Pages
MCU photos
visitors
calender
Powered by Printable Calendar
Archive
-
▼
2012
(215)
-
▼
February
(101)
- အနှိုင်းမဲ့ရင်ခွင်ကမ္ဘာ
- ရခိုင်သားလား ဇီးသီးစား (၄)
- Historian vs Futurist on Human Progress
- Beauty Of Life
- The Power Of Our Humanity
- Studying at Oxford University
- The greatest city in the world
- European Business School London
- Getting into: Harvard Business School
- Academic Writing Skills
- မိဘတို့၏ ပီတိ
- ဝိပဿနာ ညစ်နွမ်းကြောင်းတရား ၁၀ ပါး
- ဝိပဿနာ အကျိုး (၇)မျိုး
- Arakan Tawagu movie
- ကိုးဆယ်ဆသာလိမ့်မယ်
- သဒ္ဓါမှန်ရင် လက်တွေ့ကျင့်ရမယ်
- Night time Meditation for Prosperity
- သာမာန်ပုဂ္ဂိုလ်မဟုတ်ဘူးတရားတော်
- No title
- မေမေချစ်တဲ့သားကြီး
- မေမေ
- အမေ့အိမ်
- မေမေ
- နိဗ္ဗာန်နတေးထပ်
- ရင်ခွင်မဲ့သား
- ၆။ အမေ့ကျေးဇူးဆပ်မယ်
- ၄။ အမေနဲ့ရွာကိုလွမ်းတယ်
- ဗုဒ္ဓနေ့
- မြတ်ဗုဒ္ဓ၏ အမြတ်ဆုံးဆွမ်း
- အနှိုင်းမဲ့ရင်ခွင်ကမ္ဘာ
- မိဘနေရာရောက်ခဲ့ရင်
- လွမ်းတယ်အဖေ
- Verb to be
- Verb to be
- Basic English and Thai Spoken
- My biography
- တရားပွဲများ သတင်း
- မွေးမေကျေးဇူးဆပ်ဖူးချင်တယ်
- မြတ်တရား၏ ဖိတ်ခေါ်သံ
- Bya La (ဗျာလ)
- Rakhine Thingyan Dance @ London Thingyan, 2010
- နှစ်စဉ်သုံးစွဲခဲ့သော ကျောင်းသုံးငွေစာရင်း
- Faculty of Humanity, Major in English ( MCU)
- Rakhine beacutiful girl and flower
- Biography of Ledi Sayadaw 02
- Dhamma Talk by Guest Sayadaw
- SaYaDaw U Kaw Than La
- Buddha's Powerful Dharma Poem ,
- Sayar Daw Say Kane Da - Part 2
- Sayadaw Ashin Zawana in Myanmar Part 7
- CD 01 (ENGLISH FOR INTERMEDIATE LEVELS
- The best English 2
- Rule # 1 For Excellent English Speaking:
- Difficult words "world"
- American Accent - R sound
- English For You | Intermediate Level
- A Goal for 2012: Learning English
- Maha Myat Muni Pagoda - มหามรัดมุนี
- At Zoo of Chiang Mai
- Meditation instructor of MCU
- Offce of MCU
- In the Class of MCU
- MCU Chiang Mai
- Chiang Mai University 2009
- At Airport of Bangkok
- ထိုင်းဗျည်းအက္ခရာ (၄၄) လုံး
- ပ၀ါရဏာ
- အမှန်တရား လေးပါး
- May I + V1
- သတိသာထား
- International Program ( MCU- Chiang Mai)
- အင်္ဂလိပ်စာတွင် ကံ ( ၃) မျိုး
- အင်အားဖြည့်စကားစုများ(၁)
- အင်္ဂလိပ်စာတွင် ကတ္တား(၃) မျိုး
- အင်္ဂလိပ်စာအကြောင်းသိကောင်းစရာ
- ဘန်ကောက်မြို့မှ ဒါယိကာမကြီးတစ်ဦးပေးပို့စာ မှတ်သား...
- နင်ငါကိုချစ်နိုင်သေးရဲလား..
- ကြီးပွားသာသနာ
- 005 UNyanissara Bote Da Ei Nout sone Sa Kar A
- No title
- VESAK2011:THAILAND May 12,2011 ဝိသာခါနေ့ မဟာချူလာ...
- Dancing of Rakhine tradition in Myanmar
- Jasmine Phyu
- ဘန်ကောက်မြို့မှ တန်းခိုးကြီးမြဘုရား
- ရခိုင်ရိုးရာ ကနည်းနှင့် သီချင်း
- ရခိုင်စာပေနှင့်ယည်ကျေးမှု့အနုပညာ
- ဦးသုစိတ္တ ၂၀၁၁ မလေးရောက်အမှတ်တရ
- ပျော်ရွှင်သော ၂၀၁၂ နှစ်သစ်ကူးဖြစ်ပါစေ
- ကျေးဇူးတင်လွှာ
- ရခိုင်ပြည်နယ်မှ ဘုရားသမိုင်းဖြစ်ပါသည်။
- အစိန္တေယျ ( ဆို ဌေးဌေးမြင့်)
- မြတ်ဗုဒ္ဓတရားတော်ကိုလူသားတိုင်းလ့လာသင့်
- သူငယ်ချင်းဦးပညာဇောတနှင့် ဘန်ကောက်မြို့ အမှတ်တရ ၂၀၁၁
- ထိုင်းဘုရင်ကြီးလည်းသက်တော်ရှည်ပါစေ
- ဦးလေးဘုန်းကြီးနှင့်ငယ်သူငယ်ချင်း မလေးရောက်အမှတ်တရ...
- ဦးသုစိတ္တ၏ ၂၀၀၉ နှစ် မဟာချူလာတက္ကသိုလ် တရားစခန်းဝင...
- သဇင်ရွာ ငွေဆောင်ကမ်းခြေမှ သက်တော်ရှည်ဆရာတ်ာဘုရားကြီး
- ဦးသုစိတ္တ၏ ပထမနှစ် မဟာချူလာပညာရေးအမှတ်စာရင်း
- မြဘုရားတွင် ဦးသုစိတ္တ တရုပ်ဘုန်းကြီး၊ ဦးပညာဇောတ
- မေဃဝတီ မာန်အောင်မြို့တော် ရခိုင်ပြည်နယ်
-
▼
February
(101)
Labels
- Artical (8)
- Dhamma talks (9)
- Education (13)
- English Lessons (37)
- Schoolarship (3)
- Thai Lessons (15)
- Video (53)
- ကဗျာ (11)
- ဓာတ်ပုံ (35)
- မဟာချူလာတက္ကသိုလ် (2)
- ဝင်ခွင့်လမ်းညွှန် (2)
- သတင်း (25)
- ဦးသုစိတ္တအကြောင်း (6)
- ဆောင်းပါး (15)
- ပေးပို့စာများ (2)
Wednesday, February 29, 2012
Tuesday, February 28, 2012
ရခိုင်သားလား ဇီးသီးစား (၄)
Published :
7:52 AM
Author :
အရှင်သုစိတ္တ
လူမျိုးတိုင်းမှာ ကိုယ့်စာကို
ကိုယ့်စကားနှင့်ရွီးပါသည် --။
တရုတ်လည်း တရုတ်စာကို
တရုတ်စကားဖြင့်ရွီးပါသည် --။
ထိုင်းလည်း ထိုင်းစာကို
ထိုင်းစကားဖြင့်ရွီးပါသည် --။
အင်္ဂလိပ်လည်း အင်္ဂလိပ်စာကို
အင်္ဂလိပ်စကားဖြင့်ရွီးပါသည် --။
ရခိုင်သားမှာ ကိုယ်၏စာကို
သူများစကားဖြင့်ရွီးပါသည်
ရခိုင်သားလား ဇီးပြားစား
ဆီဆွတ်အာရီယံမသား --။
.........................
(သာလှဦး)
ကိုယ့်စကားနှင့်ရွီးပါသည် --။
တရုတ်လည်း တရုတ်စာကို
တရုတ်စကားဖြင့်ရွီးပါသည် --။
ထိုင်းလည်း ထိုင်းစာကို
ထိုင်းစကားဖြင့်ရွီးပါသည် --။
အင်္ဂလိပ်လည်း အင်္ဂလိပ်စာကို
အင်္ဂလိပ်စကားဖြင့်ရွီးပါသည် --။
ရခိုင်သားမှာ ကိုယ်၏စာကို
သူများစကားဖြင့်ရွီးပါသည်
ရခိုင်သားလား ဇီးပြားစား
ဆီဆွတ်အာရီယံမသား --။
.........................
(သာလှဦး)
Sunday, February 26, 2012
Saturday, February 25, 2012
မိဘတို့၏ ပီတိ
Published :
9:00 PM
Author :
အရှင်သုစိတ္တ
မအီမသာ ပူဆာပျောင်းပြ
ကြောင့်ကြရှိစိုက်
ကိုယ်လုံးဟိုက်လည်း
ဖက်ပိုက်ရင်ခွင်
ရှေ့တွင်လည်းထား
ရှုပျော်ပါး၍
သား၏ရုပ်ရည်
သီတာ မည်သား
ရေကြည်ချမ်းမြ
တစ်ပေါက်ကျက
မိဘတို့ ဝမ်း ငြိမ်းစတမ်းတည်း။
ကြောင့်ကြရှိစိုက်
ကိုယ်လုံးဟိုက်လည်း
ဖက်ပိုက်ရင်ခွင်
ရှေ့တွင်လည်းထား
ရှုပျော်ပါး၍
သား၏ရုပ်ရည်
သီတာ မည်သား
ရေကြည်ချမ်းမြ
တစ်ပေါက်ကျက
မိဘတို့ ဝမ်း ငြိမ်းစတမ်းတည်း။
Thursday, February 23, 2012
ဝိပဿနာ ညစ်နွမ်းကြောင်းတရား ၁၀ ပါး
Published :
7:42 PM
Author :
အရှင်သုစိတ္တ
ဝိပဿနုပက္ကိလေသ ဆယ်ပါး
.................................................
ခဏသမနုဿနာနည်းဖြင့် ကြိုးစားပွားများသောအခါ ဥဒယဗ္ဗယဥာဏ်ဖြစ်
ပေါ်စတွင် ရှေ့ကာလ၌-
၁။ သြဘာသ- ကိုယ်ရောင်ကိုယ်ဝါ
၂။ ပီတိ- ဝိဿနာဥာဏ်နှင့်ယှဉ်သောပီတိ
၃။ ပဿဒ္ဓိ- ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ စေတသိက်
၎။ အဓိမောက္ခ- ကမ္မဌာန်းအာရုံ၌ စူးစိုက်စွာသက်ဝင်ယုံကြည်သော သဒ္ဓါ
၅။ ဝိပဿနာစိတ်ကို အားပေးမြှောက်ထောက်ပံ့သောသဒ္ဓါ
၆။ပဂ္ဂဟ- ဝိပဿနာစိတ်ကိုအားပေး အားမြှောက်ထောက်ပံ့တတ်သော ဝီရီယ
၇။သုခ- အလွန်ချမ်းမြသော သုခဝေဒနာ
၇။ ဥာဏ- သွက်လက်လျင်မြန် အမြင်သန်သော ဝိပဿနာ
၈။ဥပဌာန- ကမ္မဌာန်းအာရုံ၌ စွဲမြဲတည်သောသတိ
၉။ဥပေက္ခာ- တတြမဇ္ဈတ္တုပေက္ခာ ၊ အာဝဇ္ဇနုပေက္ခာ
၁၀။ နိကန္တိ- သိမ်မွေ့သော တဏှာ
ဝိပဿနာ တရားအားထုတ်ရာတွင် ဤဆယ်ပါးသော ဝိပဿနာဥာဏ်၏ ညစ်နွမ်းကြောင်းဘေးရန် အန္တရာယ်များ ဖြစ်ပေါ်လာတတ်၏။
မှတ်ချက်- ထို ၁၀ ပါးတွင် သြဘာသ စသော ၉ ပါးတို့ကို တဏှာ မာန ဒိဌိ ဟူသော ညစ်နွမ်းကြောင်းတို့၏
တည်ရာဖြစ်သောကြောင့်သာ ) ဌာနူပစာ၊ ဖလူပစာအားဖြင့်) ဝိပဿနာ ညစ်နွမ်းကြောင်း ဘေးရန်ဟု
ဆိုရပါသည်။ အကုသိုလ်ဖြစ်သောကြောင့် ဆိုရသည်မဟုတ်ပါ။ နိကန္တိမူကား ညစ်နွမ်းကြောင်းအစစ်လည်း
ဖြစ်ပါသည်။ ညစ်နွမ်းကြောင်းတို့၏ တည်ရာလည်းဖြစ်ပါသည်။
တတြမဇ္ဈတ္တုပေက္ခာ- ဖြစ်ပျက်မှု (ဥဒဗ္ဗယ) သဘောအလွန်ထင်နေရကား၊ မထင်ထင်အောင်ရှု့ဖို့ရာ ဗျာပါရ
မများတော့ဘဲ မသင့်အားဖြင့် ရှုစားတတ်သောသဘောကို တတြမဇ္ဈတ္တုပေက္ခာဟုခေါ်ပါသည်။
အာဝဇ္ဇနုပေက္ခာ- ဖြစ်ပျက်မှုကိုဆင်ခြင်သည့်အခါ အလွန်လျင်မြန်စွာ ဆင်ခြင်နိုင်သော အာဝဇ္ဇန်းနှင့်ယှဉ်သော စေတနာကို အာဝဇ္ဇနုပေက္ခာဟုခေါ်ပါသည်။
အညွှန်း= (သဂြိုလ် သရုပ်ခွဲသင်ကြားနည်း -ဒုတိယတွဲ) အရှင်ခေမိန္ဒ ပစ္ဆိမာရုံစာသင်တိုက် ပုသိမ်မြို့
.................................................
ခဏသမနုဿနာနည်းဖြင့် ကြိုးစားပွားများသောအခါ ဥဒယဗ္ဗယဥာဏ်ဖြစ်
ပေါ်စတွင် ရှေ့ကာလ၌-
၁။ သြဘာသ- ကိုယ်ရောင်ကိုယ်ဝါ
၂။ ပီတိ- ဝိဿနာဥာဏ်နှင့်ယှဉ်သောပီတိ
၃။ ပဿဒ္ဓိ- ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ စေတသိက်
၎။ အဓိမောက္ခ- ကမ္မဌာန်းအာရုံ၌ စူးစိုက်စွာသက်ဝင်ယုံကြည်သော သဒ္ဓါ
၅။ ဝိပဿနာစိတ်ကို အားပေးမြှောက်ထောက်ပံ့သောသဒ္ဓါ
၆။ပဂ္ဂဟ- ဝိပဿနာစိတ်ကိုအားပေး အားမြှောက်ထောက်ပံ့တတ်သော ဝီရီယ
၇။သုခ- အလွန်ချမ်းမြသော သုခဝေဒနာ
၇။ ဥာဏ- သွက်လက်လျင်မြန် အမြင်သန်သော ဝိပဿနာ
၈။ဥပဌာန- ကမ္မဌာန်းအာရုံ၌ စွဲမြဲတည်သောသတိ
၉။ဥပေက္ခာ- တတြမဇ္ဈတ္တုပေက္ခာ ၊ အာဝဇ္ဇနုပေက္ခာ
၁၀။ နိကန္တိ- သိမ်မွေ့သော တဏှာ
ဝိပဿနာ တရားအားထုတ်ရာတွင် ဤဆယ်ပါးသော ဝိပဿနာဥာဏ်၏ ညစ်နွမ်းကြောင်းဘေးရန် အန္တရာယ်များ ဖြစ်ပေါ်လာတတ်၏။
မှတ်ချက်- ထို ၁၀ ပါးတွင် သြဘာသ စသော ၉ ပါးတို့ကို တဏှာ မာန ဒိဌိ ဟူသော ညစ်နွမ်းကြောင်းတို့၏
တည်ရာဖြစ်သောကြောင့်သာ ) ဌာနူပစာ၊ ဖလူပစာအားဖြင့်) ဝိပဿနာ ညစ်နွမ်းကြောင်း ဘေးရန်ဟု
ဆိုရပါသည်။ အကုသိုလ်ဖြစ်သောကြောင့် ဆိုရသည်မဟုတ်ပါ။ နိကန္တိမူကား ညစ်နွမ်းကြောင်းအစစ်လည်း
ဖြစ်ပါသည်။ ညစ်နွမ်းကြောင်းတို့၏ တည်ရာလည်းဖြစ်ပါသည်။
တတြမဇ္ဈတ္တုပေက္ခာ- ဖြစ်ပျက်မှု (ဥဒဗ္ဗယ) သဘောအလွန်ထင်နေရကား၊ မထင်ထင်အောင်ရှု့ဖို့ရာ ဗျာပါရ
မများတော့ဘဲ မသင့်အားဖြင့် ရှုစားတတ်သောသဘောကို တတြမဇ္ဈတ္တုပေက္ခာဟုခေါ်ပါသည်။
အာဝဇ္ဇနုပေက္ခာ- ဖြစ်ပျက်မှုကိုဆင်ခြင်သည့်အခါ အလွန်လျင်မြန်စွာ ဆင်ခြင်နိုင်သော အာဝဇ္ဇန်းနှင့်ယှဉ်သော စေတနာကို အာဝဇ္ဇနုပေက္ခာဟုခေါ်ပါသည်။
အညွှန်း= (သဂြိုလ် သရုပ်ခွဲသင်ကြားနည်း -ဒုတိယတွဲ) အရှင်ခေမိန္ဒ ပစ္ဆိမာရုံစာသင်တိုက် ပုသိမ်မြို့
Wednesday, February 22, 2012
ဝိပဿနာ အကျိုး (၇)မျိုး
Published :
12:50 AM
Author :
အရှင်သုစိတ္တ
ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ သောကပရိဒေဝါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဥာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ။ (သုတ်၊ မဟာဝါ)
ဒီပါဠိတော်က သတိပဋ္ဌာန်အကျိုး(တနည်း) ဝိပဿနာအကျိုး ခုနစ်မျိုးကို ပြဆိုထားတဲ့ ပါဠိတော်များ ဖြစ်ပါတယ်။အဲဒီအကျိုးတရား(၇)ပါးက ဘာတွေလဲလို့ဆိုတော့
(၁)။ သတ္တာနံဝိသုဒ္ဓိယာ = ကိလေသာစင်စေခြင်း။
(၂)။သောကာနံ သမတိက္ကမာယ = စိုးရိမ်ပူဆွေးရတဲ့ သောကတွေမှ လွန်မြောက်စေခြင်း။
(၃)။ ပရိဒေဝါနံသမတိက္ကမာယ = ငိုကြွေးမြည်တမ်း ပင်ပန်းခြင်းမှ လွန်မြောက်စေခြင်း။
(၄)။ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ= ကိုယ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။
(၅)။ ဒုက္ခဒေါမနဿာနံအတ္ထင်္ဂမာယ = စိတ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။
(၆)။ဥာယဿ အဓိဂမာယ = မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုရရှိစေခြင်း။
(၇)။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ = နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း။ ဆိုတဲ့ အကျိုးတရား(၇)မျိုးဖြစ် ပါတယ်။
(၁)။ သတ္တာနံ ဝိသုဒ္ဓိယာ = သတ္တဝါတို့အား ကိလေသာမှစင်ကြယ်စေခြင်းဆိုတဲ့ အချက်မှာ ဝိပဿနာ တရားအားထုတ်နေတဲ့အချိန်ကို ပြန်ပြီးကြည့်လိုက်ပါ။ တရားရှုမှတ်နေခိုက်မှာ လောဘ၊ ဒေါသ ၊ မောဟ စတဲ့ ကိလေသာတွေစင်ကြယ်နေတာကိုတွေ့နိုင်ပါတယ်။ တရားရှုမှတ်နေခိုက်မှာ ခန္ဓာကိုယ်ရဲ့ မမြဲတဲ့ သဘော၊ ဆင်းရဲတဲ့သဘော၊ အစိုးမရ အလိုမလိုက် အနှစ်သာရမရှိတဲ့ သဘောတွေကို မြင်တွေ့ နေရတော့ လိုချင်မှုလောဘကိလေသာတွေ၊ မကျေနပ်တဲ့ဒေါသ ကိလေသာတွေ၊ မိုက်မဲတွေဝေမှုဆိုတဲ့ မောဟ ကိလေသာတွေကင်းစင်နေတာကို ပေါ်ပေါ်လွင်လွင်ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ ဒါက တရားရှုမှတ်ခိုက် မှာ ခဏတာ ကိလေသာတွေစင်ကြယ်နေခြင်းဖြစ်ပါတယ်။ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ အပြီးအပိုင် ရသွားပြီဆိုရင်တော့ ဆိုင်ရာကိလေသာများလည်း အပြီးအပိုင်ကင်းစင်းသွားမှာပါ။ ဒါကြောင့် ဝိပဿနာ (တနည်း) သတိပဋ္ဌာန်တရားရှုမှတ်ခြင်းဖြင့် ကိလေသာများစင်ကြယ်ခြင်းဆိုတဲ့ အကျိုးတရားကို ရနိုင်ပါတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။
(၂)။သောကာနံ သမတိက္ကမာယ = စိုးရိမ်ပူဆွေးရတဲ့သောကတရားတို့မှလွန်မြောက်ခြင်း
အားလုံးသောပုဂ္ဂိုလ်များအနေနဲ့ သားရေး သမီးရေး စီးပွားရေး အိမ်ထောင်ရေး စတဲ့ အရေးကိစ္စတွေကြောင့် စိုးရိမ်ပူဆွေးမှုဆိုတဲ့ သောကတရားတွေ အနည်းနဲ့ အများဆိုသလို ရှိနေတတ်ကြပါတယ်။ အဲဒီသောက တရားတွေဖြစ်လာတဲ့အခါ မဖြစ်အောင် ငြိမ်းပျောက်အောင် ပယ်ဖျောက်ပေးနိုင်တာ ဒီဝိပဿနာအလုပ်ပဲရှိ ပါတယ်။ ဝိပဿနာအလုပ်တရားကို ပွားများအားထုတ်ထားရင် အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်တဲ့ သောက တရားတွေကို ပယ်ဖျောက်နိုင်ပါတယ်။ သောကတရားရဲ့ဒဏ်ကို ခံနိုင်ရည်ရှိတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
(၃)။ ပရိဒေဝါနံ သမတိက္ကမာယ = ငိုကြွေးမြည်တမ်း ပင်ပန်းခြင်းမှလွတ်မြောက်စေနိုင်ခြင်း။
သားဆိုးသမီးဆိုးများကြောင့် ငိုကြွေးပင်ပန်းရခြင်း၊ ဥာတိဗျသနဘေးဆိုတဲ့ ဆွေမျိုးတွေ သေကြေပျက်စီးလို့ ငိုကြွေးမြည်တမ်းပင်ပန်းရခြင်း၊ ဘောဂဗျသနဘေးဆိုတဲ့ စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးရခြင်းကြောင့် ငိုကြွေးမြည်တမ်းပင်ပန်းရခြင်းဆိုတဲ့ အဆိုးတရားများ လူတိုင်းကိုယ်စီရှိနေကြပါလိမ့်မယ်။ အဲဒီတရားတွေ ဖြစ်လာတဲ့အခါ ထိုတရားတွေမှ လွန်မြောက်စေနိုင်တာ ဝိပဿနာအလုပ်ပဲဖြစ်ပါတယ်။ ဝိပဿနာအလုပ်ကို လုပ်ထားတဲ့သူများဟာ ထိုတရားများကြုံတွေ့လာခဲ့ရင်လည်း ထိုတရားတို့အပေါ်မှာ မှန်ကန်စွာနှလုံးသွင်း တတ်တာကြောင့် ထိုတရားတွေမှ လွန်မြောက်နိုင်စေပါတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
(၄)။ဒုက္ခဒေါမနဿာနံ သမတိက္ကမာယ = ကိုယ်ဆင်းရဲမှုများမှ လွန်မြောက်စေခြင်း။
ဘေးအန္တရာယ်အမျိုးမျိုးကြောင့်လည်းကောင်း၊ အနာရောဂါများကြောင့်လည်းကောင်း ကိုယ်ဆင်းရဲမှုများကို လည်း လူတိုင်းလူတိုင်းကြုံတွေ့နေကြရပါတယ်။ ထိုထိုသော ကိုယ်ဆင်းရဲမှုများကိုလည်း ဝိပဿနာတရား က လွန်မြောက်နိုင်ပါတယ်။ တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။ ကင်ဆာရောဂါ သွေးတိုးရောဂါခံစားနေရသူများ တရားအားထုတ်လိုက်တာ ရောဂါများပျောက်ကင်းသွားတယ်လို့ ဖတ်ဖူး မှတ်ဖူးကြမယ်လို့ထင်ပါတယ်။ ကုသလို့မပျောက်ကင်းနိုင်တဲ့ ရောဂါဝေဒနာရှင်များ နောက်ဆုံးအဆင့်အနေနဲ့ တရားအားထုတ်လိုက်လို့ ရောဂါများသက်သာပျောက်ကင်းပြီး ကျန်းမာချမ်းစွာနဲ့ အသက်ရှင်နေလျက်ရှိပါတယ်ဆိုတဲ့ သတင်းများကို လည်းကြားဖူးပါလိမ့်မယ်။ မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ ဝိပဿနာတရား သတိပဋ္ဌာန်တရားဟာ ထိုထိုသော ကိုယ်ဆင်းရဲမှုဆိုတဲ့ ကာယိကဒုက္ခမှလည်းလွန်မြောက်စေနိုင်ပါတယ်။
(၅)။ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ = ဒီအချက်က စိတ်ဆင်းရဲမှုမှလွန်မြောက်ခြင်း။ ဆိုပြီး စိတ်ဆင်းရဲမှု စေတသိကဒုက္ခကိုယူရပါတယ်။ဆိုလိုတာက တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်မသက်သာမှု စိတ်ဆင်းရဲမှုများ လူတိုင်းလိုလိုကြုံတွေ့နေရတာရှိပါတယ်။ ထိုသို့သော စိတ်ဆင်းရဲမှုများမှလည်း ဝိပဿနာ တရားကလွန်မြောက်နိုင်တယ်လို့ ဟောတော်မူခြင်းဖြစ်ပါတယ်။
(၆)။ ဥာယဿ အဓိဂမာယ= မဂ်ဥာဏ် ဖိုလ်ဥာဏ်များကိုရနိုင်ခြင်း။
ဝိပဿနာ သတိပဋ္ဌာန်တရားပွားများမှုရဲ့ အမြတ်ဆုံး အထွက်အထိပ်အကျိုးပါပဲ။ သတိပဋ္ဌာန်အလုပ် ဝိပဿာနာအလုပ်ဟာ ဘာဖြစ်အောင် အားထုတ်တာလဲဆိုတော့ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာတွေရရှိအောင် အားထုတ်ကြတာပါ။ထိုမဂ်ချမ်းသာ ဖိုလ်ချမ်းသာများရရှိအောင် ဝိပဿနာအလုပ်ကိုလုပ်ပါမှရနိုင်ခြင်းဖြစ်ပါ တယ်။ ဝိပဿနာအလုပ်ကို လုပ်မယ်ဆိုရင် မဂ်ချမ်းသာ ဖိုလ်ချမ်းသာများကိုရရှိနိုင်တယ်လို့ဆိုလိုခြင်းဖြစ် ပါတယ်။
(၇)။ နိဗ္ဗာနဿ သစ္ဆိကိရိယာယ= နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ခြင်း။
ဒါကနောက်ဆုံးအကျိုးတရားဖြစ်ပါတယ်။ နိဗ္ဗာန်ချမ်းသာဆိုတာ ဗုဒ္ဓဘာသာတိုင်းလိုလားတောင့်တနေတဲ့ အရာပဲ။ နိဗ္ဗာန်ကိုမျက်မှောက်ပြုရင် ဒုက္ခအားလုံးမှ လွတ်ငြိမ်းသွားပါပြီ။ ထိုနိဗ္ဗာန်ချမ်းသာကိုရစေနိုင် ရောက်စေနိုင်တာကတော့ ဝိပဿနာအလုပ်တစ်ခုပဲရှိပါတယ်။ ကျန်သော ဒါန သီလ သမထကုသိုလ်များ က အထောက်အပံ့ပေးနိုင်ရုံသာ ပေးနိုင်တာပါ။ နိဗ္ဗာန်ကိုတိုက်ရိုက်မရောက်နိုင်ပါဘူး။ နိဗ္ဗာန်သွားရာလမ်း ကြောင်းမှာလည်း ဒါန သီလ သမထ ကုသိုလ်များရှိရပါမယ်။ တိုက်ရိုက်မပို့ဆောင်နိုင်ပေမယ့် ရောက်အောင် ရအောင် အထောက်အပံ့လောက်တော့ပေးနိုင်ပါတယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်တဲ့ ကုသိုလ်ဟာ ဝိပဿနာကုသိုလ်ပဲဖြစ်ပါတယ်။ ဒါကြောင့်အားလုံးသော ပုဂ္ဂိုလ်များလည်း ဝိပဿနာအလုပ် ကို အားထုတ်ရင်း ကိလေသာများစင်ကြယ်ပြီး နောက်ဆုံး နိဗ္ဗာန်ထိတက်လှမ်းနိုင်ပါစေ။
စာဖတ်သူအားလုံး သက်ရှည်ကျမ်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)http://wiradhamma.blogspot.com/2012/02/blog-post_20.html
Tuesday, February 21, 2012
ကိုးဆယ်ဆသာလိမ့်မယ်
Published :
12:51 AM
Author :
အရှင်သုစိတ္တ
ကိုးဆယ်ဆသာhttp://shweo.com/myanmar-videos/play/1671လိမ့်မယ်2
Sunday, February 19, 2012
သဒ္ဓါမှန်ရင် လက်တွေ့ကျင့်ရမယ်
Published :
1:06 AM
Author :
အရှင်သုစိတ္တ
သံသရာဝဲ လွတ်မြောက်ရေးကို
သဒ္ဓါပန်းကိုင်ကာ၊ အခါခါ ပန်ကွယ်
တွေ့ခွင့်ရတဲ့ သာသနာဝယ်
မြတ်ဗုဒ္ဓ၏ တရားရယ်............
ပြည့်သဒ္ဓါ မိစ္ဆာကင်းလို့
ဘာဝနာမြတ်တရား....ကျင့်ရလေတော့တယ်.
မိစ္ဆရိယ စိတ်ကင်းလို့...
ကျင့်ကြံကြတယ် မြတ်သန္တရယ်....
တဆင့်ပြီးရင်၊ တဆင့်တက်မယ်
နိဗ္ဗာန်ပန်းကိုဆွတ်ခူးမယ်
သဒ္ဓါရဲ့ မဏ္ဍိုင် ယိန်းယိုင် နွဲပေါ့ကွယ်
ပန်နိင်ကြစေကွယ်၊ ဒကာဒကာမရယ်
သီလနဲ့ညီစွာ
သဒ္ဓါမှန်ရင် ကျင့်လည်းကျင့်ရမယ်.....
သံသရာ သတ္တဝါ အများ......ရယ်
စွဲလန်းစရာ ဖန်လန်ပြန်တယ်..
အသားမဲ့မျိုး အမဲရိုးလို
ကိုက်ရမဲ့ဆင့် ကြုံလာပြန်တော့တယ်.
အို.............အို................အို................................
ကျမျက်ရည်..တသွယ်သွယ်..
စီးမနိုင် တားမရတယ်..
မသိမှု အဝိဇ္ဇာ လက်ချက်ဦးတော့
အဝိဇ္ဇနှင့် တဏှာရယ်....
ပဋိသန္ဓေနှင့် စုတိတို့ရယ်............
သံသရာလမ်းကို လှမ်း......လှမ်းရတယ်
ဒါ သီ နှစ်သွယ် မှန်းမျှော်လို့ရေ
ဘာဝနာတခွင် နိဗ္ဗာန် မြတ်တယ်
မလျော့ကြနဲ့ ဒကာဒကာမတွေရယ်
သဒ္ဓါမှန်ရင် လက်တွေ့ကျင့်ရမယ်..................
.........................................
ဦးသုစိတ္တ (မဟာချူလာတက္ကသိုလ်၊ ချင်းမိုင်)
သဒ္ဓါပန်းကိုင်ကာ၊ အခါခါ ပန်ကွယ်
တွေ့ခွင့်ရတဲ့ သာသနာဝယ်
မြတ်ဗုဒ္ဓ၏ တရားရယ်............
ပြည့်သဒ္ဓါ မိစ္ဆာကင်းလို့
ဘာဝနာမြတ်တရား....ကျင့်ရလေတော့တယ်.
မိစ္ဆရိယ စိတ်ကင်းလို့...
ကျင့်ကြံကြတယ် မြတ်သန္တရယ်....
တဆင့်ပြီးရင်၊ တဆင့်တက်မယ်
နိဗ္ဗာန်ပန်းကိုဆွတ်ခူးမယ်
သဒ္ဓါရဲ့ မဏ္ဍိုင် ယိန်းယိုင် နွဲပေါ့ကွယ်
ပန်နိင်ကြစေကွယ်၊ ဒကာဒကာမရယ်
သီလနဲ့ညီစွာ
သဒ္ဓါမှန်ရင် ကျင့်လည်းကျင့်ရမယ်.....
သံသရာ သတ္တဝါ အများ......ရယ်
စွဲလန်းစရာ ဖန်လန်ပြန်တယ်..
အသားမဲ့မျိုး အမဲရိုးလို
ကိုက်ရမဲ့ဆင့် ကြုံလာပြန်တော့တယ်.
အို.............အို................အို................................
ကျမျက်ရည်..တသွယ်သွယ်..
စီးမနိုင် တားမရတယ်..
မသိမှု အဝိဇ္ဇာ လက်ချက်ဦးတော့
အဝိဇ္ဇနှင့် တဏှာရယ်....
ပဋိသန္ဓေနှင့် စုတိတို့ရယ်............
သံသရာလမ်းကို လှမ်း......လှမ်းရတယ်
ဒါ သီ နှစ်သွယ် မှန်းမျှော်လို့ရေ
ဘာဝနာတခွင် နိဗ္ဗာန် မြတ်တယ်
မလျော့ကြနဲ့ ဒကာဒကာမတွေရယ်
သဒ္ဓါမှန်ရင် လက်တွေ့ကျင့်ရမယ်..................
.........................................
ဦးသုစိတ္တ (မဟာချူလာတက္ကသိုလ်၊ ချင်းမိုင်)
Friday, February 17, 2012
Thursday, February 16, 2012
Wednesday, February 15, 2012
Tuesday, February 14, 2012
Verb to be
Published :
6:11 AM
Author :
အရှင်သုစိတ္တ
Verb to be နဲ့ထိုင်းကြိယာများကို ကာလအလိုက်ခွဲခြမ်းပြဇယား
Verb to be | ထိုင်းကြိယာ | ကာလ กาล | မြန်မာပြန် |
Am is are | เป็น (ပဲန်) คือ (ခေယ်) อยู่ (ယူ) | ပစ္စုပ္ပုန် | ဖြစ်တယ် ရှိတယ် |
Was were | ได้เป็น (ဒိုက်ပဲန်) ได้คือ (ဒိုက်ခေယ်) ได้อยู่ (ဒိုက်ယူ) | အတိတ် | ဖြစ်ခဲ့တယ် ရှိခဲ့တယ် |
Will be, shill be | จะเป็น (ကျာ့ပဲန်) จะคือ (ကျာ့ခေယ်) จะอยู่ (ကျာ့ယူ) | အနာဂတ် อนาคต | ဖြစ်မယ်၊ဖြစ်လိမ့်မယ် ရှိမယ်၊ ရှိလိမ့်မယ် |
Verb to be
Published :
6:10 AM
Author :
အရှင်သုစိတ္တ
Verb to be နဲ့ထိုင်းကြိယာများကို ကာလအလိုက်ခွဲခြမ်းပြဇယား
Verb to be | ထိုင်းကြိယာ | ကာလ กาล | မြန်မာပြန် |
Am is are | เป็น (ပဲန်) คือ (ခေယ်) อยู่ (ယူ) | ပစ္စုပ္ပုန် | ဖြစ်တယ် ရှိတယ် |
Was were | ได้เป็น (ဒိုက်ပဲန်) ได้คือ (ဒိုက်ခေယ်) ได้อยู่ (ဒိုက်ယူ) | အတိတ် | ဖြစ်ခဲ့တယ် ရှိခဲ့တယ် |
Will be, shill be | จะเป็น (ကျာ့ပဲန်) จะคือ (ကျာ့ခေယ်) จะอยู่ (ကျာ့ယူ) | အနာဂတ် อนาคต | ဖြစ်မယ်၊ဖြစ်လိမ့်မယ် ရှိမယ်၊ ရှိလိမ့်မယ် |
Monday, February 13, 2012
My biography
Published :
8:42 PM
Author :
အရှင်သုစိတ္တ
My name is Ashin Thuseitta,in Pali Sucitta. I was born on Friday, July 22, 1983 in Kamava village, Man Aung Island Township, Rakhine state, western of Myanmar. My native name is Mg Thein Tin given by family. My parents are U Bo Cho and Daw Khin Soe Oo, and I have one young sister and two younger brothers. My parents are very simple people who are farmers living in Ngw Saung Beach, Pathein Township, Ayeyawady Division. I was ordained as a novice in 1997 and the a monkhood in 2005 in Kamdha Sima, ordination hall , Uttarama-rama Khardawhme Monastery. My abbot teacher, monk is Saydaw Baddanta ven- Pannava. I was studying basic Buddhist education at my abbot for two years, then I was taken to study higher education to Pacchimayon Pali school, in Pathein Town, Ayeyewady Division, 2000. I have passed all examinations at the same Pali School from level (1) To level (5) higher examination with good scoresheld in Ministry Religious Affairs, Government of the Union of Myanmar.Dhammacariya Degree was being learnt in Yangon in 2006, and then English Language with four skills by the teaching of the Buddha in Yangon( Rangon).I have passed B.A in first Division of THE WINDERMARE ACADEMY OF ARTS, and book No is 04/2008 in English Language.I have arrived in Chiang Mai Campus, City, Thailand to study International Program in Mahachulalongkornrajavidyalay University, 2008, and then I have been studying in Faculty of Humanity, Majoring of English which is International (B.A) Program for four year from 2008 to 2012. Now is that I am going to complete a degree of University, and the not only studying ,but also participating in any Buddhist activities of University. In holidays of summer, I am used to teaching English and Thai to people in Chiang Mai Campus, and preaching Dhamma to the people in Thailand during the time of holidays as much as being able to be volunteer monk in the societies of Thailand
တရားပွဲများ သတင်း
Published :
7:07 PM
Author :
အရှင်သုစိတ္တ
ဓမ္မဒေါင်းလုပ်၏ သတင်းကဏ္ဍ
ဓမ္မဒေါင်းလုပ်သတင်းကဏ္ဍတွင် တရားပွဲ ကြော်ငြာလိုပါလျှင် တရားပွဲ အသေးစိပ်ကို dhammadownload.admin@gmail.com သို့ ပေးပို့နိုင်ပါသည်။
(မှတ်ချက်။ ဝိနိစ္ဆယနှင့် ကင်းလွတ်သော ဆရာတော်များ၏ သတင်းများကိုသာ တင်ပြပါမည်။)
******************************************************
Thursday, February 9, 2012
မြတ်တရား၏ ဖိတ်ခေါ်သံ
Published :
9:39 AM
Author :
အရှင်သုစိတ္တ
ဘုရားမြတ်စွာသာသနာတော်နှင့်ဆုံးဆည်းခွင့်ရခြင်းသည်ကောင်းသောအခွင့်ရေးကြီးတစ်ခုဖြစ်ပါသည်။
ထိုအခွင့်ရေးကြီးကိုသူတော်ကောင်းများသည်အခွင့်ခါကိုမလွတ်စေပဲကျင့်ရမည်ဖြစ်သောလမ်းစဉ်များကို
လိုက်နာကျင့်ဆောင်ကြနေကြပါသည်။လိုက်နာကျင့်ဆောင်ရသည်မှာဘုရားဟောတရားတော်များ
ပင်ဖြစ်ပါသည်။ ထိုတရားတော်တို့သည်နံပါတ်(၁) လိုက်နာရမည်စမ်းကမ်းချက်(ဝိနည်း) တနည်းအားဖြင့် (သီလ) တနည်းအားဖြင့် စည်းကမ်းများပင်ဖြစ်ကြပါသည်။ နံပါတ်(၂)သုတ္တာန် (သမာဓိ)ကိုဆိုလိုပါသည်။
သမာဓိဆိုသည်မှာမိမိ၏လုပ်နေသောလုပ်ငန်းများကိုစူးစူးစိုက်စိုက်နဲ့တည်တည်ငြိမ်ငြိမ်
လုပ်ဆောင်ရမည်ဖြစ်ပါသည်။ သမာဓိဖြင့်လုပ်ဆောင်နေသောလုပ်ငန်းများသည်အောင်မြင်မှုဖြင့် ပန်းတိုင်ကိုရောက်ကြပါသည်။ (၃)အမြင့်ဆုံးအသိပညာ( အဘိဓမ္မာ) ပင်ဖြစ်ပါသည်။ ထိုသိုအားဖြင့် တရားတော်သုံးမျိုးကိုဘုရားရှင်ဟောကြားတော်မူခဲ့ပါသည်။ ထိုတရားတော်တို့ကို သိဖို့ရန် လေ့လာရမည်ဖြစ်ပါသည်။ လေ့လာရုံဖြင့်မကျင့်နိုင်လျှင်လည်း တရားတော်၏အကျိုးတရားများကိုမရရှိနိုင်သေးပါ။ ထို့ကြောင့် သဘောပေါက်အောင်လေ့လာခြင်းသည်ပင် (၁) ပရိယတ္တိသာသနာဟုခေါ်ဆိုပါသည်။ သဘောပေါက်ပြီး၍ကိုယ်တိုင်အားထုတ်ခြင်းကို(၂) ပဋိပတ္တိသာသနာဟုခေါ်ဆိုပါသည်၊ အရှိကိုအရှိတိုင်းသဘောပေါက်၍ ရရှိခံစားစံစားရမည်ဖြစ်သောတရားတော်ကို (၃) ပဋိဝေဓ သာသနာဟုခေါ်ဆိုပါသည်။ ထိုတရားတော်တို့ထဲမှာ မိမိတို့ကြိုက်နှစ်သက်သော တရားတော်တမျိုးမျိုးကိုတခုတည်းသောသမာဓိစိတ်ဖြင့်အားထုတ်ဖို့ရန် တရားတော်ဂုဏ်ပုဒ်နဲ့အညီ မြတ်တရားတော်မှ အမြဲကြိုဆိုလျက်ရှိပါသည်။ ဧဟိပဿိကော- လာခဲ့စမ်းပါ၊ ပွားများလှဲ့စမ်းပါဟုဖိတ်ခေါ်လျက်ရှိပါသည်။ သတ္တဝါတိုင်းသည် နေ့စဉ်နေ့တိုင်း စားယင်းသောက်ယင်းလုပ်ကိုင်ယင်းဖြင့် လောကီအကျိုးကိုမျှော်ကိုးကာ တနေ့ပြီးတနေ့လွန်မြောက်စေခဲ့ပါသည်။ ကျော်လွန်ဖြတ်သန်းသွားခဲ့သော အချိန်များကိုလည်းအမှတ်တမဲ့မေ့မျောနေခဲ့ကြပါသည်။ မြတ်ဘုရားသာသနာသည် စကားထက်အလုပ်ကိုပို၍တန်းဖိုးထားပါသည်။ လက်တွေ့လုပ်ရသော ဘာသာလည်းဖြစ်ပါသည်။ ဘုရားသာသနာတော်ကိုယုံကြည်ကိုးကွယ်နေကြသောလူအချို့တို့သည် မိမိတို့ကိုယ်တိုင်မကျင့်ပဲ၊ မလိုက်နာပဲ အပြောဖြင့် တတ်ရောင် နတ်ယောင် သိသယောင်ဖြင့်ဝေဖန်နေကြကိုအချို့သော ဘာသာခြားများလည်း ကဲ့ရဲ့နေကြသည်ကိုတွေ့ရပါသည်။ မြတ်ဘုရားသည် သတ္တဝါအားလုံးတို့ကိုသနားတော်မူ၍လမ်းပြလိုသောစိတ်ထားဖြင့် ၄၆ ဝါကာလကြာ မနေမနားတရားတော်ဆေးများကိုကိလေသာရောဂါများကင်းပျောက်စေရန် သတ္တဝါ များအားကုစားပေးတော်မူခဲ့ပါသည်။
မြတ်ဘုရားပေးခဲ့သော အသိပညာရပ်များသည် လောကီအတွက်တင်မက လောကုတ္တရာ အထန်းတန်းကျကျ မြင့်မြတ်သောလူသားဖြစ်စေပြီး သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်အောင်ပေးစွမ်းနိုင်ပေသည်။ မြတ်ဘုရား၏တရားတော်များသည်လည်း
ရှောင်ရမည့်နည်းလမ်းများနှင့်လိုက်နာရမည့်နည်းလမ်းများကိုပါပြသထားပါသည်။ မြတ်ဘုရား၏
မြတ်တရားဆေးတော်များကိုသောက်သုံးရန်ငွေကုန်စရာမလိုပဲ ကိလေသာရောဂါများကင်းပျောက်စေပါသည်။ မြတ်တရားတော်ဆေးများသည်
အခမဲ့ကုသပေးနေပါသည်။ ဤကဲ့သို့ ချိုသာသော အေးမြသော ဓမ္မသံစဉ်တော်ဖြင့်လာခဲ့စမ်း၊ ရှု့လှဲ့စမ်းပါဟုအစဉ်ထာဝရ ဖိတ်ခေါ်လျက်ရှိပါသည်။
အားလုံးကျမ်းမာလို့ချမ်းသာ ဘေးကင်းကွာ အေးချမ်းကာ တရားထူးများရနိုင်ကြပါစေ
.............................................................................
အရှင်သုစိတ္တ ( မဟာချူလာတက္ကသိုလ်-ချင်းမိုင်)
နှစ်စဉ်သုံးစွဲခဲ့သော ကျောင်းသုံးငွေစာရင်း
Published :
12:51 AM
Author :
အရှင်သုစိတ္တ
မဟာချူလာတက္ကသိုလ် ချင်းမိုင်မြို့ ထိုင်းနိုင်ငံ
( မနုဿဗေဒ)အင်္ဂလိပ်မေဂျာ၊ ဘီအေတန်း
နှစ်စဉ်သုံးစွဲခဲ့ရသော ကျောင်းသုံးငွေစာရင်း
1st year( 2008- 2009)
စဉ် | အတန်း | ဘာသာ | ဆင်မီဆတာ | နှစ် | သုံးငွေ (ဘတ်) |
၁။ | ဘီအေ | ၁၀ | ပထမ | ပထမ | 5580 |
၂။ | ၁၀ | ဒုတိယ | ပထမ | 4890 |
2nd year ( 2009-2010)
စဉ် | အတန်း | ဘာသာ | ဆင်မီဆတာ | နှစ် | သုံးငွေ (ဘတ်) |
၁။ | ဘီအေ | ၁၀ | ပထမ | ဒုတိယ | 5740 |
၂။ | ၉ | ဒုတိယ | ဒုတိယ | 4730 |
3rd year (2011-2011)
စဉ် | အတန်း | ဘာသာ | ဆင်မီဆတာ | နှစ် | သုံးငွေ (ဘတ်) |
၁။ | ဘီအေ | ၈ | ပထမ | တတိယ | 5500 |
၂။ | ၇ | ဒုတိယ | တတိယ | 4980 |
4th year ( 2011-2012)
စဉ် | အတန်း | ဘာသာ | ဆင်မီဆတာ | နှစ် | သုံးငွေ (ဘတ်) |
၁။ | ဘီအေ | ၇ | ပထမ | နောက်ဆုံး | 4880 |
၂။ | ၆ | ဒုတိယ | နောက်ဆုံး | 4850 |
Subscribe to:
Posts (Atom)
ဘန်ကောက်အချိန်
Search This Blog
visitor
About Me
Dhamma Education
Followers
My Blog List
-
နောက်ဆုံးရ မြန်မာသတင်းများ4 years ago
-
-
-
-
-
-