ယနေ့ ၃ ရက်နေ့ ညနေနေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေးပြေးကားသည် တောင်ကုတ်မြို့သို့အရောက်တွင် တောင်ကုတ်မြို့သူမြို့သား ရခိုင်လူမျိုးများက တားဆီးကာ ကားပေါ်တွင်လိုက်ပါလာသော မွတ်ဆလင်လူမျိုး ရှစ်ဦးကို ကားပေါ်မှဆွဲချ၍ သတ်ပစ်လိုက်ကြကြောင်း ယခုပင် သတင်းရရှိပါသည်။
ကျောက်နီမော်မှ မသီတာထွေးအား လူမျိုးခြားသုံးဦးက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့မှု ၏ နောက်ဆက်တွဲအကျိုးတရားများမှ ယခုအခါ လူမျိုးရေးအဓိကရုဏ်းပုံစံ များသို့ ကူးပြောင်းလာနေခဲ့သည်။ တောင်ကုတ်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များမှာ ကျောက်ဖြူမြို့သို့ လုံခြုံရေးယူရာ ထွက်ခွာသွားကြချိန်တွင် ယခုကဲ့သို့ သတ်ဖြတ်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မသီတာထွေးအမှုမှ တရားခံသုံးဦးကို ကျောက်ဖြူမြို့တွင်ထားရှိသဖြင့် ရခိုင်ပြည် မြို့နယ်၊ ကျေးရွာများမှ ပြည်သူများက ကျောက်ဖြူမြို့သို့ သွားရောက်ကာ ဆန္ဒပြအုံကြွမှုများ ဖြစ်ပေါ်နေသောကြောင့် ရဲတပ်ဖွဲ့အင်အားများ စေလွှတ်ခဲ့ရခြင်းဖြစ်သည်။
တောင်ကုတ်မြို့မှ လုပ်ငန်းရှင်ကြီးတစ်ဦးက တောင်ကုတ်ရှိ စစ်တပ်သို့အကြောင်းကြားရာ တပ်ရင်းမှူးက မြို့ပြစံမံအုပ်ချုပ်ရေးကိစ္စမှာ ယင်းနှင့်မဆိုင်ပါကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရသည်။ ယခုတွင် အသတ်ခံရသူ မွတ်ဆလင် ၈ ဦး၏ အလောင်းများကို တောင်ကုတ်၊ ညဈေးရှေ့တွင် စုပုံထားသည်ဟု ဒေသခံတစ်ဦးက ဖုန်းဖြင့်အကြောင်းကြားသည်။
နောက်ဆက်တွဲကို ဆက်လက်စုံစမ်းနေပါသည်။
နောက်ဆက်တွဲသိရှိချက်။ စစ်တွေမြို့ခံတစ်ဦးက ယခုပင်ဖုန်းဖြင့်အကြောင်းကြားလာပါသည်။ စစ်တွေမြို့တွင် ရခိုင်အမျိုးသားတစ်ဦးကို ကုလားတစ်သိုက်က ရိုက်နှက်ကာ ကုလားရွာထဲသို့ ကားဖြင့်တင်ခေါ်သွားသည်ကို မျက်မြင်တွေ့ရှိလိုက်ကြရသဖြင့် ယခုအခါ စစ်တွေရဲစခန်းရှေ့တွင် ရခိုင် ၅၀ ကျော်စုစည်း၍ ခေါ်ဆောင်သွားသည့် အမျိုးသားကို ထုတ်ပေးရန် တောင်းဆိုနေကြသည်။ မထုတ်ပေးပါက ကုလားရွာ(နာဇီရွာ)ကို ၀ိုင်းမည့်အခြေအနေဖြစ်ပေါ်နေကြောင်း ယင်းက ပြောသည်။ ယခုဖြစ်သည်။(အဘ ဥက္ကာကိုကို)
8:02 PM
Pages
MCU photos
visitors
calender
Powered by Printable Calendar
Archive
Labels
- Artical (8)
- Dhamma talks (9)
- Education (13)
- English Lessons (37)
- Schoolarship (3)
- Thai Lessons (15)
- Video (53)
- ကဗျာ (11)
- ဓာတ်ပုံ (35)
- မဟာချူလာတက္ကသိုလ် (2)
- ဝင်ခွင့်လမ်းညွှန် (2)
- သတင်း (25)
- ဦးသုစိတ္တအကြောင်း (6)
- ဆောင်းပါး (15)
- ပေးပို့စာများ (2)
Sunday, June 3, 2012
Saturday, May 12, 2012
HIVကာကွယ်ဆေးတွေ့
Published :
1:24 AM
Author :
အရှင်သုစိတ္တ
HIVကာကွယ်ဆေးတွေ့
Truvada ကာကွယ်ဆေး
Truvada ကာကွယ်ဆေး
Truvada ဆေးဝါးကို အမေရိကန် ဆေးဝါးနဲ့ အစားအသောက်ဆိုင်ရာ စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ FDA ကို အသိအမှတ်ပြုဖို့ ထောက်ခံတင်ပြ လိုက်သူကတော့ အမေရိကန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူအုပ်စုတခု ဖြစ်ပါတယ်။တခါ တခြားတဘက်မှာတော့ အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် ဖြစ်နေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ နယ်ပယ်ထဲက ကျွမ်းကျင်သူတချို့နဲ့ အဖွဲ့အစည်းတချို့ကတော့ ဒီဆေးကို အသိအမှတ်မပြုဖို့အတွက် ကန့်ကွက်နေကြ ပါတယ်။
ဒါပေမယ့်လို့ သတင်းထောက်တွေရဲ့အဆိုအရတော့ အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအတွက် သမိုင်းမှတ်တိုင်သစ်တခုတော့ ဖြစ်တော့မယ်လို့ သိရပါတယ်။ ဂလက်စတုန်း အင်စတီကျူ့က ဒေါက်တာ ရောဘတ် ဂရန့်ကလည်း အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်ကို အမြစ်ဖြုတ် ချေမှုန်းနိုင်တော့မယ့် ခေတ်ထဲ ရောက်တော့မယ်ဆိုတာ မြင်နေရပါပြီ။ ဒါဟာ ပထမဆုံးအကြိမ်လည်း ဖြစ်၊ ကြီးမားတဲ့ သမိုင်းဝင် မှတ်တိုင်ကြီးလည်း ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။
၂၀၁၀ ပြည့်နှစ်က လေ့လာမှုတွေ အရတော့ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် ဂျီလတ် ဆိုင်းယင့်စ်က ထုတ်လုပ်ခဲ့တဲ့ Truvada ဆေးဝါးဟာ ကျန်းမာသန်စွမ်းတဲ့ လိင်တူအမျိုးသားတွေ သုံးတဲ့အခါ အိတ်ချ်အိုင်ဗီ ဖြစ်ပွားမှုနှုန်း ၄၄ ရာခိုင်နှုန်း လျော့ကျသွားပြီး၊ အိတ်ချ်အိုင်ဗီပိုး ရှိနေတဲ့ လိင်ဆက်ဆံနေဆဲဖြစ်တဲ့ ပိုးမရှိသေးတဲ့ သူတွေမှာတော့ ၇၃ ရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်ဆိုရာ အကြံပေးကော်မတီက FDA ကို ၁၉ မဲ သုံးမဲနဲ့ ထောက်ခံတင်ပြခဲ့တာမှာတော့ ကူးစက်နိုင်ချေများတဲ့ လူကွဲတွေနဲ့ လိင်တူချင်း ဆက်ဆံမှုများတဲ့ ပိုးမရှိသေးတဲ့ အမျိုးသားတွေကို ဒီဆေးကို သုံးကြဖို့ အကြံပေး တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအဖွဲ့ကပဲ လိင်မှုလွန်ကျူးသူတွေနဲ့ ပိုးရှိသူတွေနဲ့ အတူနေကြတဲ့သူတွေကိုလည်း ပိုး မကူးအောင် ကာကွယ်ဖို့အနေနဲ့ ဒီဆေးကို သုံးကြဖို့ ထောက်ခံမဲ အတော်များများနဲ့ ထောက်ခံထားတယ်လို့ သိရပါတယ်။ အမေရိကန် ဆေးဝါးနဲ့ အစားအသောက် စီမံခန့်ခွဲရေးဘုတ်အဖွဲ့ FDA ကတော့ ဒီဆေးနဲ့ ပတ်သက်ပြီး သုံးစွဲဖို့ သင့်တယ်၊ မသင့်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ချမှတ်သွားမယ်လို့ သိရပါတယ်။

Friday, May 11, 2012
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော် ဘဒ္ဒန္တ သုစိတ္တာဘိဝံသ ၏ သြဝါဒကထာ
Published :
5:57 PM
Author :
အရှင်သုစိတ္တ
May 8th, 2012 | Add a Comment
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊
အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော်
ဘဒ္ဒန္တ သုစိတ္တာဘိဝံသ ၏ သြဝါဒကထာ
“အနာယကော ဝိနဿန္တိ၊ နဿန္တိ ဗဟုနာယကော” အသင်းအဖွဲ့အစည်းတစ်ခုကို တည်ထောင်တယ်ဆိုရင် အဲဒီအဖွဲ့ကို လမ်းညွန်ပေးနိုင်တဲ့ ဘက်စုံအရည်အသွေးပြည့်ဝတဲ့ ခေါင်းဆောင်နာယကပုဂ္ဂိုလ်တွေ မလွဲမသွေရှိရမယ်။ အသင်းအဖွဲ့အစည်းတစ်ခု ရေရှည်တည်တံ့နိုင်ဖို့နဲ့ လုပ်ဆောင်တဲ့ ကိစ္စအဝဝတို့ အစဉ်ချောမွေ့စွာ အောင်မြင်နိုင်ဖို့အတွက် ဦးစီးနာယက ခေါင်းဆောင်တွေက နာယက (လူကြီး)ရောဂါ မထသင့်ဘူး။ စေတနာ၊ ဝါသနာ၊ အနစ်နာသုံးပါးလုံး ပြည့်စုံကြဖို့ အလွန်လိုအပ်သလို အသင်းအဖွဲ့ဝင် ပုဂ္ဂိုလ်အချင်းချင်းတို့ဟာလည်း (သာမဂ္ဂီသုခ) ညီညွတ်မှုကို မရ, ရအောင် တည်ဆောက်ကြရမယ်။
“ḩာဏ်ရှိယောင်္ကျား၊ မှားလတ်သောအခါ၊ ဆေးလွန်နာကို၊ ဆရာနောင်ဆက်၊ အကုခတ်သို့၊ ပျက်သာအမြဲ၊ ပြင်နိုင်ခဲ၏” ဆိုတဲ့အတိုင်း လုပ်ဆောင်သမျှ ကိစ္စတိုင်းမှာ ပြင်မရ၊ ပျက်မရ၊ ကုစားမရတဲ့ အမှားအယွင်းတွေ မပြုလုပ်မိဖို့ သတိကြီးစွာ ထား၍ ဆောင်ရွက်ကြပါ။
“ညီညွတ်သူဆောင်၊ ကြံတိုင်းအောင်”ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားကြပြီး “ပကောပကာရတ္ထ၊ မိဒံသရီရံ” မိမိတို့ရရှိထားကြတဲ့ ဘဝခန္ဓာကိုယ်ဟာ သာသနာအတွက်သာ ဖြစ်ရမည် ဆိုတဲ့ သန္နိဋ္ဌာန် ချပြီး ကြီုးစားအားထုတ် ဆောင်ရွက်ကြပါ။

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တ ဣန္ဒပါလ ၏ သြဝါဒကထာ
Published :
5:46 PM
Author :
အရှင်သုစိတ္တ
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တ ဣန္ဒပါလ ၏ သြဝါဒကထာ
ပုထုဇဉ်ဟူသည် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မိစ္ဆရိယ အစရှိသော ကိလေသာ အကုသိုလ်တို့ အပြည့်အဝရှိနေခြင်းကြောင့် အမှားနှင့် မကင်းနိုင်ပါပေ။ သို့သော် အမှားတွေ့တိုင်း ပြဿနာလုပ်ကြစတမ်းဆိုလျှင် အဖွဲ့အစည်းလုပ်ငန်း မည့်သို့မျှ အောင်မြင်မှု ရနိုင်မည်မဟုတ်ပါ။ အောင်မြင်မှု ရလိုလျှင် အမှားကိုသည်းခံ ခွင့်လွှတ်နိုင်ဖို့ လိုအပ်ပေသည်။
အမှားဟူသည်မှာလည်း…
၁။ ခွင့်မလွှတ်နိုင်သော အမှားကြီးနှင့်
၂။ ခွင့်လွှတ်သည်းခံလို့ရသည့် အမှားငယ်ဟူ၍ ရှိရာ အမှားကြီးလျှင် “သဗ္ဗေသတ္တာ ကမ္မသကာ”ဟု သဘောထားကာ စည်းကမ်းအရ ဆောင်ရွက်သင့်သည်။ အမှားငယ်ကိုမူကား သည်းခံခွင့်လွှတ်ခြင်းဖြင့် ဆက်လက်လက်တွဲသင့်လှပေသည်။ သို့ဖြစ်၍ အဖွဲ့အစည်း တစ်ရပ်၏ အောင်မြင်ကြောင်းတွင် အင်္ဂါရပ်အဖြစ်ဖြင့် ခန္ဓီဂုဏ်ကို ဥပေက္ခာမပြုသင့်ပေ။ မည်သို့ပင်ဖြစ်စေ သည်းခံခွင့်လွှတ်ခြင်းသည် သာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
Subscribe to:
Posts (Atom)
ဘန်ကောက်အချိန်
Search This Blog
visitor
About Me
Dhamma Education
Followers
My Blog List
-
နောက်ဆုံးရ မြန်မာသတင်းများ5 years ago
-
-
-
-
-
-