င်ရောက် လေ့လာလျက်ရှိကြသည်။

အခမဲ့ သင်တန်း ၁၀ မျိုးမှာ ဘဏ္ဍာငွေကြေး သီအိုရီမှသည် ဒွန်ကီအုတ်အထိ၊ သဘာဝပတ်ဝန်းကျင် နိုင်ငံရေးမှသည် ဥပဒေနှင့် ကောင်းကင်ဘုံသစ် အထိ မျိုးစုံစွာ ပါဝင်ကြောင်း ကွန်နတ်တီကတ်အခြေစိုက် တက္ကသိုလ်က ကြေညာလိုက်သည်။

ယေးလ်ကောလိပ်ကျောင်းသားများကို သင်ကြား ပို့ချခဲ့သည့် ဗီဒီယိုမှတ်တမ်း တစ်ခွေလုံးစီကို သင်တန်းတိုင်းတွင် ကြည့်ရှု လေ့လာနိုင်ကြမည်ဖြစ်သည်။ ထင်ရှားသော ယေးလ်ပါမောက္ခများ၏ သင်ကြားချက်များလည်း ဖြစ်သည်။ ဤသင်တန်းများကို http://oyc.yale.edu ဆိုဒ်တွင် ၀င်ရောက် လေ့လာနိုင်ကြသည်။

အရည်အသွေး ကောင်းမွန်စွာ ရိုက်ကူးထားသည့် ပညာရေး ဗီဒီယိုများ၊ အသံဖိုင်များဖြင့် သင်တန်းများကို အွန်လိုင်း တက်ရောက် လေ့လာနိုင်ပါမည်။ အမှန်တကယ် ယေးလ် စာသင်ခန်းများထဲ ၀င်ရောက် သွားသည့်အတိုင်း ခံစား လေ့လာနိုင်မည်ဟုလည်း ဆို၏။

သင်တန်းတိုင်းအတွက် အညွှန်းများကို ထားရှိပြီး ပုံနှိပ်ရန် ဖိုင်များ၊ သင်ရိုးမာတိကာများ၊ စာဖတ်ရန် ကဏ္ဍများ၊ ပြဿနာ ပုစ္ဆာများနှင့် အခြားသော သင်ထောက်ကူများကို ရှာဖွေနိုင်မည်ဖြစ်သည်။

မိမိအားလပ်သည့်အချိန်တွင် ကြည့်ရှုလေ့လာရန်အတွက် စိတ်ဝင်စားသည့် ပညာရပ်ဆိုင်ရာ ဗီဒီယိုဖိုင်၊ အသံဖိုင်တို့ကိုလည်း မိမိ၏ကွန်ပျူတာထဲတွင် ဒေါင်းလုပ်ယူ၊ သိမ်းဆည်းထားနိုင်ပါသည်။

အိုင်ဖုန်းနှင့် အိုင်ပက်တို့အတွက်လည်း သီးသန့်ကဏ္ဍ ထားရှိပြီး ခရီးထွက်ရင်း လမ်းပေါ်တွင်လည်း အင်တာနက်မှတဆင့် သင်ယူလေ့လာနိုင်သေးသည်။

သင်တန်း တက်ရောက်ခွင့်အတွက် မှတ်ပုံတင်ရန် မလိုအပ်ဟု သိရသည်။ တက္ကသိုလ်က ရမှတ်နှင့် အောင်လက်မှတ် ထုတ်ပေးမည် မဟုတ်သလို ပါမောက္ခများနှင့်လည်း ဆက်သွယ် ပြောဆိုခွင့်တော့ မရှိပါ။

ဒီဇင်ဘာ ၂၀၀၇ ခုနှစ်က စတင်ခဲ့ရာတွင် ယနေ့အချိန်အထိ အွန်လိုင်း ကျောင်းသား ၃ သန်းကျော် လေ့လာခဲ့ကြသည်။ ၂၀၀၉ ဧပြီလမှစပြီး ယနေ့အထိ ဖတ်ရှုသည့် စာမျက်နှာပေါင်း ၂၆ သန်း ကျော်ရှိသည်။

ယေးလ် ယူကျူ့ YouTubeနှင့် အဲပဲလ် အိုင်ကျွန်း iTunes ချန်နယ်များမှလည်း ၀င်ရောက်လေ့လာနိုင်ကြသည်။

လိပ်စာများမှာ

http://oyc.yale.edu

http://www.youtube.com/yalecourses

http://itunes.yale.edu

လူ ၁၅ သန်းကျော်ခန့် ဤယေးလ်ချန်နယ်များမှတဆင့် ပညာဆည်းပူးနေကြောင်း သိရသည်။

“တကမ္ဘာလုံးက ပြည်သူတွေဟာ ယေးလ်အွန်လိုင်းသင်တန်းကို အခမဲ့ ၀င်ရောက်လေ့လာနိုင်ကြတဲ့အတွက် ကျွန်တော်တို့ အင်မတန် ၀မ်းသာပီတိဖြစ်ရပါတယ်။” တက္ကသိုလ် ဥက္ကဌဖြစ်သူ ရစ်ချဒ်စီလဲဗင်က ဆိုသည်။

“ဒီနေ့ ထုတ်လွှင့်မယ့် သင်တန်းအသစ်တွေမှာတော့ နောက်ဆုံးနည်းပညာကို အပြည့်အ၀ အသုံးချထားပါတယ်။ တက္ကသိုလ်ရဲ့ အထင်ကရဌာနကြီးတွေရဲ့ သင်ကြားမှုတွေကို လေ့လာချင်ကြတဲ့သူတွေဆီ ရောက်နိုင်ဖို့ပါ။”
Source: Yale University
မောက္ခနိုင်ငံတကာ ပညာရေးသတင်း
...........................................
http://mmsacm.blogspot.com/2011/04/blog-post_2886.html

မာဒီစီးဘန့်ဇ် ကိုယ်ပျောက် မော်တော်ယာဉ်လာပြီ

ကားတစ်စီးလုံး ရှိမှန်း မသိရအောင် ကိုယ်ယောင် ဖျောက်နိုင်တဲ့ ကိုယ်ပျောက်ကားကို ဂျာမနီသိပ္ပံပညာရှင်တွေက တီထွင်လိုက်ပြီလို့ သိရပါတယ်။ အဆိုပါ ကိုယ်ပျောက်ကားဟာ
ကိုယ်ထည်ကြီး တစ်ခုလုံး ပျောက်တဲ့အထိ ကားရဲ့ တစ်ဖက်မှာ ရှိတဲ့ အရာတွေကို အတိုင်းသား တွင်းဖောက် မြင်နေရပါတယ်။ ဒီ့အတွက် သိပ္ပံ ပညာရှင်တွေဟာ LED မီးသီးတွေ တွဲဆက်ထားတဲ့ LED ပြားတွေကို Mercedes-Benz F-CELL ရဲ့ ယာဉ်မောင်း ဘက်ခြမ်းမှာ ဖုံးအုပ်ထားပြီး ကျန်တစ်ခြမ်းမှာတော့ ဒီဂျစ်တယ် SLR ကင်မရာကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။
ကင်မရာက သူနဲ့ကပ်လျက် အခြမ်းက ရှုခင်း မြင်ကွင်းတွေကို ဗီဒီယို ရိုက်ယူပြီး ယာဉ်မောင်း ဘက်ခြမ်းက LED ပြားတွေပေါ်မှာ အချိန်နဲ့တပြေးညီ ပြပေးတာ ဖြစ် တယ်လို့ သိရပါတယ်။ ဒီ ကိုယ်ပျောက်ကားကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဗီဒီယိုကို ယူကျုဘ် ၀က်ဘ်ဆိုက်မှာ ၀င်ရောက် ကြည့်ရှုသူ အမြောက်အမြား ရှိနေပြီး အကောင်း ၊ အဆိုး ဝေဖန် နေကြတယ်လို့ သိရပါတယ်။

Monday, March 5, 2012

တရားပွဲ ဖိတ်ကြားလွှာ

ရွှေဆံပင်တံတားလမ်း အကျိုးတော်ဆောင် ဆရာတော် အရှင် ဝေပုလ္လ(သာသန ဓဇ ဓမ္မာစရိယ - ဥဘတောဝိ ဘင်္ဂဓရ)၏ တရားပွဲ

ဓမ္မမိတ်ဆွေအပေါင်းတို့………….. လမ်းတံတားပြုပြင်ထိန်းသိမ်းရေး အကျိုးတော်ဆောင်ဆရာတော် အရှင်ဝေပုလ္လမှ၏ တရားပွဲကို စင်ကာပူနိုင်ငံတွင် အောက်ပါ အစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။

နေ့ရက်။ ။ ၁၈ မတ်လ ၂၀၁၂ ( တနင်္ဂနွေနေ့ )
အချိန်။ ။ ညနေ ၇း၀၀နာရီမှ ၉:၀၀ နာရီ တရားပွဲ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
အောက်ပါ website များမှ ရုပ်သံတိုက်ရိုက် ထုတ်လွှင့်ပေးပါမည်။ http://www.dhammadownload.com/live1.htm

ဆက်သွယ်ရန်ဖုန်းနံပါတ်များ
မခိုင်ခိုင်ဝင်း (၉၁၈၇၃၅၅၈)
မဆွေမာဦး (၉၈၈၆၀၄၂၅)
မောင်မြမင်းစိန် (၉၀၀၉၁၀၄၇)
ကိုမြင့်စိုး (၉၈၁၈၆၄၄၇)
မမြဆွေဦး (၉၃၄၉၃၈၇၉) Type the rest of your post here.

မဟာချူလာတက္ကသိုလ်တွင် (B.A)တက်လိုသူများအတွက်

Published : 9:17 AM
မဟာချူလာတက္ကသိုလ်တွင် (B.A)တက်လိုသူများအတွက်
မဟာချူလာတက္ကသိုလ် Bachelor of Art in Buddhism (B.A)တန်းတွင် တက်ရောက်ပညာသင်ကြားလိုသော မြန်မာရဟန်းတော်၊ သာမဏေ၊ သီလရှင်များအနေဖြင့် မြန်မာနိုင်ငံသာသနာရေးဌာနမှ ကျင်းပသောစာမေးပွဲများတွင် အောက်ထစ်ဆုံး ပဋ္ဌမကြီးတန်းအဆင့် အောင်မြင်ရမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာလည်း ရေးနိုင်၊ ဖတ်နိုင်၊ ပြောနိုင်ရပေမည်။ လူပုဂ္ဂိုလ်များလည်းတက်ရောက်နိုင်ပြီး၊ လူပုဂ္ဂိုလ်များအနေဖြင့် မြန်မာနိုင်ငံအထက်တန်းစာမေးပွဲ(ဆယ်တန်း) အောင်မြင်ရမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာလည်း အထက်ဖော်ပြပါအတိုင်းပြည့်စုံရမည်။ ရဟန်း၊သာမဏေ၊သီလရှင်များလည်း အထက်တန်းအောင်လက်မှတ်ဖြင့် လျှောက်ထားနိုင်သလို၊ လူပုဂ္ဂိုလ်များလည်း ပဋ္ဌမကြီးတန်းအောင်မြင်လျှင် လျှောက်ထားနိုင်ပါသည်။ နှစ်စဉ်ကျောင်းခေါ်ချိန်များမှာ (မတ်လ) မှ (မေလ)ထိဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို နှစ်ရက်ဖြေဆိုရပါမည်။ ပထမအကြိမ်တွင် Buddhism, English Composition & Grammer တို့ကိုရေးဖြေ ဖြေဆိုရမည်ဖြစ်ပြီး၊ ၄င်းရေးဖြေအောင်မြင်လျှင်၊ ဒုတိယအကြိမ် General Knowledge Interview နုတ်ဖြေ ဖြေဆိုရမည်ဖြစ်ပါသည်။ ရေးဖြေမအောင်မြင်လျှင် အင်တာဗျူးဖြေဆိုခွင့်မရှိပါ၊ ဝင်ခွင့်အောင်မြင်လျှင် Semesterအားဖြင့်(8)ခု၊ နှစ်အားဖြင့် (4)နှစ်တက်ရောက်ရမည်ဖြစ်သည်။ ကျောင်းစရိတ်အနေဖြင့် Semesterတစ်ခုလျှင် ဘတ်ငွေ(5000နှင့်6000)ဝန်းကျင်ရှိပါသည်။ တက္ကသိုလ်၏မူလတည်နေရာသည် ဘန်ကောက်မြို့တွင်ဖြစ်သော်လည်း၊ နောက်ပိုင်းတွင် ကျောင်းသားဦးရေ များပြားလာသောကြောင့် အယုဒ္ဓယမြို့အနီး ဝမ်နွိင်တွင် Main Compass တိုးချဲ့ပြောင်းရွှေပြီးဖွင့်လှစ်ထားပါသည်။ ဘန်ကောက်ကိုFerryဖြင့် ကြိုပို့လုပ်ပေးပြီး၊ အဆောင်နေလိုသောကျောင်းသားများအတွက်လည်း အဆောင်များ စီစဉ်ပေးပါသည်။
ကျောင်းလျှောက်ရန် လိုအပ်သောစာရွက်စာတမ်းများ
1)အောင်လက်မှတ်၊
2)အမှတ်စာရင်း၊
3)သာသနာဝင်ကတ်၊
မှတ်ချက်။ အောင်လက်မှတ်၊အမှတ်စာရင်းနှင့်သာသနာဝင်ကတ်များသည် မြန်မာဘာနှင့်ဖြစ်လျှင် Notary ပြန်ဆိုပြီး၊ မူရင်းနှင့်မိတ္တူနှစ်ဆောင်ရှိရမည်။
4)ဆရာသမားတစ်ယောက်ယောက်၏ထောက်ခံစာ(အင်္ဂလိပ်ဘာသာဖြင့်)
5)လိုင်စင်ဓါတ်ပုံ (3)ပုံ၊
2012ခုနှစ်အတွက်ဝင်ခွင့်ကာလနှင့်ဝင်ခွင့်စာမေးပွဲရက်ကိုအောက်တွင် အသေးစိပ်သိရှိနိုင်ပါသည်။

Mahachulalongkornrajavidyalaya University
Bachelor of Arts in Buddhism (English Programme)
Faculty of Buddhism
Open for Application to Both Thai & Foreign Applicants
Quality of Applicants :- Monks / Novices / Lay People who finished the High School / Secondary School
Applications Period
19 May, 2012 - Announcements of Applicants List
21 May, 2012 - Written Exam
23 May, 2012 - Interview
24 May, 2012 - Announcement of Entrance Exam
9-31 May, 2012 - Registration
5 June, 2012 - Begin the 1st Semester

မဟာချူလာတက္ကသိုလ်တွင် (M.A)မာစတာတက်လိုသူများအတွက်

မဟာချူလာတက္ကသိုလ်တွင် (M.A)မာစတာတက်လိုသူများအတွက်
Qualifications for Admission
The applicants are expected to possess the following
qualifications:
1. Hold a B.A./B.Ed./B.Sc./B.Com. degree from any accredited institution inside the country, with a GPA of at least 2.50 out of 4.0except for applicants who have worked continuously for three years after graduation, or any education equivalent to the Bachelor’s Degree; or hold a B.A./B.Ed./B.Sc./B.Com. degree from any foreign accredited institution with a second class, or with education which is equivalent to second class;,

Sunday, March 4, 2012

အနောက်နိုင်ငံသု.ိ သွားချင်နေကြသော မြန်မာမိန်းကလေး များ သတိကြပ်ကြပ် ရှိစေကြရန်

ပြည်ပနိုင်ငံများတွင် ရောက်နေကြသော မြန်မာအမျိုးသား လူလိမ် မြောက်များစွာရှိသည်။ သူတို့သည် အွန်လိုင်းပေါ်မှ တဆင့် မြန်မာမိန်းကလေးများကို ဆက်သွယ်ကာ ချစ်ချင် ကြိုက်ချင်ယောင်ဆောင် လက်ထပ်ပါရစေ အစချီ ခွင့်တောင်းကာ ကြိုက်တတ်သည်။ နိုင်ငံခြားသို့ လက်ထပ်ပြီး ခေါ်တော့မယောင် စပွန်စာ ပေးတော့မယောင် လုပ်တတ်သည်။ ထို့နောက် လူကို လာရောက်တွေ့ဆုံကာ လူကို ယူသည်။ ငွေကို ယူသည်။ အတွင်းပစ္စည်းပါ မချန် ကုန်အောင် သိမ်းပြီး ပြစ်ထားခဲ့တော့သည်။ အလိမ်ခံရသူ အများစုသည် ရှက်၍သော်လည်းကောင်း မည်သူ့ကို တိုင်ရမှန်း မသိ၍သော်လည်းကောင်း ပြင်ပအထိ သတင်းမရောက်လာတတ်ကြပေ။

သင်တွေ့နေသော လူသည် သင့်ကို ချစ်စကား ကြိုက်စကား ပြောနေသောသူသည် လူလိမ် ဟုတ်မဟုတ်ကို အောက်ပါ အချက်များနှင့် ဆန်းစစ်ပါ။

Saturday, March 3, 2012

MCU ChiangMai ကျောင်းသားများ မိတ်ဆက်ပွဲ ကျင်းပမည်


မဟာချူလာတက္ကသိုလ်(ချင်းမိုင်)ဌါနတွင် တက်ရောက်နေကြသော မြန်မာ ရဟန်းကျောင်းသားများ အဖွဲ့ (MMSA) တွင်နောက်ဆုံး စာမေးပွဲရက် March 28 မတိုင်မီ နှုတ်ဆက်ပွဲ (Farewell party) တခု ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြာရေးဌါနကပြောကြားလိုက်ပါတယ်။
ကျောင်းသားအသင်းတွဲဖက် ဘဏ္ဍာထိမ်းတာဝန်ခံ အသျှင်ဒဿနိယကပြောကြားတာကတော့``ဒီပွဲက..ဒီနှစ်နောက်ဆုံးနှစ် ကျောင်းသားတွေ အားလုံး စာမေးပွဲပြီးရင် မြန်မာပြည်ကိုပြန်ကြမယ် ဒါမှမဟုတ် တခြားနေရာတွေကို ဘွဲ့လွန်တက်ဖို့သွားကြဦးမယ်လေ၊ သူတို့တွေအတွက် နှုတ်ဆက်ပွဲ လုပ်ပေးတာပါ`` လို့ပြောကြားလိုက်ပါတယ်။
သူကပဲ ဆက်လက်ပြောကြားရာမှာတော့....ဒီလို နှုတ်ဆက်ပွဲမျိုးကို မနှစ်ကစပြီး ပထမဆုံး ချင်းမိုင်ဌါနခွဲမှ ကျောင်းပြီးခဲ့တဲ့ ကျောင်းသားများအတွက် အသင်းဝင်များမှ စတင်ပြု လုပ်ခဲ့တာဖြစ်ပြီး၊ နောင်နှစ်တွေမှာလဲ ဂုဏ်ပြုချီးမြင့်ပွဲစဉ်များကို အဆက်မပြတ်ပြုလုပ်သွားဖို့ အစီစဉ်ရှိကြောင်း၊
ပထမနှစ်က ထက်ပိုကောင်းအောင် လုပ်ဖို့အစီစဉ်ရှိကြောင်းလဲ သူကဆိုပါတယ်။ ပထမနှစ်ကတော့ စာမေးပွဲ ဖြေနေတုန်းကာလမှာမှ သတိရကြတာဖြစ်ပြီး ကျောင်းသားများးကလဲ တစ်ပါးတည်းသာဖြစ်၍ ထူးထူးခြားခြားလဲ မလုပ်နိုင်ခဲ့ကြောင်း၊ ဒီနှစ် လုပ်တဲ့ အခါကျောင်းပြီးမဲ့ ကျောင်းသား(၄)ပါးရှိပြီး ယခင်ကထက်ပိုကောင်းတဲ့ ပုံစံဖြင့်လုပ်ဆောင်ရန် ဆန္ဒရှိနေကြကြောင်းသိရသည်။
နှုတ်ဆက်ပွဲပုံစံမှာ နောက်ဆုံးနှစ်ကျောင်းသားများအားကျောင်းသားအဖွဲ MMSA မှ ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ခြင်း၊ ဆုတောင်းပေးခြင်း၊ အပြန်အလှန် ၀န်ချတောင်းပန်စကားဆိုခြင်း၊ လက်ဆောင်များပေးအပ်ခြင်းနှင့် နှုတ်ဆက်မိတ်ဆုံစားပွဲများပြုလုပ်မည်ဖြစ်သည်။ နောက်နှစ်တွင်းလည်း မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့မှ ဘွဲ့ရသံဃာအများအပြားရှိမည်ဖြစ်ကြောင့် သိရသည်။ ယ္ခု ချင်းမိုင်ရောက် မြန်မာကျောင်းသားရဟန်းတော်များကို အထောက်ပံ့ပြုနေတဲ့ မြန်မာ့ရွှေ့ပြောင်း အလုပ်သမားများကိုပါ ဖိတ်ကြားထားကြောင်း ပြန်ကြားရေးဌာနမှ သတင်းရရှိသသည်။ မြန်မာရွှေ့ပြောင်း အလုပ်သမားများမှလည်း အားရကျေနပ်စွာ တက်ရောက်ဂုဏ်ပြု သွားမည်ဖြစ်ကြောင်းသိရသည်။
ယ္ခုပြုလုပ်မည့် Farewell party ပွဲကို မည်သူမဆို တက်ရောက်ဂုဏ်ပြုနိုင်ကြောင်းကိုလည်း Farewell party ဖြစ်မြောက်ရေး ကော်မတီများမှ ပြန်ကြားရေးဌာနသို့ ပြောကြားခဲ့ပါသည်။ 
..................................................