ဧရာဝတီတိုင်း၊ လပွတ္တာမြို့ ၊ သရက်တောကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒ န္တ ဉာဏိန္ဒ- မဟာထေရ်၏ အန္တိမဈာပနပွဲသဘင်၌ အရှင်ဓမ္မပိယ (ဘုန်းနိုင်လင်း-ပညာမြေ) ရေးသားသီကုံးအပ်သော အန္တိမဈာပနဝန္ဒနာ လျှောက်ထုံးလွှာ-မင်္ဂလာရတုပိုဒ်စုံ-ပါဘုရား
ပျောက်ဆုံးရှာဖွေ။ ။တွေ့ ရှိပေတည့်၊ ဆိုထွေစကား၊ ပမာထားလည်း၊ အလားမတူ၊ ယခုမူကား၊ အပူသောက၊ ဗျာပါရဆင့်၊ ရင်မှပွေလီ၊ ဖြေမဆည်ဘူး၊ မဟီလောက၊ လူ့ ဘဝ၌၊ များစွဗိုလ်လူ၊ ရှိခဲ့ဟူလည်း၊ တစ်မူထူးခြား၊ အာဂဖွားကား၊ လားလားမျှပင်၊ တွေ့ ခဲစဉ်သို့ ၊ ထို့ တွင်နဂရ၊ အနွတ္ထနှင့်၊ ခေါ်ကြစဉ်လာ၊ လပွတ္တာ၏၊ ဝိဟာ- နာမော၊ သရက်တော-၌၊ သာမောကြည်ရွှင်၊ ကျောင်းထိုင်အရှင်ကား၊ မည်တွင်-ဘဒ္ဒ န္တ၊ ဉာဏိန္ဒ-တည့်၊ ထေရ ဆရာ၊ နောက်ဆုံးမှာဖြင့်၊ များစွာသောင်းသောင်း၊ တပည့်ပေါင်းအား၊ ထပ်လောင်းမညှာ၊ မလျှောက်သာသည့်၊ များစွာတပည့်၊ ရင်မချိတည့်၊ ဇာတိ-ဇရာ၊ ကျမ်းရှိလာလျှက်၊ ဗျာပါသောက၊ ပူလုံးကြွ၍ ၊ မရဏတစ်ဖန်၊ ဉာဏ် သက်ဟန်သည်။ ။ခြွေရံစုံပြီး-များဝေစည်ပါဘုရား။ ။
လျှောက်ထုံးစာပေ။ ။ များထွေထွေသို့ ၊ လူ့ ပြည်(ပြေ)လောက၊ လူ့ ဘဝကား၊ အိုကြ-နာအစဉ်၊ ထုံးတမ်းပင် တည့်၊ သမ္ပဇဉ်တရား၊ လက်ကိုင်ထားမှ၊ အသွားသေချာ၊ ကောင်းလှတာကြောင့်၊ ကောင်းရာကိုစု၊ ကိုယ့်အမှုဟု၊ ထောက်ပြုသွန်သင်၊ ဆုံးမ-ယှဉ်လျှက်၊ များအင်သိဿ၊ မမေ့ကြဘို့ ၊ ဗုဒ္ဓမြတ်စွာ၊ ဟောပြရှာသည့်၊ ဒေသနာအ လား၊ ညွှန်းဆိုသွားသို့ ၊ အများသူငါ၊ မှတ်စိမ့်ငှာဟု၊ ပမာတင်ထား၊ သိသော်ငြားလည်း၊ အစားထိုးစရာ၊ မမြင်တာ ကြောင့်၊ ရင်မှာပူလုံး၊ တနုံးနုံးဖြင့်၊ ယူကျုံးအစဉ်၊ ရှိုက်ကြီးငင်လျှက်၊ အရှင်-ထားသွား၊ တပည့်များကား၊ စိတ်အား ငယ်မည်၊ မှန်ပေသည်တည့်၊ ပင်စည်လဲသွား၊ သစ်ကိုင်းများသို့ ၊ အလားတူစွာ၊ ထောက်တည်ရာကား၊ ဘယ်မှာ မတွေ့ ၊ ပျံ့လွင့်ဝေ့လျှက်၊ လေဝှေ့ အမှန်၊ လွင့်ထွက်ပြန်မည်။ ။ဝေယံတုံဟီး-ကြားစေသည်ပါ ဘုရား။ ။
နောက်ဆုံးဌာနေ။ ။ဖွားသန္ဓေမှ၊ ဇီဝေခြွေကျ၊ ဤကာလထိ၊ ခဏတာပင်၊ သု-မထင်တည့်၊ ဒု-လျှင်များပြား၊ အငှားနွားသို့ ၊ သူထားရာနေ၊ သူလျှင်စေက၊ ထွေထွေပြားပြား၊ သတ္တဝါများတို့ ၊ အလားတူစွာ၊ မငြင်းသာတည်း၊ ပမာပုံမှီး၊ ခန္ဓာကြီးအား၊ ငှားပြီးယူလာ၊ ခိုင်းတတ်စွာမှ၊ ကိုယ့်မှာအကျိုး၊ ဆောင်သယ်ပိုးလိမ့်၊ မျှော်ကိုးအစဉ်၊ ဉာဏ်နှိုင်းယှဉ်လျှက်၊ ရှင်ပင်ဗုဒ္ဓ၊ သုဂတ၏၊ သုံးဝသာသနာ၊ မှီတင်းကာဖြင့်၊ စာဝါပို့ ချ၊ ကျမ်းဂန္ထအား၊ များစွသိ ဿာ၊ ဖြန့် ဝေစွာတည့်၊ တစ်ဖြာစာဂ၊ ကျင့်သီလနှင့်၊ လုံငှကုံလုံ၊ ပြီးပြည့်စုံဘိ၊ ငါးပုံခန္ဓ၊ ဝန်တာချလျှက်၊ ဘဝနေ ကွယ်၊ ခုချိန်ဝယ်၌၊ မျိုးနွယ်ရက္ခ၊ ကျင့်စာရနှင့်၊ သိက္ခကာမံ၊ လဇ္ဇီမှန်သည်။ ။ခေမံဘုံထီး-နားနေမည်ပါ ဘုရား။
ရေးစပ်ပူဇော်သူ တပည့်/အရှင်ဓမ္မပိယ သာသနဓဇဓမ္မာစရိယ၊
M.A (Philosophy) ခေတ္တ- မာဂဓတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ
ဧရာဝတီတိုင်း၊ လပွတ္တာမြို့ ၊ သရက်တောကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒ န္တ ဉာဏိန္ဒ- မဟာထေရ်၏ အန္တိမဈာပနပွဲသဘင်၌ အရှင်ဓမ္မပိယ (ဘုန်းနိုင်လင်း-ပညာမြေ) ရေးသားသီကုံးအပ်သော အန္တိမဈာပနဝန္ဒနာ လျှောက်ထုံးလွှာ-(၈ဝ)ပေါ်ထပ်တွန့် တေးထပ်-ပါဘုရား
+ လေးသစ္စာ မှန်စွာမသိပါလို့  ခန္ဓာညှိဖို့  - အခက်တွေကြုံ ကျန်တာသိသမို့  - အမျက်တွေပုံသည် ရတက်ဗွေစုံ - တကယ်များ။ ဇာတိမှန်သမျှ၊ စာရှိကြံဆ၊ ညာသည့်ဟန်ပ - တစ်ခုမှမတည်ပြီ ယခုမှမညီ - မဟုတ်ရ-ပေတကား။ ။
+ သူငါတွေးဆ၊ ကြာကြာငေးမရ ဇရာဆွေးသပ - ငါးခန္ဓာမှာ များမဟန်တာ - မှန်ပါရော့လား။ နားမခံသာ - ဘဝါဘဝ အမှားရယ်နဲ့  အတီတာနန္တရ - နှောင်းသကတ်တွေအပေါ်။ မြတ်စိန္တေယျော် - သာသနာနိမိတ်မှာဖြင့် ဘာသာအရိပ်လွှာမို့  - အေးရိပ်ခိုပျော်။ ။
+ နေလျှင်းအပြုံး၊ ဖွေရင်းအသုံး သေခြင်းအဆုံး - နိဂုံးမျှော်ရည် သံဝေဂတွေအပေါ် - ဉာဏ်စဉ်အသွားတွေနဲ့  အဖန်ဖန်ကစား အလေ့ဓမ္မပေးဝေအစဉ် အတွေ့ ဘဝ - အေးစေချင်။ နှောက်ထုံးချိန်ဆ၊ လျှောက်သုံးမြိန်စွ နောက်ဆုံးအကြိမ်ပ - ဆရာ့သခင်ကို ဘဝအစဉ် - တူပျော်နွှဲ-သည်ဘုရာ့လေး.....။ ။ သရက်တောနာမ၊ ကျောင်းထိုင်မည်စွ
ဦးဉာဏိန္ဒ - ဂုဏ်ဂုဏ့်ရည်ကို ယုံယုံ့ ကြည်ကြည် - ပူဇော်ပွဲ-ဆင်သည်ဘုရာ့လေး....ရှင့်ထုံးဓမ္မ၊ ကျင့်သုံးသမျှ
အရှင့်ဆုံးမ - အပြုံးသီကို နှလုံးမှတည် - ယူမျှော်စွဲ-သည်ဘုရာ့လေး......။
................................................................
ခေတ္တ- မာဂဓတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ
No comments:
Post a Comment