Monday, April 2, 2012

ရခိုင်အလုပ်သမား နှစ်ယောက် ရောင်းစားခံရ

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာမှ မောင်အောင်မြင့်နိုင် နှင့် မောင်ဘိုသူမင်း တို့ကို မတ်လ ရက် ထိုင်းနိုင်ငံ စမူစကွင်(ခေါင်တိုင်) ဇလီချိုင်ဆိပ်ကမ်းတွင် ယောက်ကချာ ကိုလင်းက ငါးဖမ်းလှေမှာ ရောင်းစားထားကြောင်း သတင်းရရှိသည်။
မောင်အောင်မြင့်နိုင်နှင့် မောင်ဘိုသူမင်း တို့သည် ရခိုင်ပြည်နယ်မှ မြန်မာနိုင်ပြည်အနှံ့ သွားရောက်လုပ်ကိုင်ပြီး နောက်ဆုံး ထိုင်းနိုင်ငံတွင် လာရောက်လုပ်ကိုင်ရာ ရောင်းစားခံထားရကြောင်း သိရှိရသည်။ မောင်ဘိုသူမင်းကို မေးမြန်းသောအခါ  ကိုလင်းက ကျွန်တော်တို့ကို အလုပ်ရမည်ဆိုပြီး ဇလီချိုင်ဆိပ်ကမ်း ကိုခေါ်သွားပါတယ်။ ကျွန်တော်တို့ကို ဇလီချိုင်ဆိပ်ကမ်းမှာ ငါးဖမ်း လှေပိုင်ရှင်တစ်ယောက်တွင် ထားခဲ့ပြီး လှေပိုင်ရှင်ထံမှ ကိုလင်းက ၄၀၀၀(ဘတ်)ကို ယူသွားပြီး ရောင်းစားထားပါတယ်ဟု ပြောသွားပါသည်။ ထိုလူငယ်နှစ်ယောက်ကို ကိုလင်းက ငါးဖမ်းလှေပိုင်ရှင် တစ်ယောက်တွင် ရောင်းစားထားသည်ကို သိရသည်။
မောင်အောင်မြင့်နိုင်နှင့် မောင်ဘိုသူမင်းတို့သည် လစာမရရှိဘဲ ဘယ်အချိန်ထိ ငါးဖမ်းလှေတွင် အလုပ်လုပ်ရမည်မသိ ဖြစ်နေသည်။ အလုပ်က အရမ်းပန်ပင်းကြောင်းသိရသည်။ ယခု ငါးဖမ်းလှေတွင် အလုပ်လုပ်ပြီးရင် နောက် ဘယ်သူ့ဆီတွင် ရောင်းစားခံရမှာကို ကြောက်နေကြသည်။
ပွဲစားကိုလင်းက လူတွေကိုလိမ်ခေါ်ပြီး နေရာအနှံ့တွင် ရောင်းစားထားကြောင်း သိရသည်။ မဲဆောက်ကနေ လူတွေကို အလုပ်လုပ်ရန် ဘန်ကောက်ကိုလိမ်ခေါ်ပြီး နေရာအနှံ့တွင် ရောင်းစားထားကြောင်း သိရသည်။ မောင်အောင်မြင့်နှင့် မောင်ဘိုသူမင်းတို့က ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ ကြုံတွေ့နေရသော လူကုန်ကူးမှုကို ပပျောက်အောင် မြန်မာနိုင်ငံမှ ပြည်ပရောက် အဖွဲ့အစည်းများတွင် တောင်းဆိုထားကြောင်း သိရှိရသည်။


............................................
 ရခိုင်သွေး၊ Arakan Times






No comments:

Post a Comment