HIVကာကွယ်ဆေးတွေ့
Truvada ကာကွယ်ဆေး
Truvada ကာကွယ်ဆေး
Truvada ဆေးဝါးကို အမေရိကန် ဆေးဝါးနဲ့ အစားအသောက်ဆိုင်ရာ စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ FDA ကို အသိအမှတ်ပြုဖို့ ထောက်ခံတင်ပြ လိုက်သူကတော့ အမေရိကန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူအုပ်စုတခု ဖြစ်ပါတယ်။တခါ တခြားတဘက်မှာတော့ အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် ဖြစ်နေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ နယ်ပယ်ထဲက ကျွမ်းကျင်သူတချို့နဲ့ အဖွဲ့အစည်းတချို့ကတော့ ဒီဆေးကို အသိအမှတ်မပြုဖို့အတွက် ကန့်ကွက်နေကြ ပါတယ်။
ဒါပေမယ့်လို့ သတင်းထောက်တွေရဲ့အဆိုအရတော့ အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအတွက် သမိုင်းမှတ်တိုင်သစ်တခုတော့ ဖြစ်တော့မယ်လို့ သိရပါတယ်။ ဂလက်စတုန်း အင်စတီကျူ့က ဒေါက်တာ ရောဘတ် ဂရန့်ကလည်း အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်ကို အမြစ်ဖြုတ် ချေမှုန်းနိုင်တော့မယ့် ခေတ်ထဲ ရောက်တော့မယ်ဆိုတာ မြင်နေရပါပြီ။ ဒါဟာ ပထမဆုံးအကြိမ်လည်း ဖြစ်၊ ကြီးမားတဲ့ သမိုင်းဝင် မှတ်တိုင်ကြီးလည်း ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။
၂၀၁၀ ပြည့်နှစ်က လေ့လာမှုတွေ အရတော့ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် ဂျီလတ် ဆိုင်းယင့်စ်က ထုတ်လုပ်ခဲ့တဲ့ Truvada ဆေးဝါးဟာ ကျန်းမာသန်စွမ်းတဲ့ လိင်တူအမျိုးသားတွေ သုံးတဲ့အခါ အိတ်ချ်အိုင်ဗီ ဖြစ်ပွားမှုနှုန်း ၄၄ ရာခိုင်နှုန်း လျော့ကျသွားပြီး၊ အိတ်ချ်အိုင်ဗီပိုး ရှိနေတဲ့ လိင်ဆက်ဆံနေဆဲဖြစ်တဲ့ ပိုးမရှိသေးတဲ့ သူတွေမှာတော့ ၇၃ ရာခိုင်နှုန်း လျော့ကျသွားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်ဆိုရာ အကြံပေးကော်မတီက FDA ကို ၁၉ မဲ သုံးမဲနဲ့ ထောက်ခံတင်ပြခဲ့တာမှာတော့ ကူးစက်နိုင်ချေများတဲ့ လူကွဲတွေနဲ့ လိင်တူချင်း ဆက်ဆံမှုများတဲ့ ပိုးမရှိသေးတဲ့ အမျိုးသားတွေကို ဒီဆေးကို သုံးကြဖို့ အကြံပေး တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအဖွဲ့ကပဲ လိင်မှုလွန်ကျူးသူတွေနဲ့ ပိုးရှိသူတွေနဲ့ အတူနေကြတဲ့သူတွေကိုလည်း ပိုး မကူးအောင် ကာကွယ်ဖို့အနေနဲ့ ဒီဆေးကို သုံးကြဖို့ ထောက်ခံမဲ အတော်များများနဲ့ ထောက်ခံထားတယ်လို့ သိရပါတယ်။ အမေရိကန် ဆေးဝါးနဲ့ အစားအသောက် စီမံခန့်ခွဲရေးဘုတ်အဖွဲ့ FDA ကတော့ ဒီဆေးနဲ့ ပတ်သက်ပြီး သုံးစွဲဖို့ သင့်တယ်၊ မသင့်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ချမှတ်သွားမယ်လို့ သိရပါတယ်။
Pages
MCU photos
visitors
calender
Powered by Printable Calendar
Labels
- Artical (8)
- Dhamma talks (9)
- Education (13)
- English Lessons (37)
- Schoolarship (3)
- Thai Lessons (15)
- Video (53)
- ကဗ်ာ (11)
- ဓာတ္ပံု (35)
- မဟာချူလာတက္ကသိုလ် (2)
- ဝင်ခွင့်လမ်းညွှန် (2)
- သတင်း (25)
- ဦးသုစိတ္တအကြောင်း (6)
- ဆောင်းပါး (15)
- ပေးပို့စာများ (2)
Saturday, May 12, 2012
Subscribe to:
Post Comments (Atom)
ဘန်ကောက်အချိန်
Search This Blog
visitor
About Me
Dhamma Education
Followers
My Blog List
-
နောက်ဆုံးရ မြန်မာသတင်းများ4 years ago
-
-
-
-
-
-
No comments:
Post a Comment