http://mmsacm.blogspot.com/2010/12/blog-post_22.html
ထိုင်းဘုရင့်နိုင်ငံတော်တွင်1. Mahachulalongkornrajavidyalaya University, 2.Mahamakut Buddhist University, 3.The World Buddhist University. 4. InternationalBuddhistCollege,
5.College of Religious Studies of Mahidol University, Dearpartment of Buddhist Studies faculty of Social Science and Humanity of Mahidol University (MA and Ph.D) စသည်ဖြင့် ဘာသာရေးတက္ကသိုလ်များ ထဲတွင် မဟာာချူလာလောင်ကွန် တက္ကသိုလ်သည်လည်း ထင်ရှားသောဘာသာ ရေးတက္ကသိုလ်တခုပင်ဖြစ်သည်။
ထိုင်းဘုရင်ကြီး ရာမဘုရင်ကို အစွဲပြု၍ ဘုရင်ကြီး ဘွဲ့အတိုင်း ခေါ်ဝေါ်သုံစွဲလာသော နာမည်ပင်ဖြစ်သည်။ မဟာချူလာတွင် CAMPUS များရှိပြီးထိုင်းနိုင်ငံ၏ဒုတိယမြို့တော် သို့မဟုတ် (ဇင်းမယ်) ယခု ချင်းမိုင် တွင်တည်ရှိသော Chiang Mai Campus လည်း တခု အပါဝင်ဖြစ်သည်။
မဟာချူလာတွင် Thai Program နှင့် English Program (E.P) နှခု ကို လေ့လာသင်ကြားနိုင်သည်။ အိန္ဒိယ၊ ဘင်္ဂလာဒေ့ခ်ျ၊ နီပေါ၊ လာအို၊ ကမ္ဘောဒီးယား၊ဗီယက်နမ် ၊ မြန်မာ နှင့် ထိုင်းနိုင်ငံတို့မှ ကျောင်းသားများ တက်ရောက်သင်ကြားကြသည်။
Chiang Mai ဌါနခွဲတွင် တက္ကသိုလ် တက်ရောက်လိုပါက အောက်ဖေါ်ပြပါ အချက်အလက်များကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်သည်။ အင်္ဂလိပ်စာ အရည်ချင်း အနည်းဆုံး intermediate level လေ့လားထားရမည်။ ဗုဒ္ဓနှင့်ဗုဒ္ဓဘာသာ အကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် နားလည်သည်အထိလေ့လာထားရမည်။ မြန်မာနိုင်ငံမှ ထွက်ခွါရန်မှာ Student sponsor လိုအပ်သည်။
ထိုအချက်အလက်များ ရောက်လာရန်မိမိ၏ မိတ်ဆွေတပါးပါးသို့ မှတ်ပုံတင် passport copy များကို ပို့ပေးရမည်ဖြစ်သည်။
Student sponsor ရောက်လာပါက လေယာဉ်လက်မှတ်နှင့်အတူ သံရုံးတွင် Visa လျှောက်ထားရမည်။ Visa ဖိုးမှာ မြန်မာကျပ်ငွေ (၄၅၀၀၀) ကျပ် ဖြစ်သည်။ သာသနာဝင်ကဒ်၊ပထမကြီးအောင်လက်မှတ်နှင့် အမှတ်စာရင်းတို့ကို နိုတြီပြန်ရမည်။ (ပထမကြီးတန်းနှင့် သာသနဓဇဓမ္မာစရိယ အောင်မြင်ပြီးသော သူတို့မှာ သာသနာရေးဝန်ကြီးဌာနမှ ထောက်ခံချက်များ အမှတ်စာရင်းများ နိုတြီပြန်ထားဖို့ အမှန်တကယ်လိုအပ်ပါသည်)
...................................................................................
http://mmsacm.blogspot.com/2010/12/blog-post_22.html
ဘိက္ခုဖြူ

No comments:
Post a Comment