Sunday, June 16, 2013

အသျှင်သုစိတ၏ ကိုယ်ရေးရာဇဝင်အကျဉ်း



အသျှင်သုစိတ၏ ကိုယ်ရေးရာဇဝင်အကျဉ်း

အသျှင်သုစိတ်တကို ၁၃၄၅ ခုနှစ် ဝါဆိုလဆန်း (၁၄) ရက် သောကြာနေ့ည (၁၀ ) နာရီ   ကမဝရွာ မာန်အောင်မြို့နယ်  ရခိုင်ပြည်တွင် မီးရှူးသန့်စင်ဖွားမြင်ခဲ့ပါသည်။ အသျှင်သုစိတ၏ ငယ်နာမည်မှာ  မောင်ဘစံတင်ဖြစ်ပြီး မိဘများဖြစ်သူ ဦးဘချို နှင့် ဒေါ်ခင်စိုးဦးတို့၏ သားအကြီးဆုံး ရတနာဖြစ်ပါသည်။ အသျှင်သုစိတသည် ညီအစ်ကိုမောင်နှမလေးယောက်ထဲတွင် အစ်ကိုအကြီးဆုံးလည်းဖြစ်ပါသည်။  အသျှင်သုစိတသည် အစိုးရပညာရေးကျောင်းတွင် စတုတ်ထ တန်းကို တက်ရောက်အောင်မြင်ခဲ့ပြီး - သဇင်ကျေးရွာ မြောက်ပိုင်းကျောင်း၊ ငွေဆောင်မြို့နယ်ခွဲ၊ ပုသိမ်မြို့နယ် ဧရာဝတီတိုင်းဒေသကြီး ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တ ဦးပဏ္ဏဝကို ဥပစ်ဇျယ်ယူလျှက် ရှင်သာမဏေအဖြစ်ကိုရောက်ရှိခဲ့ပါသည်။ ဆရာတော်ဘုရားကြီးထံတွင် နှစ်ဝါတိတိ ရှင်ကျင့်ဝတ်၊ ပရိတ်ကြီး နှင့် အခြေခံသဒ်ဒါများကို လေ့လာသင်ယူခဲ့ပြီး ပုသိမ်မြို့၊ ပစ်ဆိမာရုံပရိယတ်တိစာသင်တိုက်ကြီးတွင် မြို့နယ်မူလတန်း၊ အစိုးရအခြေပြုမူလတန်း၊ ပထမငယ်တန်း ပထမလတ်တန်း နှင့်  ပထမကြီးတန်းကို တက်ရောက်အောင်မြင်ခဲ့ပါသည်။ ပထမကြီးတန်းကို တက်ရောက်နေစဉ်တွင် အသက်နှစ်ဆယ်ပြည့်ပြီး နှစ်ဆယ်တစ်နှစ်ထဲတွင် ဆရာတော်ဘုရားကြီး ဦးပဏ်ဏဝကို ဥပဇဈာယ်ပြုလျှက် ရှင်သာမဏအဖြစ်မှ မြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါသည်။   မိခင်ကြီးပစ်ဆိမာရုံကျောင်းတိုက်တွင် ပထမကြီးတန်းကို အောင်မြင်သည့်အထိ ပညာနို့ရည်များသောက်စို့ခဲ့ပြီး ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အလိုတော်ပြည့်ဓမမာစရိတက်ကသိုလ်ကြီးတွင် အဆင့်မြင့်ကျမ်းစာများကိုလေ့လာဆည်းပူးခဲ့ပြီး ပြည်ပတက်ကသိုလ်တွင် အင်္ဂလိပ်ဘာသာဖြင့်သင်ယူလိုသော စိတ်ဓါတ်များပြင်းထန်းလာသောကြောင့် နိုင်ငံတကာအဆင့်မှီ ပါရမီ အင်္ဂလိပ်စကားပြောသင်တန်းမှ ဆရာကြီး ဦးအဂဂထံ (TaungNgu) ) တွင် အခြေခံမှ အဆင့်မြင့်ထိလည်းကောင်း၊ ဆရာကြီး ဦးအာဒိစ်စ M.A ( Oxford M.A ) ထံတွင်လည်းကောင်း W.B.M.I ကျောင်းတိုက်မှ ဆရာကြီး ဦးမြင့်ဦးထံတွင်လည်းကောင်း၊  လှည်းတန်းမှ နာမည်ကြီး B.A  M.A  (Eg) ဆရာကြီးဦးမြကြိုင်ထံတွင်လည်းကောင်း၊ နိုင်ငံတကာအဆင့်မှီမဟာပညာကျော်သင်တန်းမှ Pro.Dr. ဆရာကြီးဦးမင်းလွင်ထံတွင်လည်းကောင်း၊ သုံးနှစ်တိုင်တိုင် ရန်ကုန်မြို့တွင် လေ့လာသင်ယူခဲ့ပါသည်၊ ထိုမှတဆင့် 2008 Academic year တွင် ချင်းမိုင်မြို့ မဟာချူလာလောင်ကွန်းတက်ကသိုလ်ကြီးတွင် ပထမဦးဆုံး ပညာသင်ကြားနေခဲ့သော ရခိုင်ကျောင်းသားရဟန်းတော် ဦးဝရသာမိ၏ အကူညီဖြင့် ၄င်းတက်ကသိုလ်တွင်  Faculties of Humanity, Majoring in English ( Bachelor of Arts)  B.A တန်းကို လေးနှစ်တိတိ ပညာတော်များသင်ယူခဲ့ပါသည်။  Academic year 2012 and 2013 တွင် Faculties of Philosophy in English ( First Semester ) ကို Boddh Gaya, Maghadha University, India တွင် သင်ယူလေ့လာနေဆဲဖြစ်ပါသည်။ အသျှင်သုစိတ်တသည် မိမိသင်ယူလေ့လာထားသော လောကီလောကုတ် ပညာရပ်များကို တတ်အားသမျှ ကိုယ်စွမ်းကိုယ်စဖြင့် ဘုရားမြတ်၏တရားတော်များကို ပြန်လည်ဟောပြောပြသခြင်း၊ English and Basic Computer များကို ပြည်တွင်းပြည်ပမှ ကျောင်းသူကျောင်းသားများကိုပြန်လည်မျှဝေသင်ပေးနေလျှက်ရှိပါသည်။ မိမိတတ်နိုင်သောဖက်မှ သာသနာတော်မြတ်ကြီးကိုပြန်လည်ကျေးဇူးဆပ်နေခြင်းပင်ဖြစ်ပါသည်။