Sentence construction
ဝါကျတည်ဆောက်ခြင်း
Syntax စကားလုံးအစီအစဉ်
Syntax means arrangement of words in a sentece. Proper arrangement of words is necessary for a sentence to have a clear mearning.
စာကြောင်းတစ်ခုမှာ အဓိပ္ပါယ်ရှင်းရှင်းလင်းလင်းရှိဖို့အတွက် စကားလုံးများကိုလျော်ကန်အောင်စီစဉ်ထားဖို့လိုပါသည်။
The usual order of words in a sentence is: First is the subject and second is the predicate in English.
စာကြောင်းတစ်ခုတွင် စကားလုံးများကိုထားလေ့ရှိသည့်အစီစဉ်သည် ပထမ တက္ကားပုဒ်ဖြစ်ပြီး ဒုတိယ ကြိယာပုဒ်ဖြစ်ပါသည်။
အင်္ဂလိပ်သဒ္ဒါကိုလေ့လာသောအခါ အခြေခံဖြစ်သော ကတ္တားပုဒ်နှင့်ကြိယာပုဒ်တို့မှစ၍လေ့လာရမည်ဖြစ်ပါသည်။သို့ကြောင့် အင်္ဂလိပ်စာကိုသင်ကြားပေးနေသော အင်္ဂလိပ်ဆရာများမှာ အတွေးခေါ်ပိုင်းဆိုင်ရာများကိုအဓိကပဓာနမထားဘဲ စာကြောင်း(ဝါကျ) တည်ဆောက်ရန်သာပြသရပါသည်။ ထိုမှတဆင့် လေ့လာလိုက်စားသော အင်္ဂလိပ်စာသမားများသည် စာကြောင်းများ၏ အထားအသိုနှင့် ၎င်းတို့၏ အင်္ဂါလက္ခဏာ၊ အခြင်းအရာ၊ အသိပညာများကိုရယူပိုင်ဆိုင်ကြမည်ဖြစ်ပါသည်။ အင်္ဂလိပ်စာကိုလေ့လာလိုက်စားကြသော စာသင်သားများသည် မိမိတို့ဆရာများထံမှသင်ကြားသောနည်းစနစ်များ မူများကွဲပြားနေသောကြောင့် တစ်ယောက်နှင့်တစ်ယောက်အမြဲလိုငြင်းခုံနေရသည်ကိုတွေ့ရပါသည်။ ငြင်းခုံးစရာမလိုအပ်ဟုထင်ပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ဘာသာရပ်တစ်ခုသည် အသက်ရှင်သောလူသားကဲ့ပင်ဖြစ်ပါသည်။ မိမိတို့ရိုးရာအရ စကားများ၊ စားလုံးများ၊ ယဉ်ကျေးမှု့များကွဲပြားနိုင်သော်လည်း အမှန်မှာ အဓိပ္ပါယ်ကားအတူတူပင်ဖြစ်နေပါသည်။
ထို့ကြောင့် အဋ္ဌကထာအင်္ဂလိပ်ဆရာများ( ချဲ့ထွင်၍ရှင်းပြထားသောကြောင့်) အမည်များကွဲပြားလျှက်ရှိပါသည်။ ထိုနည်းများကိုမိမိတို့မှာ ငြင်းစရာမလိုဘဲ လေ့လာဖတ်ရှု့ဖို့ရန်သာ တာဝန်တစ်ခုဖြစ်ပါသည်။
No comments:
Post a Comment