၁။ ဘုရားရိပ်ကို ခိုလှုံပါ
Take refuge in the Buddha.
ဘုရားသည် လူသားစင်စစ်ဖြစ်ပါသည်။ စစ်မှန်သောလမ်းစဉ်နှင့် ပါရမီဖြည့်ကျင့်မှု၊
ကျင့်ကြံအားထုတ်မှုတို့ကြောင့် စစ်မှန်သောတရားဓမ္မကို သိရှိကာ နားလည်ခဲ့သည်။
ထိုတရားဓမ္မကို သိရှိပြီး ကျင့်ကြံအားထုတ်စေချင်လို့ သတ္တ၀ါအပေါင်းတို့ကို ဟောပြော
ပြသခဲ့တယ်။
ဘုရားရိပ်ကို ခိုလှုံကြသောသူမှန်သမျှ ဆင်းရဲခြင်းမှ ကင်းလွတ်ပြီး ချမ်းသာစစ်
ကို ရနိုင်တယ်။
၂။ တရားရိပ်ကိုခိုလှုံပါ
Take refuge in the Dhamma.
တရား တည်းဟူသော အစွမ်းတစ်ခုတည်းက သံသရာရဲ့ထွက်မြောက်ရာနိဗ္ဗာန်ကို ပို့ဆောင်
ပေးနိုင်ပါတယ်။
တရားနာတော့ ကိုယ်မသိသေးတာတွေကိုလည်း သိနိုင်တယ်။
သိပြီးသားတရားတွေ ကိုလည်း ထပ်မံနာကြားရမယ်။
ဒီတရားတွေကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဘုရားရှင် ပါရမီတော်တွေ
ဖြည့်ပြီးမှ သိရှိလာရတာဖြစ်တဲ့အတွက်ကြောင့် အကျိုးမရှိနိုင်စရာ အကြောင်းမရှိပါဘူး။
တရားရိပ်မှာခိုလှုံပါ။
၃။ သံဃာရိပ်ကို ခိုလှုံပါ Take refuge in the Sangha.
သမုတိ၊ အရိယာ သံဃာတော်မြတ်အပေါင်းတို့သည် နိဗ္ဗာန်တစ်ဖက်ကမ်းသို့ပို့ဆောင်
ပေးနိုင်သာ တရားဓမ္မတို့ကို ဟောပြောညွှန်ပြဆိုဆုံးမနိုင်သောကြောင့်လည်းကောင်း၊
သုပ္ပဋိန္နတော အစရှိသော ကိုးဖြာသောဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူသောကြောင့်
လည်းကောင်း၊
သတ္တ၀ါဟူသမျှ ကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ကြပါသည်။
၎။ မေတ္တာရိပ်မှာခိုလှုံပါ
Take refuge in Loving-kindness.
Cultivate the Loving-kindness.
မေတ္တာတရားသည် အစွမ်းအထက်ဆုံးနှင့် အင်အားအကြီးမားဆုံးပင်ဖြစ်သည်။
မေတ္တာရိပ်မှာ ခိုလှုံကြသူအပေါင်းတို့သည် စိတ်နှလုံးရွှင်ပြုံးကာ ချမ်းသာကြသူများချည်း
ဖြစ်ပါသည်။
မေတ္တာရိပ်မှာ ခိုလှုံလို့ မအေးချမ်းသူ ဟူ၍ ဘယ်ပုဂ္ဂိုလ်၊ ဘယ်သတ္တ၀ါမှ သံသရာမှာ မရှိကြပါ။
ဦးအဂ္ဂ (တောင်ငူ)
Ref: ဦးအဂ္ဂ (တောင်ငူ) ရေးသားထုတ်ဝေသည့် အင်အားဖြည့်စကားစုများစာအုပ် ၊
စာမျက်နှာ (၈၄-၈၅)
.......................

No comments:
Post a Comment