Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, August 26, 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၂ ၉ )


နာလန္ဒာမဟာဝိဟာရမှ ၄၉၉ ပါးတို့ ဘိက္ခူတို့ အရဟတ္တဖို့လ်သို့တည်ခဲ့ဘူးသည်။ တိုက်နံရံများမှာ၎ ပေ၊၆ ပေ
အထိကျယ်ရှိ၍ အလွန့်အလွန်ခိုင်မာစွာတည်ဆောက်ထားသည်။နာလန္ဒာတက္ကသိုလ်ကျောင်းဝင်းအတွင်းပေ
၂၀၀ နက်သောရေတွင်းတစ်တွင်းကို ထောင့်ရှစ်ထောင့်ရှိသည့်ပုံဖြင့်တည်ဆောက်ထားသည်။ထိုရေတွင်းကြီး
ကိုယနေ့တိုင်တွေ့မြင်နိုင်ပါသည်။ရေတွင်းနံရံပေါ်ဆင်နှစ်ကောင်၏ကျောက်ရုပ်ကိုထုထားသည်။ဆင်ရုပ်ထုမှာ
ဗုဒ္ဓဘာသာဝင်တို့ ဘိုးဘေးများအတွက်နိုင်ငံတော်တံဆိပ်ပမာကိုးကွယ်ရာဖြစ်သည်။ဟိန္ဒူဘာသာဝင်တို့၏ဘ
ာသာရေးကျမ်းများတွင်ဗုဒ္ဓကို၎င်းတို့ကိုးကွယ်သည့်ဝိဿနိုးဘုရား၏အလောင်းတော်ဖြစ်သူန၀မမြောက်ဘုရား
ဖြစ်ကြေင်းဖော်ပြထားသည်။ထိုဖော်ပြခြင်းမှာကျမ်းဂန်တွင်ရေးသားဖော်ပြခြင်းသက်သက်သာဖြစ်သည်။တကယ်
လက်တွေ့တွင်ကိုးကွယ်ခြင်းကိုမတွေ့ရပါ။ထိုအကြောင်းအရာသည်အလေးအနက်စဉ်းစားစရာတစ်ခုဖြစ်နေသ
ည်။သို့စဉ်းစားရတွင်၎င်းတို့သည် ဗုဒ္ဓကိုဂရုပြုထား၍ဟိန္ဒူဘာသာကိုဖြန်ချိလိုသည့် စိတ်ဆန္ဒမှာထင်ရှားနေသ
ည်။ ၁၉၅၀-ခုနှစ် ဇွန်လ ၆ ရက်နေ့တွင်သိရီလင်္ကာတွင်ကျင်းပသောတစ်ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာညိလာ
ခံတွင် ဒေါက်တာအမ်မ္ဗေဒမ(ရ်)ကဤသို့မိန့်ဆိုခဲ့ဘူးသည်။"ဟိန္ဒူဓမ္မသည် ဘာရတနိုင်ငံ၏အမြဲတည်ရှိခဲ့သ
ည့်ဓမ္မမဖြစ်နိုင်ပါ။ဦးစွာပထမ ဘာရတမြေပေါ်မှာ ဝေဒဓမ္မထွန်းကားခဲ့သည်။တဖြည်းဖြည်းနှစ်ပရစ္ဆေဒကြာမြင့်
လာသောအခါဝေဒဓမ္မမှာဗြဟ္မဏဓမ္မနှင့်ရောနှောကာပြောင်းလဲလာခဲ့သည်။ဗြဟ္မဏဓမ္မစိုးမိုးလို့ကောင်းနေသ
ည့်ကာလတွင်ဗုဒ္ဓဓမ္မပေါ်ထွန်းလာခဲ့သည်။ဗုဒ္ဓဘာသာ၏ရည်မှန်းချက်တို့မှာ တန်းတူအခွင့်အရေးရှိသောလူ့အ
ဖွဲ့အစည်းတရပ်ဖြစ်ထွန်းရေးနှင့်ဗြဟ္မဏ၀ါဒတွင်ကျင့်ကြံသည့်ဇာတ်စနစ်ဆိုးကိုတိုက်ဖျက်ခြင်းဖြစ်ခဲ့သည်။ထို
သို့သောလူ့အဖွဲ့အစည်းတရပ်တွင်ရှိနေကြမည့်လူသားတရပ်လုံးကိုဒုက္ခမှကင်းရှင်းကယ်တင်သွားရန်ဖြစ်သည်။
ဤဒဿနမျီုးကိုဟိန္ဒူဓမ္မ၏ ပုရောဟိများကလက်မခံမလိုလားပဲဆန့်ကျင်သမှူ့ပြုခဲ့ပါသည်။ဤအချက်ကိုသ
က်သေခံနေသည့်ဥပမာ သမိုင်းတွင်အများအပျားတွေ့ရှိနိုင်ပါသည်။ဥပမာတစ်ခုမှာဗုဒ္ဓဘာသာဝင်ဖြစ်ခဲ့ဘူးသူ
အသောကမင်းတရားကြီးနှင့်မောရိယမင်းဆက်တို့၏နောက်ဆုံးဘုရင်ဖြစ်သူဘရိဟဒ္ဒထမင်းကိုထိုမင်း၏သေနာ
ပတိဖြစ်သူပုက္ခယပိတ္တဗြဟ္မဏသည်လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနန်းတော်ကိုသိမ်းပိုက်ကာမင်းဖြစ်လာခဲ့သည်ပုက္ခယ
ပိတ္တသည်ဘုရင်ဖြစ်လာသည့်အခါ"အကြင်သူရဲကောင်းတစ်ဦးသည် ဗုဒ္ဓဘာသာဘိက္ခုတပါးပါး၏ဦးခေါင်းကို
ဖြတ်လာပါကထိုသူအားဘုရင်မင်းမြတ်ကဒီနာရ်ခေါ်ရွှေအသပြာတစ်ရာဆုလာဒ်ပေးပြီးဂုဏ်ပြုသွားမည့်အကြေ
ာင်းကိုကြေညာခဲ့ဘူးသည်။ထိုအချိန်ကပုက္ခယမိတ္တဿုင်္ဂအုပ်ချုပ်စိုးစံခဲ့သည်။နိုင်ငံတစ်ဝှမ်းတွင်ဘိက္ခုသံဃာပေါ
င်းမြောက်များစွာသတ်ဖြတ်ခံခဲ့ရပါသည်။ထိုစဉ်က ဗုဒ္ဓဘာသာဘိက္ခုများမှာမိမိအသက်ကိုကာကွယ်နိုင်ရန်အိ
မ်နားနီးချင်းပြည်ထောင်များသို့ထွက်ပြေးသွား၍ခိုလှုံကြရပါသည်။မော်ရိယမင်းဆက်လည်းပျက်သုန်းသွားပြီး
ဿုင်္ဂမင်းဆက်အာဏာတည်လာခဲ့သည်.ထိုအချိန်ကာလမှ ဘာရတနိုင်ငံတွင် ဗုဒ္ဓဘာသာပျက်သုန်းစပြုလာ
ခဲ့သည်။ ဘာရတနိုင်ငံမှ ဗုဒ္ဓဘာသာမင်းဆက်ပျက်သုန်းသွားပြီးနောက် တိုင်းတပါးသားတို့၏တိုက်ခိုက်မှူ့ကို
မကြာခဏကြုံခဲ့ရသည်။တိုင်းတပါးသားများကလည်းဘာရတနိုင်ငံကိုလွယ်လင့်တကူသိမ်းပိုက်ခဲ့သည်။ခရဇ်
သက္ကရာဇ်-၁၈၉၇ ခုနှစ်တွင် မိုဟာမက်ဂေါ်ရိ၏သေနာပတိ ဗခ္ခတိယာခိလဇီ မှစစ်အင်အးအပြည့်အစုံနှင့် နာ
လန္ဒာကိုတက်လာ၍ နာလန္ဒာမဟာဝိဟာရကျောင်းကြီးကို တိုက်ခိုက်ဖျက်ဆီးပစ်ခဲ့သည်။အစ္စလာ(မ်)ဘာသာ
မှာရုပ်ထုကိုးကွယ်ခြင်းကိုဆန့်ကျင်သည့်ဘာသာဖြစ်သည်။ ဘာသာခြင်းမတူသည့်ထိုသေနာပတိခိလဇီသည်
မဟာဝိဟာရကျောင်းတော်၌တည်းထားကိုးကွယ်သည့်ဗုဒ္ဓရုပ်ပွါးတော်ကြီးငယ်အားလုံးကိုဖျက်ဆိးပစ်ခဲ့သည်
နာလန္ဒာတက္ကသိုလ်ခြံဝင်းကို စစ်ရေးခံတပ်ဟုအောက်မေ့ကာ သင်္ကန်းဝတ်ထားသည့် ဘိက္ခုကျောင်းသားများ
ကိုစစ်သားဟုထင်ကာအကြီးအကျယ်သတ်ဖြတ်ပွဲတရပ်ကိုကျူးလွန်ကျင်းပခဲ့သည်။နာလန္ဒာကျောင်းတိုက်ကို
လည်းမီးတိုက်ဖျက်ဆီးခဲ့သည်။တက္ကသိုလ်ကျောင်းတွင် ထိုစဉ်က ပညာသင်ကြားနေသောပြည်တွင်းပြည်ပမှ
ကျောင်းသား ၆၀၀၀ ကျော်တို့ကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ။

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၃ ၁ )


                                            ဝေသာလီ

                                                     Vaishali
ဝေသာလီသည် အိန္ဒိယနိုင်ငံ၏ အလွန်ရှေးကျသော(ပရစီန)သမိုင်းဝင်ရှေ့ဟောင်းမြီု့တစ်မြီု့ဖြစ်ခဲ့လေသည်။
ဗုဒ္ဓဘာသာစာပေကျမ်းများတွင် ဤမြီု့၏သမိုင်းဝင်နေရာများနှင့် ကြီးမားမြင့်မားသည့်ကျဉ်ကျေးမှူ့ထုံးတမ်းစဉ်
လာများကို အနှံ့ရေးသားဖော်ပြထားသည်။ ခရစ်မပေါ်မိ (၆)ရာစုနှစ်များတွင် ဤမြီု့သည်အလွန်တရာစည်ပင်

Tuesday, August 21, 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၃ ၀ )


နာလန္ဒာတက္ကသိုလ်စာကြည့်တိုက်ကိုလည်းမီးရှီု့လိုက်ရာစာကြည့်တိုက်တွင်စုဆောင်းထားသည့်စာပေကျမ်း
များပညာရှိတို့ ရေးသားပြုစုထားသည့် စာမူများစာအုတ်စာတမ်းများသည် ခြောက်လအထိမီးမငြိမ်းဘဲဆက်
လက်လောက်ကျွမ်းနေဆဲဖြစ်ခဲ့ရပါသည်။ အချီု့အချီု့သော ဘိက္ခုကျောင်းသား၊ကျောင်းဆရာများသည်မိမိတို့
အသက်နဲ့လဲ၍ကျမ်းများစာမူများအချီု့တို့ကိုသိမ်းယူ၍မိမိတို့နိုင်ငံများသို့ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။
တိဘက်ဘုန်းကြီးကျောင်းအချီု့အချီု့မှာ ထိုစဉ်ထိုအခါက ယူဆောင်သိမ်းဆည်းလာခဲ့သော ကျမ်းမျာနှင့်စာမူ
များကိုယ္ခုထက်တိုင်အောင်လုံခြုံစွာသိမ်းဆည်းထားကြောင်းတွေ့ရှိနိုင်ပါသည်။တိုင်းတပါးမှာကျူးကျော်ဝင်ရော
က်လာသည့်မူဆလင်ဘုရင်တို့သည်ဟိန္ဒူဘာသာဝင်တို့၏ဘုရားကျောင်း၊နတ်ကွန်း၊ပုထိုးစသည့်ဘာသာယဉ်
ကျေးမှူ့ဆိုင်ရာတည်ဆောက်မှူ့များကိုလည်းတိုက်ခဲ့ကြသည်။သို့သော်ဟိန္ဒူဗြာဟ္မဏပုရောဟိတ်များကကျော
င်းနေကျောင်းထိုင်မဟုပ်၍သတ်ဖြတ်ခြင်းကိုဗုဒ္ဓဘာသာဘိက္ခု သံဃာများပမာမခံခဲ့ရပေ။ဗြာဟ္မဏပုရောဟိ
တ်များကများသောအားဖြင့်အိမ်ထောင်သည်များဖြစ်ကြပါသည်။ထိုအကြောင်းများကြောင့်၎င်းတို့သည်များေ
သာအားဖြင့်သာမန်အိမ်ထောင်များပမာ ရွာဇနပုဒ်တို့မှာစုဝေးနေထိုင်ကြသည်။နောက်ပိုင်းကာလများတွင်
၎င်းဗြာဟ္မဏ၀ါဒီပုရောဟိတ်များသည်ဗုဒ္ဓဘာသာတည်ဆောက်မှူ့များအပေါ် ပိုင်ဆိုင်မှူ့ရအောင်ယူလာကြ
သည်ကိုအထင်အရှားတွေ့ရှိရသည်။ နာလန္ဒာမဟာဝိဟာရ ၀င်းတွင်တည်ရှိသော သာရိပုတ္တရစေတီအနီးအ
နားရှိ ဗုဒ္ဓမြတ်စွာ၏ ဆင်းတုတော်တစ်ဆူကို"တေလိယာဘာသာ"ရုပ်ပွါးတော်ဟု ကင်ပွန်းတပ်ကာဗြာဟ္မဏ
တို့ကအပိုင်စီးလိုက်ပါသည်။ဤဆင်းတုတော်သည်ကျောက်အနက်တို့ဖြင့်ထုထားသည့်ဗုဒ္ဓရုပ်ပွါးတော်တစ်ဆူ
ဖြစ်သည်။ထိုဆင်းတုတော်တည်ထားသည့် နေရာကိုအုတ်နံရံတို့ဖြင့်ကာရံထားသည်။ဤဆင်းတုတော်အပေါ်
ဗြဟ္မိအက္ခရာဖြင့်ကမ္မည်းထိုးထားသည်။ထိုရုပ်ပွါးတော်ကိုလှူဒါန်းခဲ့သူ၏သဒ္ဓါကြည်ညိုမှူကိုကမ္မည်းထိုးရေးသား
၍ဖော်ထားသည်။နောက်ပိုင်းကာလခေတ်အဆက်ဆက်တွင်ဗြာဟ္မဏများကဗုဒ္ဓဘာသာဝင်တို့အား ဇာတ်နိမ့်
ဟုသတ်မှတ်ကာ၎င်းတို့၏အခြေခံလူ့အခွင့်အရေးများကို ရာစုနှစ်ပေါင်းများစွာပိတ်ပင်ထားခဲ့ကြသည်။ကျော
က်အနက်ဖြင့်ထုလုပ်ထားသောဗုဒ္ဓ၏ထိုဆင်းတုတော်အားဒေသခံတို့ကို"တေလိယာဘာသာ"ဟူ၍သွန်သင်ကာ
ဆီများလောင်၍ပူဇော်ခိုင်းသည်။ နှစ်များကြာလွန်လာသည့်အခါဒေသခံတို့အတွက်ထိုရုပ်ပွါးတော်ကိုဆီလောင်း
၍ပူဇော်ခြင်းသည်ထုံးတမ်းစဉ်လာတစ်ခုဖြစ်လာခဲ့ရပါသည်။ဗြာဟ္မဏပုရောဟိတ်တို့သည်နောက်နောင်တွင်းဆင်း
တုတော်ဆိုင်ရာပြဿနာတစုံတခုမပေါ်ပေါက်လာအောင်တရားရုံးမှတဆင့်တရားဝင်ပိုင်ဆိုင်ထားမှူ့ကိုရယူထား
လိုက်ပါသည်။ ယနေကာလမှစ၍ဤဆင်းတုတော်ကိုနာလန္ဒာဝင်းခြံမှလုံးဝပတ်သက်မှူ့မရှိအောင်နံရံတစ်ခုဖြ
င့်ခြံရံ၍ခြားနားထားသည်။ထိုဆင်းတုတော်ထံနာလန္ဒာခြံဝင်းမှဝင်ရောက်ရသည့်လမ်းကိုအုတ်နံရံကာရံပစ်ပြီးအ
ပြင်မှထိုဆင်းတုတော်ရှိအ၀င်အထွက်လမ်းသစ်တစ်ခုကိုဖောက်ထားသည်။ထိုဆင်းတုကိုဟိန္ဒူဆာဓုတစ်ယောက်
အားပူဇာရိထား၍ပူဇော်ပသကြလေကုန်၏။
                   "တေလိယာဘာဘာ"ဟုကင်ပွန်းတပ်ထားသည့် ဆင်းတုတော်မှာရှေ့လှမ်းလှမ်းတွင်ကြီးမား၍
လှပတင့်တယ်သောရုပ်ပွါးတော်တစ်ဆူကိုတွေ့ရှိရပါသည်။ဒေသခံတို့ကဤမရုပ်ပွါးတော်ကို"ပေလ၀ါဘာဘာ"
ဟုခေါ်ကြသည်။ဗုဒ္ဓဘာသာကိုဆန့်ကျင်သမှူ့ပြုခဲ့ကြသည့်ဗြာဟ္မဏတို့ကထိုရုပ်ပွါးတော်ကိုခဲဖြင့်ပစ်၍ ကိုးကွ
ယ်ပါက၊နတ်ကြီးမှကျေနပ်ဝမ်းသာဖြစ်၍ခဲဖြင့်ပစ်ခတ်ပူဇော်သည့်သူများ၏ကောင်းကျီုးကိုဆောင်ရွက်ပေးသည်
ဟူသောအယူများကိုပညာဥာဏ်မရှိသောဒေသခံတို့အားသွန်သင်ထားသဖြင့်၎င်းရုပ်ပွါးတော်ကိုခပ်လှမ်းလှမ်းမှ
ကိုးကွယ်သူများကခဲဖြင့်ပစ်ကြပြီးပူဇော်သည့်ဓလေ့ရှိကြကုန်၏မိုက်မဲသည့်ဝီရောဓိတို့၏လှည့်ကွက်ကိုနားမလည်
ကြသောလူရီုးလူဖြောင့်တို့ကကုသိုလ်ရရှိစေရန် ခဲဖြင့်ပေါက်ကြပြီးကုသိုလ်ယူကြကုန်၏။ဘာသာရေးပဋိပက္ခ
ဖြစ်လာအောင်ဖန်းတီးခြင်းတရပ်လည်းဖြစ်သည်။ ယနေ့အချိန်တွင်ထိုရုပ်ပွါးတော်ကိုရွှေ့ပြောင်း၍ နာလန္ဒာ
တက္ကသိုလ်ပြတိုက်၏ အ၀င်တံခါးဝရှေ့တွင်သိမ်းဆည်းထားပါသည်။ ဘာသာရေးပဋိပက္ခကိုဖြစ်ပွါးစေနိုင်သ
ည့်အခြားဆင်းတုတော်ကိုတိုက်ပျက်အုတ်ခဲပုံတို့ကြားမှတွေ့ရှိရပါသည်။ထိုရုပ်ပွါးတော်ကို ၀ိဟာရအမှတ် (၁)
၏ထောင့်တစ်နေရာတွင်ထားရှိကြောင်းတွေ့နိုင်သည်။ဤဆင်းတုကို"တာရိလောက၀ိဇယ"ဟုခေါ်သည်။ဗုဒ္ဓ၏
ထိုရုပ်ပွါးတော်ကိုမာလာစွပ်ထားပြီးတာရိလောကယက္ခ သို့မဟုတ် ရာက္ခသ အသွင်ဖြင့်ပြသထားလေသည်။
                                   နာလန္ဒာ(၀ါ) န၀နာလန္ဒ (နာလန္ဒာသစ်)
 လက်ရှိအချိန်တွင် နာလန္ဒာကို တိုးတက်ခေတ်မိ နာလန္ဒာအဖြစ် ပြန်လည်တည်ဆောက်နေကြသည်။အသ
စ်တည်ဆောက်နေသည့်နာလန္ဒာဝိဟာရကို န၀နာလန္ဒာ မဟာဝိဟာရဟု အမည်တွင်ထားသည်။ဗုဒ္ဓစာပေနှ
င့်ယဉ်ကျေးမှူ့တို့ကို သင်ကြားလေ့လာနိုင်ရန် ဘီဟာပြည်နယ်အစီုးရမှ နာလန္ဒာ၏ရှေ့ဟောင်းဂုဏ်ကိုပြန်လ
ည်ဖော်ထုတ်နိုင်ရန် န၀နာလန္ဒာမဟာဝိဟာရကျောင်းကို တည်ဆောက်ထားသည်။ ဤတက္ကသိုလ်ကျောင်း
တွင် ဗုဒ္ဓဒဿန၊စာပေ၊ယဉ်ကျေးမှူ့နှင့် ဗုဒ္ဓခေတ်အနုပညာ ဘာသာရပ်များကို သင်ကြားပေးနိုင်ရန်အထူးစီ
မံထးသည်။အိန္ဒိယပြည်၌ ဤစီမံချက်သည် အထူးစီမံချက်တစ်ရပ်ဖြစ်နေသည်။ ထိုင်းနိုင်ငံမှ ဗုဒ္ဓသံဃာတို့သ
ည်န၀နာလန္ဒာတွင်ကြီးမားခမ်းနားလှသည့် မဟာဝိဟာရကျောင်းတစ်ကျောင်းကို တည်ဆောက်ထားပါသည်
ထိုကျေင်းသည်ခေတ်မိအပြင်အဆင်များနှင့်ပြည့်စုံနေသည်။စာရေးသူသည် ယင်းကျောင်းတော်၌ မိမိနှင့်အ
တူပါ ဒေလီမှဘုရားဖူးအဖွဲ့ဝင်များနှင့်အတူတည်းခိုခွင့်ရခဲ့ပါသည်။
ဆက်လက်ရေးသားပါဦးမည်။     /  အရှင်မုနိန္ဒ။   (M.A- Maghadh University, India)
http://www.suvamnabumi.blogspot.in/2012/08/blog-post_21.html

သဗ္ဗေသတ္တာ ကမ္မဿကာ

ဒီဘလော့လေးမှာ တင်ထားစာသားလေးတွေကိုဖိတ်မိသူတိုင်းလည်းဖတ်ဖြစ်မှာပါ။အားပေးပြီးလာလည်ကြတဲ့အွန်းလိုင်းမိတ်ဆွေများကို
လည်းအထူးကျေးဇူးတင်ရှိပါတယ်။ ဦးဇင်းကတော့ ပညာရေးကိုပဲအဓိကထားပြီးရေးနေတာပါ။ ပညာရေးဆိုတဲ့စကားလုံးကတော့ အရမ်းကိုလည်းမြင့်ပါတယ်။ စကားထဲမှာထည့်ပြောဖို့တောင် အင်အားမရှိသေးပါဘူး။ သို့သော်လည်းလူတွေသုံးနေကျစကားအတိုင်းပဲပြောလိုက်ပါတယ်။ ဦးဇင်းကတော့ အတွေးခေါ်ပိုင်းနဲ့ဆိုင်သော ဒဿနိက တခန်းအနေဖြင့်ပြောချင်တာပါ။ ကိုရင်လေးအရွယ်၊ ဗုဒ္ဓပါဠိဘာသာများကို ဆရာသမားတွေဆီက အတိုင်းတာထိ လေ့လာသင်ယူခဲ့ပါတယ်။ ဗုဒ္ဓဟောခဲ့တဲ့ အခြေခံစာတွေကို လေ့လာခဲ့တယ်။ ဒါပေမဲ စဉ်းစားနိုင်လောက်တဲ့ အတွေးမဝင်ခဲ့ပါဘူး။ အခုတော့ လောကမှာဖြစ်ပျက်ပြောင်းလဲနေတာတွေကို မိမိသင်ထားသောစာပေ။ ဆရာတော်များထံမှာ နာကြားရသော တရားများကြောင့် တစိပ်တဒေသ စဉ်းစားလာပါတယ်။ တကယ်တော့ လူသားတိုင်းဟာ
စာတတ်ဖို့ အရေးကြီးပါတယ်။ တချို့ကလည်းပြောကြပါတယ်။ စာတတ်တိုင်းလည်းပညာမတတ်သေးတဲ့။
အလိမ်မာ စာမှာရှိ၏ ဟုလည်းပြောကြသေးတယ်။ ဆရာတော်ဦးသုမင်္ဂလ မိန့်ကြားတဲ့တရားကိုလည်းနည်းနည်းအာရုံစိုက်မိပါတယ်။ စာတတ်တာ။ ပညာတတ်တာထက် အဓိကတော့ အသိဥာဏ်ရှိဖို့က ပို၍အရေးကြီးပါတယ်။ ဝေဖန်တယ်ဆိုတာလည်း တရားမျှတမှု့နဲ့ ဝေဖန်လိုက်တာက ပို၍အကျိုးရှိပါတယ်။ ကိုယ်မကြိုက်ပဲ မကြိုက်တဲ့ဘက်ကိုဦးတည်းပြီးဝေဖန်လိုက်တာကတော့ အားလုံးအတွက် စိတ်ဆင်းစရာတွေ စတဲ့အကျိုးဆက်တွေဖြစ်လာပါတယ်။ ရဲရဲင့်တယ်ဆိုတာလည်း
နေရာတိုင်းမှာ ရဲရဲ့လို့တော့မကောင်းပါ။ ကောင်းတာလုပ်ဖို့ရဲတာကတော့ ကောင်းပါတယ်။ မကောင်းတာလုပ်ဖို့ ရဲရဲ့တာကတော့ တော်တော်ဆိုးပါတယ်။ လူသားတိုင်းလက်မခံကြပါ။
လူသားတိုင်းလက်ခံအောင်၊ ချမ်းသာအောင်၊ မိမိတို့အကျိုးသူတပါးအကျိုး ကောင်းကျိုးတွေဖြစ်ထွန်းအောင်
ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ ကမ္ဘာကြီးမှာ လိုအပ်နေပါတယ်။ ပညာရေးလောကမှာ တစ်ယောက်ကိုတစ်ယောက် သူကတော်တယ်။ ငါကညံ့တယ်ဆိုပြီး အပြိုင်အဆိုင်တွေနဲ့ မာနတွေထောင်ပြီး
လှမ်းတက်နေကြတဲ့သူတွေလည်း ပညာတတ်ပြီပြီ ပညာနို့ရည်သောက်စို့ဖို့ ဆာလောင်နေကြတဲ့လူသားတွေကို အချိန် တိုက်ကျွေးဖို့လိုအပ်နေပါပြီ။  ကြိုက်မရှက်၊ ငိုက် မရှက်၊ ငတ်မရှက်ဆိုသလို၊ ပညာနိ့ရည်ငတ်နေကြတဲ့ လူတွေ ဒီကမ္ဘာကြီးမှာ အများကြီးပါ၊ အသိဥာဏ်တခု ခေါင်းထဲမှာ ဝင်ရောက်ခံရတဲ့ လူသားတစ်ဦးဟာ ဘယ်သူ့ကိုယ်မှ စိတ်ဆင်းရဲအောင် မလုပ်တော့ပါ။
ဒေါသ ( စိတ်ဆိုးတယ်ဆိုတာ- မကောင်းသော စိတ်ပါ) မကောင်းစိတ်လို့လည်း လူတိုင်းသိကြပါတယ်။
မကောင်းသောစိတ်ဟာ ကိုယ့်ကိုသာမက၊ ဟော လူသားတိုင်း တိရိစ္ဆာန်တွေ၊ တောတွေ တောင်တွေ၊ အရာအားလုံးကိုပျက်စီးစေပါတယ်ဆိုတာ အားလုံးသတိထားသင့်ပါတယ်၊ သဘာဝနဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ပညာတွေသင်နေတာဟာ  ဒီကမ္ဘာကြီးကို ရည်ရှင်တည်တဲ့ခိုင်မြဲစေချင်လို့ပါ၊ ပျော်ရွှင်စရာကောင်းတဲ့ ကမ္ဘာကြီးဖြစ်စေချင်လို့ပါ။ ဒီပညာတွေကို အနောက်တိုင်းသိပ္ပံပညာရှင်တွေကသင်ပေးလိုက်တဲ့ပညာရပ်ပါ။ ဘုရားသခင်ဖန်းတီးထားတဲ့ဒီကမ္ဘာကို ဒီလူတွေက လိုက်ဖျက်နေရင် ဒီလူတွေကို ဘုရားသခင်ကပဲ အချိန်မဆိုင်းဘဲ အပြစ်ပေးတော်မူပါလိမ့်မယ်၊
လောကလူသားတွေအတွက် ဘုရားသခင်ဖန်းဆင်းပေးတော်မူခဲ့တဲ့ ဒီကမ္ဘာလေးကို ခြေထောက်နဲလိုက်ဖျက်ဆီးနေတဲ့လူတွေ အားလုံးဒုက္ခရောက်ရပါလိမ့်မယ်၊ ဘုရားမြတ်စွာကတော့ ကိုယ်ပြုတဲ့ကံ ကိုယ်သာခံဆိုတဲ့အတိုင်းပေါ့၊ သတ္တဝါတွေ- မိမိပြုလုပ်လိုက်တဲ့ကံတရားဟာ၊ အဲ့ဒီကံတရားရဲ့အကျိုးတရားများ မိမိနောက်ကို လှည်းဘီးလို၊ အရိပ်လိုနောက်က လိုက်ပါနေတယ်ဆိုတာကိုလည်း မိမိတို့မှာ သတိသံဝေဂတရားများကို ရင်ဝယ်မှာပိုက်ထားဖို့အချိန်ေ၇ာက်နေပါပြီ။



ဦးသုစိတ္တ ( မာဂဓတက္ကသိုလ်)

Tuesday, August 7, 2012

အမျိုးဘာသာနှင့်သာသနာကိုထိန်းသိမ်းကြပါစို့

လူမျိုးတိုင်းတွင် ဇာတိသွေးဇာတိမာန်များကိုယ်စီကိုယ်ငှရှိကြပါသည်။ မိမိတို့လက်ခံကျင့်သုံးနေကြသော
ဘာသာ သာသနာနှင့်မိမိတို့ဇာတိမျိုးရိုးမျိုးနွယ်ကိုလည်းလက်ဆင့်ကမ်း၍ထိန်းသိမ်းလာကြသည်မှာကမ္ဘာ
တွင်လူမျိုးတိုင်းမှာရှိကြပါသည်။
လူတမျိုးနှင့်တမျိုးဖိနှိပ်ချုပ်ချယ်မှု့မဖြစ်ရအောင်မိမိတို့အမျိုးဘာသာနှလင့်ကိုးကွယ်နေကြသော
မိမိတို့သာသနာကို ထိန်းသိမ်းကြရမည်ဖြစ်ပါသည်။ ဤအချက်တွင် မိမိတို့ဇာတိသွေးဇာတိမာန်ဆိုသည်မှာ
မိမိတို့လူမျိုး တိုင်းပြည်၊ ပြောဆိုနေကြသော ဘာသာနှင့် ကိုးကွယ်နေကြသော သာသနာတော်ကိုဖိနှိပ်မှု့၊
 ချုပ်ချယ်မှု့၊ စော်ကားမှု့၊ ရမ်းကားမှု့၊ ဖျက်စီးမှု့စသော မကောင်းသော အကျိုးများမလာစေရန်မိမိတို့လူမျိုးတိုင်းမှာ တာဝန်ကိုယ်စီများရှိကြပါသည်။
ကမ္ဘာပေါ်တွင်ပြဿနာပေါင်းစုံဖြစ်လျှက်ရှိပါသည်။ ထိုပြဿနာများမှာ
(၁) လူမျိုးရေးပြဿနာ
(၂) အခွင့်ရေးပြဿနာ
(၃) စီးပွားရေးပြဿနာ
(၄)ဘာသာရေးပြဿနာ
(၅) နိုင်ငံရေးပြဿနာ စသောပြဿနာများဖြစ်နေကြပါသည်။

၎င်းပြဿနာများတွင် ပြဿနာတခုခု စတင်ဖြစ်လျှင် ပြဿနာအားလုံးတဆက်တည်းဖြစ်လာပါသည်။
ပြဿနာဆိုသည်မှာ ဖြေရှင်းရသော အခက်ခဲများကိုဆိုလိုပါသည်။ ပြဿနာတခုခုကြောင့် နောက်မှလိုက်လာသော အကျိုးဆက်များကို ထိုပြဿနာများနှင့်ဆက်နွယ်နေကြသောသူတို့ကိုယ်တိုင်ပင် ခံစားရမည်ဖြစ်ပါသည်။
ထို့ကြောင့် အထက်ပါပြဿနာ မဖြစ်လာစေရန် ရည်စိတ်သန်၍ မိမိတို့နှင့်တကွ မိမိတို့ဇာတိသွေး
ဇာတိမာန်၊ အမျိုးဘာသာ၊ သာသနာတော်မြတ်ကြီးကို ထိန်းသိမ်းဖို့ရန် အချိန်ရောက်လာပါသဖြင့်
ဝိုင်းဝန်းကူညီ ထိန်းသိမ်းစောင့်ရှောက်ကြပါစို့....................


ဦးသုစိတ္တ  ( မဟာချူလာတက္ကသိုလ်၊ မနုဿဗေဒဌာန)

စကြာဝဠာကို ဗုဒ္ဓနှင့် သိပ္ပံပညာရှင်တို့၏အမြင်

Wednesday, March 21, 2012


 စကြာဝဠာကမ္ဘာကြီးအကြောင်းကို လေ့လာကြည့်ရေခါ ဘုရားဟော လောကန္တဂမနသုတ်မှာ ရောဟိတ ဆိုရေ နတ်သားသည် အရောင်အလင်း တထိန်ထိန်နန့် မြတ်စွာဘုရားထံရောက်လာပြီး လျှောက်ထားသည်မှာ *တန်ခိုးဣဒ္ဓိပါဒ်နှင့်ပြည့်စုံပြီး ကောင်းကင်၌ မြန်ဆန်စွာ ပျံသန်းလားလာနိုင်ရေ တပည့်တော်သည် မရပ်မနား ဆက်တိုက် လောက၏အဆုံးနန့်၊ လောက၏ ငြိမ်းချမ်းရေ နီရာကို လိုက်ရှာခပါသော်လည်း မတွိမမြင်ခပါဘုရား * ဟုဖြစ်သည်။ ဤစကား၌လောက၏အဆုံးမရှိခြင်းနန့် ငြိမ်းချမ်းမှုတို့ အတိပြည့်သော နီရာဟူ၍မရှိဟု အဓိပ္ပါယ်ပေါ်လွင်စီပါသည်။
အခြားသော မဟာပဒါနသုတ်၊ အဂ္ဂညသုတ်တို့တွင်လည်း ကမ္ဘာလောကကြီးအကြောင်းကို တွိဟိနိုင်ပါသည်။
ဗုဒ္ဓတရားတော်၌ တွိရသော စကြာဝဠာမှာ လေးကွန်းတမြင်းမိုရ် လ, နီ, နက္ခတ္တာရာနှင့်၊ အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ၊ အစဟိသော ဘုံတို့ပါဝင်ရေ တည်နီရာ သို့ အုပ်စု တခုကို စကြာဝဠာဟု သမုတ်ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။
ဤကမ္ဘာမြီထု၏ ထုထည်ပမာဏသည် ယူဇနာအားဖြင့် (၂၄၀,၀၀၀) ရှိရေလို့ စာပေများတွင်တွိဟိရပါသည်၊ တစ်ယူဇနာလျှင် မိုင်အားဖြင့် (၁၂.၇) ရှိသည်ဟု မျက်မှောက်ကာလ၌ သတ်မှတ်ထားကတ်သည်၊ ယူဇနာ (၂၄၀,၀၀၀)လုံးကို မိုင်အားဖြင့်
တွက်ကြည့်သော် မိုင်ပေါင်း (၃,၀၄၈,၀၀၀) ရှိပါသည်။ယင်းမြီထုထည်ကြီးကို ရီထုကြီးက ခံထားပြီး၊ ရီထုကို လီထုကြီးက တဖန် ၀န်းရံပင့်တင်ထားသည်။
အဂုခေတ် သိပ္ပံပညာရှင်ရို့ လေ့လာတွိဟိချက်များကို တဖေ့ချေတင်ပြရပါသော် လူသားတိနီထိုင်ရေ ဤကမ္ဘာမြီကြီးသည် နှစ်ပေါင်း ၄.၅၅ ဘီလီယံကျော်ခန့်လောက်က ဖြစ်ပေါ်ခလီသည်၊ ကမ္ဘာသည် Planet ဂြိုလ် တစ်လုံးသာဖြစ်သည်၊
နီကို ၀န်းရံလှည့်ပတ်နီရေ ဂြိုလ်တိမှာ ဂြိုလ်ကြီး (၉)လုံးဖြစ်တေ
(၁) Mercury Planet- ဗုဒ္ဓဟူးဂြိုလ်၊ (၂)Venus Planet- သောကြာဂြိုလ်၊ (၃)Earth Planet-ကမ္ဘာဂြိုလ်၊ (၄)Mars Planet- အင်္ဂါဂြိုလ်၊ (၅) Jupiter Planet-ကြာသပတေးဂြိုလ်၊ (၆) Saturn Planet- စနီဂြိုလ်၊  (၇) Uranus Planet-ယူရေးနပ်ဂြိုလ်၊(၈)Neptune Planet-နပ်ပကျွန်းဂြိုလ်၊ (၉)Pluto Planet- ပလူတိုဂြိုလ်တိနန့် ဂြိုလ်အရံ (၃၁)လုံးရို့က ဂြိုလ်ငယ်ချေတိနှင့်တကွ ၀န်းခံလှည့်ပတ်လျက်ဟိသည်ဟု
ဆိုသည်။ လူသားတိနီထိုင်သော ဤကမ္ဘာဂြိုလ်သည် နီမှ (၉၂,၉၀၀,၀၀၀)မိုင် ကွာဝီးသည်၊ နီမှထုတ်လွှင့်သော အလင်းရောင်သည် ကမ္ဘာမြီပြင်ကိုရောက်ရှိရန် (၈)မိနစ်နှင့် (၃) စက္ကန့်ကြာသည်၊ တစက္ကန့်လျှင် အလင်းဖြတ်သန်းနှုန်းမှာ (၁၆၀,၀၀၀) မိုင်ဟိသည်၊
လူသားရို့နီထိုင်ရေ ဤစကြာဝဠာကြီးတွင် နီသည် အကြီးမားဆုံးပမာဏဟိပြီး ဆွဲအားကြီးသော နီကို ဆွဲအားနည်းသော ဒေကမ္ဘာ အပါအ၀င်ဂြိုလ်ကြီးကိုးလုံးက လှည့်ပတ်နီလီသည်၊ ကမ္ဘာသည် တစ်ရက်လျှင် တစ်ပတ်နှုန်းဖြင့် နီကိုလှည့်ပတ်နီသောကြောင့် တစ်နှစ်( ၃၆၅.၂၆) သို့ (၃၆၅.၂၅၆၄) ရက်တွင် တစ်ပတ်ရလီသည်၊ ဒေကမ္ဘာသည် သူ့ဝင်ရိုးထက်ပေါ်တွင် အနောက်ဘက်မှ အရှိဘက်သို့ လည်ပတ်နီသောကြောင့် တခြမ်းစီသည် အမှောင်နန့် အလင်းကို တလှည့်စီ ရဟိစီသည်၊ ရီများသည် အားလုံးခဲမလားစီရန်နန့်အားလုံး အရေပျိုမလားစီရန် နီမှ သင့်တော်သော အလင်းရောင် အငွိကို ရဟိစီသည်၊ ထို့အတူ လ,သည်လည်း ကမ္ဘာကိုလှည့်ပတ်ရာ တစ်လလျှင် တစ်ပတ်ရလီသည်၊ ဤကမ္ဘာမြီပြင်ထုသည် အာကာသထဲ၌ မျောပါနီရေ ဂြိုလ်တစ်လုံးသာဖြစ်သောကြောင့် အခြားဂြိုလ်တစ်လုံးမှ ကြည့်လျှင် “ မှိတ်တုတ်, မှိတ်တုတ်” လင်းလက်နီသော ကြယ်မှုန် ကြယ်မွှားချေ တစ်ခုသာဖြစ်ပေသည်။
ဗုဒ္ဓတရားတော်တွင် စကြာဝဠာသုံးခု ဆက်စပ်ရာဂြား၌ နီရောင်၊ လရောင်၊ မရောက်နိုင်သော အမှောင်ထုကြီး ဖုံးလွှမ်းရာ နီရာကို လောကန္တရိတ်ငရဲဟု ဆိုထားပါသည်၊ ဒေနိခေတ် သိပ္ပံပညာရှင်ရို့ တွိဟိသတ်မှတ်ထားရေ Black Hold ကောင်းကင်ထောင်ချောက်ကြီးများဖြင့် ယှဉ်တွဲလေ့လာနိုင်ပေသည်။ လောကဓါတ်ပေါင်း (၁၀၀၀) ပါဝင်သော အုပ်စုကို ဗုဒ္ဓစာပေ၌ အငယ်စား “ သဟဿီ” လောကဓါတ်ဟုခေါ်ဆိုသည်ကို တွိရသည်၊ စကြာဝဠာလောကဓါတ်ပေါင်း (၁၀၀၀၀) ပါဝင်သည့် အုပ်စုကို “ ဇာတိခေတ်’ အာဏာခေတ်’ ၀ိသယခေတ်” သုံးမျိုးတွင် ဇာတိခေတ် ဟု သတ်မှတ်ခေါ်သည်။ မြတ်စွာဘုရားရှင်နှင့် ဘုရားအလောင်းတော်များအတွက် ထူးခြားသော နိမိတ်များဖြစ်လျှင် စကြာဝဠာတိုက် (၁၀၀၀၀) လုံး တုန်ခါတတ်ပေသည်။
ဒေကမ္ဘာမြီပြင်မှ တခါတရံ တွိမြင်ရသော Galazy နဂါးငွေ့တန်းခေါ် Milkway ကို ပါဠိဘာသာမှာ “အာကာသဂင်္ဂါ’ ကောင်းကင်မြစ်ကြီး”ဟု ခေါ်ပါသည်၊ ဂြိုလ်သိမ် ဂြိုလ်မွှားများ အပါဝင် အရံဂြိုလ် (၃၁) လုံး၊ ဂြိုလ်ကြီး (၉) လုံးနှင့် နီ စကြာဝဠာက နဂါးငွိတန်း Galazy ကိုတစ်ပတ်ရအောင် လှည့်ပတ်ရသော အချိန်မှာ နှစ်ပေါင်း (၂၂၅) သန်းကြာလီသည်၊ အထက်၌ပြောခရေ နဂါးငွေ့တန်းအား သာမန်မျက်စိနန့်ကြည့်လျှင် မိုးကုတ်စက်ဝိုင်း အဆုံးတွင် ဆုံးလာရေလို့ ထင်ရပြီး၊ အားကောင်းသော နက္ခတ်တာရာကြည့်မှန်ပြောင်းဖြင့်ကြည့်လျှင် ၀မ်းဘဲဥပုံ ခရုခွေကြီး ပုံသဏ္ဍာန် တွိဟိရလီသည်။ လူသားရို့နီထိုင်ရေ ကမ္ဘာမြီအပါအ၀င် ဤစကြာဝဠာကြီးသည် Galazy နဂါးငွေ့တန်း၏ နောက်ဆုံးအခြွီ အစွန်အဖျားဘေးနားတွင်ဟိသော မပြောပလောက်သည့် အကြီးခွံချေ တစ်ခုသာဖြစ်ပေသည်။
ဗုဒ္ဓတရားတော်၌ စကြာဝဠာ လောကဓါတ်ပေါင်း (၁၀၀,၀၀၀) ပါဝင်သော အုပ်စုကို “ဒွိသဟဿီ” အလတ်စား စကြာဝဠာအုပ်စုဟုဆိုလီသည်၊ အထက်၌ဖေါ်ပြခရေ နဂါးငွိတန်း Galazy တွင်စကြာဝဠာ ကုဋေ(၁၀၀,၀၀၀)ခန့် ပါဝင်လီသည်၊ ဗုဒ္ဓဒေသနာတော်လာ တတိယစကြာဝဠာအမျိုးစားမှာ စကြာဝဠာ ကုဋေ (၁၀၀၀၀၀) ခန့်ပါဝင်သော အကြီးစား လောကဓါတ်ကို “တိသဟဿီ” စကြာဝဠာ ဟုခေါ်လီသည်၊ ခေတ် သုံးမျိုးတို့တွင် အာဏာခေတ် ဟုခေါ်၏၊ မြတ်စွာဘုရား၏ ပရိတ်ဒေသနာတော် အာဏာစက် တန်ခိုးသတ္တိ အရှိန်အဟုန်၊ အာဏာစက် သက်ရောက်ရာ ရပ်ဝန်းဒေသဖြစ်လီသည်၊ ယင်းစကြာဝဠာ ကုဋေ (၁၀၀၀၀၀) သည်ဆိုးတူ ကောင်းဘက်၊ ဖြစ်တူ၊ ပျက်ဘက်၊ စကြာဝဠာများဖြစ်ကြသည်။
 ဒေနိ သိပ္ပံပညာရှင်တို့ သတ်မှတ်ထားသော မဟာလောကဓာတ်သည် Gagazy နဂါးငွိတန်းပေါင်း (၂၅၀၀) ပါဝင်သော လောကဓာတ်ကို ခေါ်ဆိုသည်ဟိသော် နီစကြာဝဠာပေါင်း ကုဋေ (၂၅) သန်းကို အကြီးစား လောကဓာတ် စကြာဝဠာ” ဟုခေါ်နိုင်မည်ဖြစ်သည်။ ဒေကမ္ဘာအပါဝင် နီစကြာဝဠာကြီးသည် အဆိုပါလောကဓာတ်ကြီးကို မိုင်ပေါင်း (၁၃၀၀၀၀၀) နှုန်းဖြင့် လှည့်ပတ်နီရသည်ဟုဆိုသည်။ Galazy နဂါးငွိတန်း၏ အကျယ်ဝန်း ပမာဏမှာ ဒေမာဘက်မှ ထိုမာဘက်ထိ အလင်းနှစ် (၁၅၀၀၀၀) ကြာအောင် လားရပေသည်၊ အလင်းဖြတ်သန်းနှုန်းမှာ တစ်စက္ကန့်လျှင် မိုင်ပေါင်း (၁၈၆၀၀၀) နှုန်းဖြင့်လားသော် နှစ်သန်းပေါင်း (၂၀၀၀၀) လားမှသာရောက်နိုင်လီသည်၊ ထုထည်အားဖြင့် အလင်းနှစ် (၂၅၀၀၀) မှ (၄၀၀၀၀)ထိ ဟိလီသည်။
အလွန်တရာ အပြောကျယ်လှရေ အာကာသဟင်းလင်းပြင်ထဲမှာ နဂါးငွိတန်း အများကြီးပါဝင်သော လောကဓါတ်ကို သိပ္ပံပညာရှင်ရို့က “NABULA” ဟုခေါ်လီသည်။ ထိုသို့ NABULA သန်းပေါင်း (၃၀)ခန့်လောက် တွိဟိကြောင်း သိပ္ပံပညာရှင်များ၏ ကြော်ငြာချက်၌ တွိဟိရသည်၊ NABULA တခုနန့်
တခု အကွာအ၀ီးမှာ အလင်းနှစ်ပေါင်း (၂) ခန့် ကွာဝီးကြောင်းလည်း ယင်းပညာရှင်ရို့က တွက်ချက်ခကတ်လီသည်၊ ဘုရားဟော အနန္တစကြာဝဠာ ဆိုသည့်စကားအတိုင်း အပြောကျယ်လှရေ အာကာသတခွင်မှာ စကြာဝဠာတို့ မရေတွက်နိုင်အောင်ပင်ရှိကြောင်း လေ့လာသိရှိနိုင်သည်။ ယင်းလောကဓါတ်ကြီး တခုလုံးကို “ ၀ိသယခေတ်” ဟုခေါ်ဝေါ်လီသည်၊ မြတ်စွာဘုရားရှင်တို့၏ ဥာဏ်တော်ဖြင့်သာလျှင် ထိတွိကျက်စားနိုင်သော ဒေသပင်ဖြစ်သည်၊ သာမန်လူသားများအနီဖြင့် တပ်အပ်သေချာ သိမြင်နိုင်ဘို့ရန် မလွယ်ကူလှပေ။ မည်သို့ပင်ဖြစ်စီ ဗုဒ္ဓတရားတော်နှင့် ခေတ်သစ်သိပ္ပံပညာရှင်တိ အဆိုအရ tidal interaction ကြောင့် ကမ္ဘာကို နီက ၀ါးမျိုလားမည်ဖြစ်ပြီး သက်ဟိအားလုံးနန့် “ကမ္ဘာကြီးတခုလုံး ပျက်စီးရမည်သာဖြစ်သည်” http://ashinpannalinkara.blogspot.com/2012/03/blog-post_6472.htmlဟူသောပြောဆိုချက်များသည် တထပ်တည်းသာဖြစ်သည်။
အထက်မှာပြောခသော ဗုဒ္ဓဘုရားရှင် ဟောကြားခရေ အနန္တစကြာဝဠာ၊ ရောဟိတနတ်သားဖြတ်သန်းခရေ စကြာဝဠာတိနန့်၊ ဒေနီ မျက်မှောက်ခေတ် သိပ္ပံပညာရှင်ရို့က လက်ခံထားရေ စကြာဝဠာတိကို နှိုင်းယှဉ် လေ့လာနိုင်ကတ်စီဖို့ရန် အကောင်းဆုံး ဆန္ဒမွန်များနန့် ရွီးသားတင်ပြခြင်းဖြစ်ပါသည်။
 ကိုတော် ပညာ(မြောက်ဦး) မဟာချူလာတက္ကသိုလ်၊ ဘန်ကောက်
၂၂.၃.၂၀၁၂

ရခိုင်လူမျိုး သမိုင်း အကျဉ်းချုပ်

Wednesday, March 21, 2012



ရခိုင်

ရခိုင်လူမျိုးတို့ သည် ၄င်းတို့၏ ဇာတိနေရပ်ဖြစ်သော နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်း) အထိ ရှည်လျားသည့် ရခိုင်ကမ်းမြောင် ဒေသ တစ်လျှောက်တွင်နေထိုင်ကြသည်။ ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည် သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ ရခိုင်ဘုရင်များ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသတို့သည် ရခိုင်ပြည်၏ လက်အောက်ခံ ဖြစ်ခဲ့သဖြင့် ထိုစဉ်ကလကပင် ရခိုင်လူမျိုးအချို့သည် အုပ်ချုပ်သူ လူတန်းစားအဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသတို့ တွင်လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယနေ့ထက်တိုင် နေထိုင်ကြဆဲလည်း ဖြစ်သည်။ မြန်မာ့လူဦးရေ၏ လေးရာခိုင်နှုန်းနှင့် အထက်သည် ရခိုင်လူမျိုးတို့ဖြစ်သည်။

Thursday, May 10, 2012

No Pain: No Gain by Dhamma

No Pain: No Gain by Dhamma
................................
The word of No Pain: No Gain is very simple. this is a good proverb lovely and wonderful , and powerful to be successful in all whatever all the people are doing in daily life. This speech of the people is not used only by proverb, but even Lord Buddha had declared also to the societies as such as Dhukkassa Anantaram Sukham, which means there is peacefulness and happiness after trying with struggling of the life, and Practicing makes perfect in successful things.

Every one wants to success everything which ever they are doing the societies, so they are trying the best.
some people are wanting to pass everything without trying on their works or business, but they do not find the way how to be able to do. Naturally people want to get succeed easily in short way without any qualities.
The leader of the world acknowledge the qualities than certificates from Universities and class, so all of us should be trying to get better and wonderful skills of education and business.

Lord Buddha acknowledged the doing of practicing more than speech, that means the qualities of charity, moralities, and practicing of the noble way in the societies of Human being. Actually, as the person who are trying the best of life, Lord Buddha was showing the way how to be successful in what we are acting in daily life.
There are three types of successes of life in the societies as following they are:

One step: charity means helping the poor people in communities, supporting to the necessary of children in basic activities.

Tow step: Morality that means to be honest on each other, by following of five kinds of precepts ( Moralities).
Three step: Practicing: the doing of work or business in daily life, that means we have to try to get success of life, what we have a target. to go to the goal of life in success, there are four kinds of step as following they are:
1: Chanda: a big wishing of life, as a good leader of mind to think about success deeply, is making a big decision.

2: Citta: having a target of goal, is having one project in which we are wanting to do on something, because we have many projects, but we have to chose one of them ( which the best and the most wishing is).

3: Viriya: having an effort of the mind and body, normally doing of activities of works or business, not short way, not copy from others, just trying to get won idea , and creation, should be different from others.
and after having decision one thing, that should not give up. going to the target straightly. needing to face any difficulties, and facing to salve any problem, which is a part of arriving to the goal in the life.

4: Vimamsa: in Final step, is necessary to get good think about whether we should do or not. that is cause of knowledge, making decision of middle way, by education which should be or suitable jobs of business.
for the successful of anything, we do not understand, so we need to read information from the guide books, websites, and TV, and ask others who got good information, then we will surely get good answers.
we do not need to point and look at the mistakes and criticizes of others, just we need to look at your foots and percent of success. spending the time usefully for won and others is good worthy for the life belonging to peaceful having got freedom from poor life, or suffering life in the world.

Being poor and being rich are very different of the life in the societies, The effort, or activities are different, and idea of knowledge skills. some educated person said life is struggle and human being is a effort world.
Lord Buddha found the way, or left message of Dhamma to the societies the ways how to be successful and from all suffering, and to belonging to peaceful happiness of life.



By Ashin Thuseitta ( Mahachula University- Chiang Mai)
Faculty of Humanity, Majoring of International Program), Thailand
At present , in Malaysia

Monday, March 5, 2012

လက်အုပ်ချီ ရှိခိုးခြင်းနှင့်ပတ်သတ်၍

လက်အုပ်ချီရှိခိုးခြင်းနှင့်ပတ်သတ်၍ ဦးဇင်းတို့ ဗုဒ္ဓဘာသာလူမျိုးများ သိရှိသူနည်းလို့လား။ ဒါမှမဟုတ် သိရဲ့သားနဲ့ မလိုက်နာကျတာလားတော့ မသိပါဘူး။ ရှိခိုးတဲ့အခါမှာ တစ်ဦးနှင့်တစ်ဦး မတူညီကြတာကို ဦးဇင်းမြန်မာပြည်နေစဉ်က ခဏခဏ တွေ့ဖူးပါတယ်။ ဦးဇင်းကလည်း လူတစ်ယောက်ရှိခိုးတဲ့အခါမှာ ဒီလူ ဘာသာရေးလိုက်စားလား မလိုက်စားဘူးလားဆိုတာ သိချင်လို့ အဲဒီရှိခိုးတဲ့ပုံစံကို လူတစ်ယောက်ရှိခိုးတဲ့အခါ သေချာကြည့်တာက များပါတယ်။ သို့သော် မိမိနဲ့မရင်းနှီးသောသူများဖြစ်ပါက ပြောဆိုပေးဖို့က မဖြစ်နိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ မိမိနှင့်မရင်းနှီးရင် ဦးဇင်းက စကားလည်းမပြောတက် မပြောရဲတာကြောင့်လည်း ပါပါတယ်။ ဒါ့ကြောင့် ဦးဇင်းက အားလုံးကို ရင်းနှီးချင်တယ်။ ဒါမှလည်း အမြင်မတော်တာရှိရင် ကိုယ်က ရဲရဲတင်းတင်း ပြောရဲမှာလေ။
ဦးဇင်း နိုင်ငံခြားသားများနှင့် ဘုရားစေတီပေါ်တွင် တွေ့ဆုံ၍ စကားပြောဖြစ်သောအခါမှာလည်း သူတို့က မင့်တို့ ဗုဒ္ဓဘာသာလူမျိုးတွေ ဘာ့ကြောင့် ဘုရားရှိခိုးတဲ့အခါ တစ်ဦးနှင့်တစ်ဦး မတူညီကြတာလဲ။ မင့်တို့ဘုရားက ရှိခိုးခြင်းနှင့်ပတ်သတ်ပြီး မိန့်ကြားပေးခဲ့တာ မရှိဘူးလားဆိုပြီး အမေးခံရဖူးလို့ ဖြေရှင်းပေးခဲ့ရတာလည်း မနည်းပါဘူး။ အခုတစ်ခါ သီရိလင်္ကာနိုင်ငံရောက်၍ မိမိတက်နိုင်သမျှ ပညာများကို အွန်လိုင်းကနေတဆင့် ဖြန့်ဖြူးပေးနေတော့လည်း gmail ကနေ ရှိခိုးခြင်းနှင့်ပတ်သတ်ပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက ခဏခဏ အမေးခံရလို့ ဖြေပေးရတာလည်း များလှပါပြီ။ ဒါ့ကြောင့် နောက်တစ်ခါမေးခြင်းများကို မဖြေရအောင်နှင့် လူသားအားလုံးသိရှိပြီး လိုက်နာကျင့်သုံးနိုင်အောင် ဘယ်လိုရှိခိုးရမလဲဆိုတာကို တင်ပြပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ဗုဒ္ဓဘာသာ မြန်မာများမှ နိုင်ငံခြားသားများကို လက်အုပ်ချီရှိခိုးနေကြစဉ်

လက်အုပ်ချီမိုးရှိခိုးသောအခါ

ဥက္ခောင်းမြေထိ၊ ပြားပြားပိမျှ၊ အတိဂါရဝ၊ ရိုသေခလျက်၊ တုပ်ကွကျစ်လစ်၊ မြတ်ရှင်ချစ်အား၊ ပုဆစ်နှစ်ဖက်၊ စုံလက်ပြိုင်ပူး၊ နဖူးထိပ်စ၊ ဦးနှိမ်ချပြီး၊ ပဉ္စပတိဋ္ဌီ၊ ငါးလိမယွင်း၊ တည်ညွတ်ခြင်းဖြင့်၊ အချင်းခပ်သိမ်း၊ ညွတ်ညွတ်တိမ်းမှ….ဟု မဃဒေဝလင်္ကာပိုဒ်ရေ (၁၈)မှာ တင်ပြထားသကဲ့သို့
ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး ငါးဦးညီမှသာဆိုသည့်အတိုင်း မိမိခြေဖျားဆယ်ချောင်း၊ လက်ဖျားဆယ်ချောင်း၊ နဖူး၊ တံတောင်နှစ်ဖက်၊ ဒူးခေါင်နှစ်ဖက်တို့သည် ကြမ်းပြင်(သို့မဟုတ်) မြေကြီးနဲ့ ထိစပ်ပြီး ရှိခိုးရပါမည်။
ထို့ပြင် လက်အုပ်ချီတဲ့အခါမှာလည်း ကြာဖူးသဏ္ဍာန်ပြုလုပ်ပြီး နဖူးတည့်တည့်မှာ တည်ထားကာ ခါးညွတ်၍ရှိခိုးတဲ့အခါ လက်အုပ်ကလေးကြဲလိုက်ပြီးလျှင် မြေကြီးကို အထက်ပါငါးချက်လုံး ထိစပ်မှုရှိအောင် ရှိခိုးရပါမည်။
ထိခြင်းငါးပါးဖြင့် ဘုန်းကြီးများက ဘုရားဆင်းတုနှင့် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ရှိခိုးဦးချနေကြစဉ်
ယခုတင်ပြခဲ့သလို ဦးဇင်းတို့ဗုဒ္ဓဘာသာလူမျိုးများအားလုံး လိုက်နာကျင့်သုံးကြမယ်ဆိုလျှင် မိမိတို့ဘာသာကို အခြားသူများမြင်ပါက ကဲ့ရဲ့စရာ အထင်သေးခြင်းများလည်း ကင်းလွတ်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘူး တစ်ယောက်တစ်ပေါက်နှင့်လုပ်ချင်သလို လုပ်နေမယ်ဆိုပါက မိမိတို့ဘာသာကို တစ်ခြားဘာသာဝင်များက မင့်တို့ဘာသာက အခြေခံအဆင့်ဖြစ်တဲ့ ရှိခိုးတာတောင် တစ်ယောက်နှင့်တစ်ယောက်မတူညီကြဘူးဆိုပြီး ကဲ့ရဲ့အထင်သေးခြင်းများ ခံရမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။
ယခုလောက်တင်ပြလျှင် လုံလောက်မည်ဟုထင်သောကြောင့် ဒီမှာပဲ နိဂုံးချုပ်ရင်း ဦးဇင်းတို့ဗုဒ္ဓဘာသာလူမျိုးများသည် အခြေခံအဆင့်ဖြစ်တဲ့ ရှိခိုးခြင်းလေးကိုတော့ အားလုံးညီညွတ်စွာဖြင့် လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါပေသည်။
.............................................................................................
အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com
ကိုလံဘိုမြို့၊သီရိလင်္ကာနိုင်ငံ။


Myanmar Express

Wednesday, February 22, 2012

ဝိပဿနာ အကျိုး (၇)မျိုး

ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဥာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။ (သုတ်၊ မဟာဝါ)
ဒီပါဠိတော်က သတိပဋ္ဌာန်အကျိုး(တနည်း) ဝိပဿနာအကျိုး ခုနစ်မျိုးကို ပြဆိုထားတဲ့ ပါဠိတော်များ ဖြစ်ပါတယ်။အဲဒီအကျိုးတရား(၇)ပါးက ဘာတွေလဲလို့ဆိုတော့


(၁)။ သတ္တာနံဝိသုဒ္ဓိယာ = ကိလေသာစင်စေခြင်း။
(၂)။သောကာနံ သမတိက္ကမာယ = စိုးရိမ်ပူဆွေးရတဲ့ သောကတွေမှ လွန်မြောက်စေခြင်း။
(၃)။ ပရိဒေဝါနံသမတိက္ကမာယ = ငိုကြွေးမြည်တမ်း ပင်ပန်းခြင်းမှ လွန်မြောက်စေခြင်း။
(၄)။ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ= ကိုယ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။
(၅)။ ဒုက္ခဒေါမနဿာနံအတ္ထင်္ဂမာယ = စိတ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။
(၆)။ဥာယဿ အဓိဂမာယ = မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုရရှိစေခြင်း။
(၇)။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ = နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း။ ဆိုတဲ့ အကျိုးတရား(၇)မျိုးဖြစ် ပါတယ်။
(၁)။ သတ္တာနံ ဝိသုဒ္ဓိယာ = သတ္တဝါတို့အား ကိလေသာမှစင်ကြယ်စေခြင်းဆိုတဲ့ အချက်မှာ ဝိပဿနာ တရားအားထုတ်နေတဲ့အချိန်ကို ပြန်ပြီးကြည့်လိုက်ပါ။ တရားရှုမှတ်နေခိုက်မှာ လောဘ၊ ဒေါသ ၊ မောဟ စတဲ့ ကိလေသာတွေစင်ကြယ်နေတာကိုတွေ့နိုင်ပါတယ်။ တရားရှုမှတ်နေခိုက်မှာ ခန္ဓာကိုယ်ရဲ့ မမြဲတဲ့ သဘော၊ ဆင်းရဲတဲ့သဘော၊ အစိုးမရ အလိုမလိုက် အနှစ်သာရမရှိတဲ့ သဘောတွေကို မြင်တွေ့ နေရတော့ လိုချင်မှုလောဘကိလေသာတွေ၊ မကျေနပ်တဲ့ဒေါသ ကိလေသာတွေ၊ မိုက်မဲတွေဝေမှုဆိုတဲ့ မောဟ ကိလေသာတွေကင်းစင်နေတာကို ပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ ဒါက တရားရှုမှတ်ခိုက် မှာ ခဏတာ ကိလေသာတွေစင်ကြယ်နေခြင်းဖြစ်ပါတယ်။ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ အပြီးအပိုင် ရသွားပြီဆိုရင်တော့ ဆိုင်ရာကိလေသာများလည်း အပြီးအပိုင်ကင်းစင်းသွားမှာပါ။ ဒါကြောင့် ဝိပဿနာ (တနည်း) သတိပဋ္ဌာန်တရားရှုမှတ်ခြင်းဖြင့် ကိလေသာများစင်ကြယ်ခြင်းဆိုတဲ့ အကျိုးတရားကို ရနိုင်ပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
(၂)။သောကာနံ သမတိက္ကမာယ = စိုးရိမ်ပူဆွေးရတဲ့သောကတရားတို့မှလွန်မြောက်ခြင်း
အားလုံးသောပုဂ္ဂိုလ်များအနေနဲ့ သားရေး သမီးရေး စီးပွားရေး အိမ်ထောင်ရေး စတဲ့ အရေးကိစ္စတွေကြောင့် စိုးရိမ်ပူဆွေးမှုဆိုတဲ့ သောကတရားတွေ အနည်းနဲ့ အများဆိုသလို ရှိနေတတ်ကြပါတယ်။ အဲဒီသောက တရားတွေဖြစ်လာတဲ့အခါ မဖြစ်အောင် ငြိမ်းပျောက်အောင် ပယ်ဖျောက်ပေးနိုင်တာ ဒီဝိပဿနာအလုပ်ပဲရှိ ပါတယ်။ ဝိပဿနာအလုပ်တရားကို ပွားများအားထုတ်ထားရင် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်တဲ့ သောက တရားတွေကို ပယ်ဖျောက်နိုင်ပါတယ်။ သောကတရားရဲ့ဒဏ်ကို ခံနိုင်ရည်ရှိတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
(၃)။ ပရိဒေဝါနံ သမတိက္ကမာယ = ငိုကြွေးမြည်တမ်း ပင်ပန်းခြင်းမှလွတ်မြောက်စေနိုင်ခြင်း။
သားဆိုးသမီးဆိုးများကြောင့် ငိုကြွေးပင်ပန်းရခြင်း၊ ဥာတိဗျသနဘေးဆိုတဲ့ ဆွေမျိုးတွေ သေကြေပျက်စီးလို့ ငိုကြွေးမြည်တမ်းပင်ပန်းရခြင်း၊ ဘောဂဗျသနဘေးဆိုတဲ့ စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးရခြင်းကြောင့် ငိုကြွေးမြည်တမ်းပင်ပန်းရခြင်းဆိုတဲ့ အဆိုးတရားများ လူတိုင်းကိုယ်စီရှိနေကြပါလိမ့်မယ်။ အဲဒီတရားတွေ ဖြစ်လာတဲ့အခါ ထိုတရားတွေမှ လွန်မြောက်စေနိုင်တာ ဝိပဿနာအလုပ်ပဲဖြစ်ပါတယ်။ ဝိပဿနာအလုပ်ကို လုပ်ထားတဲ့သူများဟာ ထိုတရားများကြုံတွေ့လာခဲ့ရင်လည်း ထိုတရားတို့အပေါ်မှာ မှန်ကန်စွာနှလုံးသွင်း တတ်တာကြောင့် ထိုတရားတွေမှ လွန်မြောက်နိုင်စေပါတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
(၄)။ဒုက္ခဒေါမနဿာနံ သမတိက္ကမာယ = ကိုယ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။
ဘေးအန္တရာယ်အမျိုးမျိုးကြောင့်လည်းကောင်း၊ အနာရောဂါများကြောင့်လည်းကောင်း ကိုယ်ဆင်းရဲမှုများကို လည်း လူတိုင်းလူတိုင်းကြုံတွေ့နေကြရပါတယ်။ ထိုထိုသော ကိုယ်ဆင်းရဲမှုများကိုလည်း ဝိပဿနာတရား က လွန်မြောက်နိုင်ပါတယ်။ တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။ ကင်ဆာရောဂါ သွေးတိုးရောဂါခံစားနေရသူများ တရားအားထုတ်လိုက်တာ ရောဂါများပျောက်ကင်းသွားတယ်လို့ ဖတ်ဖူး မှတ်ဖူးကြမယ်လို့ထင်ပါတယ်။ ကုသလို့မပျောက်ကင်းနိုင်တဲ့ ရောဂါဝေဒနာရှင်များ နောက်ဆုံးအဆင့်အနေနဲ့ တရားအားထုတ်လိုက်လို့ ရောဂါများသက်သာပျောက်ကင်းပြီး ကျန်းမာချမ်းစွာနဲ့ အသက်ရှင်နေလျက်ရှိပါတယ်ဆိုတဲ့ သတင်းများကို လည်းကြားဖူးပါလိမ့်မယ်။ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ ဝိပဿနာတရား သတိပဋ္ဌာန်တရားဟာ ထိုထိုသော ကိုယ်ဆင်းရဲမှုဆိုတဲ့ ကာယိကဒုက္ခမှလည်းလွန်မြောက်စေနိုင်ပါတယ်။
(၅)။ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ = ဒီအချက်က စိတ်ဆင်းရဲမှုမှလွန်မြောက်ခြင်း။ ဆိုပြီး စိတ်ဆင်းရဲမှု စေတသိကဒုက္ခကိုယူရပါတယ်။ဆိုလိုတာက တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်မသက်သာမှု စိတ်ဆင်းရဲမှုများ လူတိုင်းလိုလိုကြုံတွေ့နေရတာရှိပါတယ်။ ထိုသို့သော စိတ်ဆင်းရဲမှုများမှလည်း ဝိပဿနာ တရားကလွန်မြောက်နိုင်တယ်လို့ ဟောတော်မူခြင်းဖြစ်ပါတယ်။
(၆)။ ဥာယဿ အဓိဂမာယ= မဂ်ဥာဏ် ဖိုလ်ဥာဏ်များကိုရနိုင်ခြင်း။
ဝိပဿနာ သတိပဋ္ဌာန်တရားပွားများမှုရဲ့ အမြတ်ဆုံး အထွက်အထိပ်အကျိုးပါပဲ။ သတိပဋ္ဌာန်အလုပ် ဝိပဿာနာအလုပ်ဟာ ဘာဖြစ်အောင် အားထုတ်တာလဲဆိုတော့ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာတွေရရှိအောင် အားထုတ်ကြတာပါ။ထိုမဂ်ချမ်းသာ ဖိုလ်ချမ်းသာများရရှိအောင် ဝိပဿနာအလုပ်ကိုလုပ်ပါမှရနိုင်ခြင်းဖြစ်ပါ တယ်။ ဝိပဿနာအလုပ်ကို လုပ်မယ်ဆိုရင် မဂ်ချမ်းသာ ဖိုလ်ချမ်းသာများကိုရရှိနိုင်တယ်လို့ဆိုလိုခြင်းဖြစ် ပါတယ်။
(၇)။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ= နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခြင်း။
ဒါကနောက်ဆုံးအကျိုးတရားဖြစ်ပါတယ်။ နိဗ္ဗာန်ချမ်းသာဆိုတာ ဗုဒ္ဓဘာသာတိုင်းလိုလားတောင့်တနေတဲ့ အရာပဲ။ နိဗ္ဗာန်ကိုမျက်မှောက်ပြုရင် ဒုက္ခအားလုံးမှ လွတ်ငြိမ်းသွားပါပြီ။ ထိုနိဗ္ဗာန်ချမ်းသာကိုရစေနိုင် ရောက်စေနိုင်တာကတော့ ဝိပဿနာအလုပ်တစ်ခုပဲရှိပါတယ်။ ကျန်သော ဒါန သီလ သမထကုသိုလ်များ က အထောက်အပံ့ပေးနိုင်ရုံသာ ပေးနိုင်တာပါ။ နိဗ္ဗာန်ကိုတိုက်ရိုက်မရောက်နိုင်ပါဘူး။ နိဗ္ဗာန်သွားရာလမ်း ကြောင်းမှာလည်း ဒါန သီလ သမထ ကုသိုလ်များရှိရပါမယ်။ တိုက်ရိုက်မပို့ဆောင်နိုင်ပေမယ့် ရောက်အောင် ရအောင် အထောက်အပံ့လောက်တော့ပေးနိုင်ပါတယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်တဲ့ ကုသိုလ်ဟာ ဝိပဿနာကုသိုလ်ပဲဖြစ်ပါတယ်။ ဒါကြောင့်အားလုံးသော ပုဂ္ဂိုလ်များလည်း ဝိပဿနာအလုပ် ကို အားထုတ်ရင်း ကိလေသာများစင်ကြယ်ပြီး နောက်ဆုံး နိဗ္ဗာန်ထိတက်လှမ်းနိုင်ပါစေ။
စာဖတ်သူအားလုံး သက်ရှည်ကျမ်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)http://wiradhamma.blogspot.com/2012/02/blog-post_20.html

Thursday, February 9, 2012

မြတ်တရား၏ ဖိတ်ခေါ်သံ

ဘုရားမြတ်စွာသာသနာတော်နှင့်ဆုံးဆည်းခွင့်ရခြင်းသည်ကောင်းသောအခွင့်ရေးကြီးတစ်ခုဖြစ်ပါသည်။
ထိုအခွင့်ရေးကြီးကိုသူတော်ကောင်းများသည်အခွင့်ခါကိုမလွတ်စေပဲကျင့်ရမည်ဖြစ်သောလမ်းစဉ်များကို
လိုက်နာကျင့်ဆောင်ကြနေကြပါသည်။လိုက်နာကျင့်ဆောင်ရသည်မှာဘုရားဟောတရားတော်များ
ပင်ဖြစ်ပါသည်။ ထိုတရားတော်တို့သည်နံပါတ်(၁) လိုက်နာရမည်စမ်းကမ်းချက်(ဝိနည်း) တနည်းအားဖြင့် (သီလ) တနည်းအားဖြင့် စည်းကမ်းများပင်ဖြစ်ကြပါသည်။ နံပါတ်(၂)သုတ္တာန် (သမာဓိ)ကိုဆိုလိုပါသည်။
သမာဓိဆိုသည်မှာမိမိ၏လုပ်နေသောလုပ်ငန်းများကိုစူးစူးစိုက်စိုက်နဲ့တည်တည်ငြိမ်ငြိမ်
လုပ်ဆောင်ရမည်ဖြစ်ပါသည်။ သမာဓိဖြင့်လုပ်ဆောင်နေသောလုပ်ငန်းများသည်အောင်မြင်မှုဖြင့် ပန်းတိုင်ကိုရောက်ကြပါသည်။ (၃)အမြင့်ဆုံးအသိပညာ( အဘိဓမ္မာ) ပင်ဖြစ်ပါသည်။ ထိုသိုအားဖြင့် တရားတော်သုံးမျိုးကိုဘုရားရှင်ဟောကြားတော်မူခဲ့ပါသည်။ ထိုတရားတော်တို့ကို သိဖို့ရန် လေ့လာရမည်ဖြစ်ပါသည်။ လေ့လာရုံဖြင့်မကျင့်နိုင်လျှင်လည်း တရားတော်၏အကျိုးတရားများကိုမရရှိနိုင်သေးပါ။ ထို့ကြောင့် သဘောပေါက်အောင်လေ့လာခြင်းသည်ပင် (၁) ပရိယတ္တိသာသနာဟုခေါ်ဆိုပါသည်။ သဘောပေါက်ပြီး၍ကိုယ်တိုင်အားထုတ်ခြင်းကို(၂) ပဋိပတ္တိသာသနာဟုခေါ်ဆိုပါသည်၊ အရှိကိုအရှိတိုင်းသဘောပေါက်၍ ရရှိခံစားစံစားရမည်ဖြစ်သောတရားတော်ကို (၃) ပဋိဝေဓ သာသနာဟုခေါ်ဆိုပါသည်။ ထိုတရားတော်တို့ထဲမှာ မိမိတို့ကြိုက်နှစ်သက်သော တရားတော်တမျိုးမျိုးကိုတခုတည်းသောသမာဓိစိတ်ဖြင့်အားထုတ်ဖို့ရန် တရားတော်ဂုဏ်ပုဒ်နဲ့အညီ မြတ်တရားတော်မှ အမြဲကြိုဆိုလျက်ရှိပါသည်။ ဧဟိပဿိကော- လာခဲ့စမ်းပါ၊ ပွားများလှဲ့စမ်းပါဟုဖိတ်ခေါ်လျက်ရှိပါသည်။ သတ္တဝါတိုင်းသည် နေ့စဉ်နေ့တိုင်း စားယင်းသောက်ယင်းလုပ်ကိုင်ယင်းဖြင့် လောကီအကျိုးကိုမျှော်ကိုးကာ တနေ့ပြီးတနေ့လွန်မြောက်စေခဲ့ပါသည်။ ကျော်လွန်ဖြတ်သန်းသွားခဲ့သော အချိန်များကိုလည်းအမှတ်တမဲ့မေ့မျောနေခဲ့ကြပါသည်။ မြတ်ဘုရားသာသနာသည် စကားထက်အလုပ်ကိုပို၍တန်းဖိုးထားပါသည်။ လက်တွေ့လုပ်ရသော ဘာသာလည်းဖြစ်ပါသည်။ ဘုရားသာသနာတော်ကိုယုံကြည်ကိုးကွယ်နေကြသောလူအချို့တို့သည် မိမိတို့ကိုယ်တိုင်မကျင့်ပဲ၊ မလိုက်နာပဲ အပြောဖြင့် တတ်ရောင် နတ်ယောင် သိသယောင်ဖြင့်ဝေဖန်နေကြကိုအချို့သော ဘာသာခြားများလည်း ကဲ့ရဲ့နေကြသည်ကိုတွေ့ရပါသည်။ မြတ်ဘုရားသည် သတ္တဝါအားလုံးတို့ကိုသနားတော်မူ၍လမ်းပြလိုသောစိတ်ထားဖြင့် ၄၆ ဝါကာလကြာ မနေမနားတရားတော်ဆေးများကိုကိလေသာရောဂါများကင်းပျောက်စေရန် သတ္တဝါ များအားကုစားပေးတော်မူခဲ့ပါသည်။
မြတ်ဘုရားပေးခဲ့သော အသိပညာရပ်များသည် လောကီအတွက်တင်မက လောကုတ္တရာ အထန်းတန်းကျကျ မြင့်မြတ်သောလူသားဖြစ်စေပြီး သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်အောင်ပေးစွမ်းနိုင်ပေသည်။ မြတ်ဘုရား၏တရားတော်များသည်လည်း
ရှောင်ရမည့်နည်းလမ်းများနှင့်လိုက်နာရမည့်နည်းလမ်းများကိုပါပြသထားပါသည်။ မြတ်ဘုရား၏
မြတ်တရားဆေးတော်များကိုသောက်သုံးရန်ငွေကုန်စရာမလိုပဲ ကိလေသာရောဂါများကင်းပျောက်စေပါသည်။ မြတ်တရားတော်ဆေးများသည် 
အခမဲ့ကုသပေးနေပါသည်။ ဤကဲ့သို့ ချိုသာသော အေးမြသော ဓမ္မသံစဉ်တော်ဖြင့်လာခဲ့စမ်း၊ ရှု့လှဲ့စမ်းပါဟုအစဉ်ထာဝရ ဖိတ်ခေါ်လျက်ရှိပါသည်။

အားလုံးကျမ်းမာလို့ချမ်းသာ ဘေးကင်းကွာ အေးချမ်းကာ တရားထူးများရနိုင်ကြပါစေ
.............................................................................
အရှင်သုစိတ္တ ( မဟာချူလာတက္ကသိုလ်-ချင်းမိုင်)

Thursday, February 2, 2012

မြတ်ဗုဒ္ဓတရားတော်ကိုလူသားတိုင်းလ့လာသင့်

 မြတ်ဗုဒ္ဓတရားတော်များကိုလူသားတိုင်းလ့လာသင့်ပါသည်။


ဓမ္မဆိုသည်မှာတရားတော်ဟုမြန်မာဘာသာပြန်ဆိုထားပါသည်။ထိုတရားတော်များကို
ဘုရားမြတ်စွာသည်လေးဆယ့်ငါ့ဝါသက်တော်အားဖြင့်၄၅နှစ်တိတိတရားတော်များကို
သတ္တာတို့အားတရားတော်ဆေးများကိုတိုက်ကျွေတော်မူခဲ့ပေသည်။
တရားတော်သည်သတ္တဝါတို့၏ ကိလေသာရောဂါများကိုတိုက်ရိုက်ပပျောက်အောင်၊   ချက်ချင်းကုသပေးနိုင်သောတရားဆေးတော်များပင်ဖြစ်ပါသည်။တရားတော်
ဆိုသည်မှာမြတ်ဘုရားဟောကြားခဲ့သောပိဋကတ်သုံးကျမ်းပင်ဖြစ်ပေသည်။
၎င်းတို့တွင်လူသားတိုင်းကျုင့်ကြံကြိုးကုတ်လိုက်နာရသည်မှာဝိနည်းတရားတော်
(သီလ)တရားတော်နှင့်အဘိဓမ္မာအသိဥာဏ်တိုးတက်စေနိုင်သောတရားတော်များ
ပင်ဖြစ်ကြပါသည်။ကျန်သောသုတ္တာန်တရားတော်မှာထိုတရားတော်တို့ကို
မည်သို့ကျင့်လျင်မည်သို့သောအကျိုးတရားများကိုရစေနိုင်သည် ဟုတ်ထောက်ထားပြသောသက်သေသာဓကတရားတော်များဖြစ်ပါသည်။မြတ်ဘုရား၏
တရားတော်များသည်ဘုန်းကြီးရဟန်းသီလရှင်များကျင့်ရန်အတွက်သာမဟုတ်ပေ။
လူသားတိုင်းကျင့်ရမည်ဖြစ်သောတရားတော်များဖြစ်ကြပါသည်။မိမိကိုယ်တိုင်
ကျင့်သော်လည်းမပြီးသေးအများသူငှာကျင့်စေနိုင်ရန်လည်းတိုက်တွန်းရမည်ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော်၊တရားတော်များကိုအားလုံးကျင့်သင့်သည်ဟုယူဆရပါသည်။
လူသားတိုင်းကျင့်လာနိုင်သောခါကိုယ်ကျင့်သီလမြဲ၍မတရားအဓမ္မတရား
များကင်းဆိပ်ခြင်း၊မေတ္တာတရားများပွား၍ဒေါသတရားများကင်းဆိပ်ကာလူကိုလူချင်းကျင်နာစိတ်
တိုးတက်လာခြင်း၊လူကိုလူချင်းတန်းတူဆက်ဆံလာခြင်းအေးချမ်းသော
ကမ္ဘာတခုတရားစုဖြင့်ဘဝသက်တလျှောက်တွင်ရပ်တည်နေသွားရခြင်းစသောအကျိုးတရား
များကိုရရှိစံစားရမည်ဖြစ်ပါသည်။ထိုအခြင်းရာကြောင့်မြတ်ဘုရား၏တရားတော်များကို
လူသားအားလုံးမပါယ်သင့်၊မပါယ်အပ်ဟုယုံကြည်လိုစေလိုသောစိတ်ထားဖြင့်တင်ပြလိုက်ရပါသည်။
.............................................................................

အားလုံးကျမ်းမာလို့ချမ်းသာ အေးမြကြပါစေ
ဦးသုစိတ္တ
မဟာချူလာတက္ကသိုလ်
ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ

Saturday, January 14, 2012

ဦးသုမင်္ဂလပျံလွန်တော်မူခြင်းအတွက် ၀မ်းနည်းခြင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပါစီကျလန် ၀ပ်တလုမ်ကျောင်းတိုက်တွင် သီတင်းသုံးနီထိုင်တော်မူသော အသျှင်သုမင်္ဂလ (သက်တော် 40၊ ၀ါတော် 20) တောင်ကုတ်ဇာတိသည် 2012 ခုနှစ် ဇန်န၀ါရီလ 13နိ မိုးသောက်သားအချိန်တွင် ရုတ်တရက်ဘ၀နပ်ထံပျံလွန်တော်မူလားရေအတွက် ထိုအသျှင်ဘုရားရို့ မိသားစုဝင်တိနန့်အတူ ထပ်တူဝမ်းနည်းရပါကြောင်း ....


အသျှင်သုမင်္ဂလသည် ရန်ကုန်မြို့ သာကေတမြို့နယ် ယွှေစာရံပရိယတ္တိစာသင်တိုက် တည်ထောင်ရာတွင် ပါဝင်ကူညီခပြီး၊ စာချဆရာတော်အဖြစ်လည်း နှစ်ပေါင်းများစွာ တာဝန်ယူစာသင်ပီးခသည်။
ထိုင်းနိုင်ငံတွင် သီတင်းသုံးနီထိုင်စဉ်အတွင်း ၀ပ်တလုံကျောင်းတိုက်တွင် ရခိုင်သံဃာကိုယ်စားပြုနာယကအဖြစ်လည်းကောင်း၊ ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသားရဟန်းတော်များအသင်းနာယကအဖြစ်လည်းကောင်း တာဝန်ယူခပြီး၊ ရခိုင်ပြည်သို့ ဂီရိမုန်းတိုင်းဝင်ရောက်ခစဉ်က ထိုင်းနိုင်ငံရခိုင်ရဟန်းတော်များဦးဆောင်သော ဂီရိမုန်းတိုင်းကူညီကယ်ဆယ်ရေးကော်မတီ (ထိုင်းနိုင်ငံ) ၏ ဦးဆောင်ကော်မတီအဖြစ်ပါဝင်ကာ ရခိုင်ပြည်တွင်း ဂီရိမုန်းတိုင်းကယ်ဆယ်ရေးနန့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းပနာ ပါဝင်လုပ်ဆောင်ခသော ရခိုင်မျိုးချစ်ရဟန်းတော်တစ်ပါးဖြစ်ပါရေ။

ဦးသုမင်္ဂလသည် သတ္တ၀ါရို့လွန်ဆန်၍ မရသော သင်္ခါရတရား၏ ခေါ်ဆောင်ရာနောက်သို့ ကောက်ကောက်ပါအောင် လိုက်လားခရကေလည်း မဂ်ဖိုလ်နိဗ္ဗာန်မရောက်သိသမျှသော ကာလပတ်လုံး ကောင်းရာဘုံးဝတိဘ၀တိမှာ ကျင်လည်ပါရစီကြောင်း ရခိုင်သံဃာသတင်းအချက်အလတ်က ဆုတောင်းမေတ္တာပို့သလိုက်ပါရေ။


ဝမ်းနည်းစွာဖြင့်
ရခိုင်သံဃာ့အိန်ဖို
tun tun arakantuntun@gmail.com
01:15 (2 hours ago)

to rakhaingsangha.
စာချ ဆရာတော် ဦးသုမင်္ဂလ ပျံတော် မူသော သတင်းကိုကြားရေ အတွက် ဆရာတော် ဧ။် မိသားစု နှင့် အတူ အထူး ၀မ်းနည်းမိပါရေ
အခုစာရေးလိုက်တဲ့  ကိုယ်တော်သည် ယင်းစာချ ဆရာတော် ဦး သုမင်္ဂလ ဧ။် တပည့် တပါးဖြစ်ပါရေ
သာကေတ ၁၃ ရက် ကွပ် ရွေစာရံ ပရိယတ္တိ စာသင်တိုက်တွင် အလက်တန်း စာ သင်သား ဘ၀ နှင့် ယင်းဆရာ တော်ဘား ထံတွင် ပို့ ချပီးသော ဗုဒ္ဓ စာပေးများ နှင့်
အမျိုးသားရေ စိတ် အသိ သမိုင်း များကို နှစ်ရှည် ကြာ သင်ကြားခရေ တပည့် တပါး ဖြစ်ပါရေ အခုမှ့  ဆရာတော် သည် သာကေတ ရွေစာရံကျောင်းတွင် စာချ ဘ၀ နှင့် နိန်ခကြောင်း
သိရလို့  အထူးအားကြီး ၀မ်းနည်းမိပါရေ ဆရာတော်ရေ စာချ ဘ၀က ပင် စာသင်သံဃာ တပည့် များ ကို သူကျွန် မခံချင်စိတ် မိမီရခိုင် လူမျိုး ကျွန် ဘ၀က လွတ်ကင်းရန် လုပ်ဆောင်
ရမည် နည်းလမ်းများ ကိုလဲး စာချနေဆဲး ကလ တွင် နိ့ တိုင်းပင် ပြောဆို သင်ကြား ခဲးပါသည် ဆာရတော် ရေ မျိုချစ် ရဟန်း တပါးဖြစ်ပြီး ကိုတော် ရို့  သီတင်း သုံးနိန်ထိုင် ခရေ စာချ
ဆရာတော် များတွင်  အေ ဆရာတော် သုမင်္ဂလ သည်  သင်္ဂြိုဟ် သဒ္ဒာ ၀ိနည်း မာတိက ဒ့တုကထာ ပဌာန်း ဆန်း အလင်္ဂါ အဘိဓမ္မာ များ နှင့် ပါဠိ အနက် အဒိပါယ် များကို နက်နည်း
ကျယ် ပြန့်  စွာ သင်ကြား ဟောပြော ပီး တပည့်များ ကို နားလည် သဘောပေါက်အောင် သင်ကြားခရေ ဆရာတော် တပါးဖြစ်ပါသည် အေဆရာတော်ပျံတော် မူရေ အဖြစ်သည် ကိုတော်
ရို့  ဗုဒ္ဓသာသနာတော် အတွက် ရော့ တိုင်းပြည် အတွက် ပါ အလွန် ဆုံးချုံး ခလိုက်ရခြင် ဖြစ်ပါရေ
ကိုတော်
အရှင် စန္ဒြမုနိ မြောက်ဦး မြို့

Tuesday, December 27, 2011

နှစ်သစ်ကူးရဲ့ မေတတ္တာပန်းလက်ဆောင်


သူငယ်ချင်းတို့ရေ………….
ဒီနေ့ဦးဇင်းအနေနဲ့အတွေးသစ်လေးတစ်ခုစိတ်ထဲမှာပေါ်လာလို့ရေးလိုက်မိတာပါ။စာရေးဆရာလည်းမဟုတ်သလိုရင်ကျက်နေတဲ့သူတစ်ပါးလည်းမဟုတ်သေးပါဘူး။ဦးဇင်းရဲ့အမြင်လေးအတွေးသစ်လေးတစ်ခုကိုတင်ပြရမယ်ဆိုရင်..ဘုရားသား
တော်ရဟန်းတစ်ပါးအနေနဲ့၊နှစ်ဟောင်းတွေကြွေလို့နှစ်သစ်တစ်နှစ်ကိုစတင်လှမ်းနေတဲ့အချိန်လေးလို့လည်းပြောချင်ပါသေးတယ်။နှစ်စဉ်နှစ်တိုင်းအစဉ်အလာအရပြောရရင်ဘယ်နေရာမှာမဆိုတစ်ယောက်နဲ့တစ်ယောက်သူငယ်ချင်းပဲဖြစ်ဖြစ်၊ချစ်သူတွေပဲဖြစ်ဖြစ်ပေါ့ အမှတ်တရလက်ဆောင်လေးတွေ၊ ကဗျာလေးတွေ ရေးသားကြပြီး ပေးပို့ကြတယ်လေ။ ဦးဇင်းအနေနဲ့ကတော့အသက်ကြီးတဲ့သူတွေကိုလည်းမရည်ရွယ်သလို၊အသက်ငယ်ပြီးအသက်ရွယ်တူသူတွေကိုလည်းမရည်ရွယ်ပါ။အားလုံးအတွက်ပဲဖြစ်စေရမယ်ဆိုတဲ့ရည်ရွက်ချက်ပဲဖြစ်ချင်ပါတယ်။လူတိုင်းလူတိုင်းမှာလက်ဆောင်တစ်ခုခုကိုပေး
ချင်ကြတာဟာကောင်းတဲ့အစဉ်အလာလေးတစ်ခုလည်းဖြစ်သလိုလက်ခံရတဲ့သူတွေလည်းဝမ်းပန်းတသာနဲ့ ကြိုဆိုနေမြဲပါ။ ဦးဇင်းအနေနဲ့ကတော့လန်းဆန်းနေမှာပစ္စည်းမပါဆိုတဲ့လက်ဆောင်လေးတစ်ခုလို့ပြောလို့ရသလိုပစ္စည်းပါတဲ့လန်းဆန်းမှု့
မျိုးမဟုတ်သော်လည်းရင်ထဲမှာအစဉ်လာသတိရခိုက်မှာအေးချမ်းနေတာကိုပဲပေးချင်လိုတဲ့အတွက်ဘုရားမြတ်စွာစကားတော်များထဲမှသတိရမှတ်မိသလောက်ထဲကထုတ်နုတ်ကာဓမ္မလက်ဆောင်လေးတစ်ခုပေးလိုပါတယ်။
လောကမှာ အေးချမ်းဆုံးကတော့ တရားအရိပ်က အေးချမ်းဆုံးလို့လည်းပြောချင်ပါသေးတယ်။ နှစ်တစ်နှစ်ကုန်ဆုံးချိန်မှာ တစ်နှစ်တာရဲ့ကိုယ်လုပ်ခဲ့တာဘယ်လောက်ထိအကောင်းလေးတွေအောင်မြင်မှု့ရရှိခဲ့သလဲ၊ဘလောက်ထိမိတ်ဆွေကောင်းတွေတွေ့ရှိခဲ့သလဲစသည်အားဖြင့်တွေးလာချိန်မှာတစ်နှစ်တာလေးကိုပြန်လည်သုံးသပ်မိဖို့ပါပဲနော်။အေးမြမှု့ကို
ဘယ်လောက်ထိရခဲ့သလဲဆိုတာကိုလည်းပြန်တွေးမိပါသေးတယ်။အားလုံးပြည့်စုံပြီးမိမိရဲ့အောင်မြင်မှု့တွေကိုလည်းသုံး
သပ်ပြီးတကမ္ဘာလုံးရဲ့အောင်မြင်မှု့တိုးတက်မှု့၊နှင့်ဆုံးရှုံးမှု့အရေးတွေကိုပါသုံးသပ်နေကြတဲ့သိပ္ပံပညာရှင်တွေလည်းရှိပါသေးတယ်။အနည်းဆုံးကတော့သူတို့လိုအားလုံးကိုမသုံးသပ်နိုင်ရင်တောင်မှမိမိရဲ့တစ်နှစ်တာဖြစ်ပျက်မှု့အားလုံးကိုပြန်လည်စာရင်းရှင်းသုံးသပ်နိုင်ဖို့လိုတယ်လို့အတွေးဝင်လာတယ်နော်။အားလုံးကလောကီလူသားတွေဆိုတော့လောလောဆယ်မှာလောကီကောင်းကျိုးကိုပဲသုံးသပ်ဖို့လိုတယ်လေ။တခုချင်းတခုချင်းပြန်လည်းသုံးသပ်မိလာရင်တော့ စာရင်းတွေလည်းနိင်လာမှာပါ။ပြီးတော့အကြွေးဆိုတာလည်းကျန်သေးတယ်။အကြွေးဆိုတာလည်းငွေချေးတဲ့အကြွေးကိုလည်းဆိုလိုတာလည်းမဟုတ်သေးဘူးလေ။မိမိရဲ့မေတ္တကြွေးတွေ။အကုသိုလ်အကြွေးတွေလည်းရှိသေးတယ်မဟုတ်လား။ငွေအကြွေးတွေကိုအလုပ်လုပ်ရင်ပြန်ဆပ်နိုင်လို့ရသလို။မေတ္တာကြွေးတွေ၊အကုသိုလ်အကြွေးတွေကိုကျတော့မိမိရဲ့မေတ္တာစိတ်၊ကုသိုလ်စိတ်တွေနဲ့ပဲပြန်ဆပ်မှာဆိုတော့ဒီအကြွေးတွေကိုလည်းပြန်ဆပ်နိုင်ကြပါစေလို့လည်းဆုတောင်းပေးပါတယ်။ဦးဇင်းမှာအကြွေးတွေရှိနေခဲ့ရင်ဒီတရားလေးနဲ့ပဲမေတ္တာရေမွှေးတစ်ဘူးနဲ့မေတ္တာပန်းလက်ဆောင်များကိုလည်းမေတ္တာစိတ်နဲ့အတူအင်တာနက်စာတိုက်မှတဆင့်ပေးပို့လိုက်ပါတယ်။မေတ္တာစာအိပ်လက်ဆောာင်များရောက်ရှိပါက၊လက်ခံရကြောင်း
လည်းအကြောင်းပြန်ဖို့တောင်းဆိုချင်ပါတယ်သူငယ်ချင်းတို့ရေ။………
နှစ်ဟောင်း2011မှသည်နှစ်သစ်ပေါင်းနှစ်များတိုင်အသက်ရှည်လို့ကိုယ်ကျန်းမာစိတ်ချမ်းသာစွာနဲ့အေးချမ်းကာ၊ပန်းခင်း
သောလမ်းပမာလျှောက်လှမ်းနိုင်ကြပါစေလို့စစ်မှန်သောသစ္စာမေတ္တာနဲ့တောင်းဆုချွေလိုက်ပါတယ်။

ဦးသုစိတ္တ
နောက်ဆုံးနှစ်
မဟာချူလာတက္ကသိုလ်
ချင်းမိုင်မြို့၊ ထိုင်းနိုင်ငံ

New Year in My Country




In my country, we call New Year “Hnaik Thit Ku “which is the holding Water Festival, Thin Gyan pwe. It is usually celebrated three days long. Before Hnaik Thit Ku festival, we prepare by cleaning the material things of environment and buy necessities to donate to temple. The day before the first day of Water Festival, we go to the temples to clean the pagodas and Buddha images in the evening. We are very happy, welcoming and preparing for the New Year. Next day again, we go to the temple to take eight precepts in the morning especially elderly people.  They spend all day long at the temple, by doing deeds such as meditation, spreading loving & kindness to others and so on. And then, the young people come to the temple so as to donate foods to the monks. During the water festival some children go around the village or city, pouring water one to another happily. In the evening, the children and some elderly people go to the temples and pagodas again in order to light candles with great respect. Finally, we all come back to home and are very happy in the next year. It is to say, water festival, Thin Gyan is the most famous event in the all celebrations of our country.  
posted by rosy