ကံကောင်းတယ်လို့ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဘုရားပွင့်တဲ့နေရာကို ရောက်ဖို့ဆိုတာလည်းမလွယ်ပါဘူး။ ဘုရားပွင့်တဲ့နေရာကိုရောက်တာနဲ့ စိတ်ကလေးတွေက အရမ်းကိုကြည်နူးမိတယ်. အေးချမ်းတယ်။ သက်တော်ထင်ရှားဘုရားကို ကြည်ညိုတဲ့မိမိစိတ်နဲ့ မှန်းဆပြီး မြင်ရောင်မိတယ်၊ ဘုရားမြတ်စွာ တရားအားထုတ်ခဲ့တဲ့နေရာ၊ စင်္ကြန်ကြွမြန်းခဲ့နေရာတွေကိုကြည့်ပြန်တော့လည်း ဘုရားမြတ်စွာ အခေါက်ခေါက်အခါခါ ကြွမြန်းခဲ့ပုံရိပ်လေးတွေကို အတိအကျမမြင်နိင်သော်လည်း မြင်ရောင်လာသလိုဖြစ်မိတယ်။ ကံကောင်းသော ဝမ်းသာကြည်နူးမှုအပေါင်းတွေကို ဒီကုသိုလ်တွေကို ထပ်ဆင့်ပွားဖို့ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမိမြန်မာနိုင်ငံမှာ ကျေးဇူးရှင်မိဘာနှစ်ပါး။ ဆရာသမားများ၊ ဒါယကာ၊ဒါယိကမများအားလုံးကိုလည်း မြတ်ဘုရားပွင့်ရာ မစ္ဇျိမဒေသ၊ တက္ကသီလာမြေ အင်တာနက် ဘလော့မှတဆင့်ပေးပို့လိုက်ပါတယ်။
အားလုံးကျန်းမာလို့ချမ်းသာ၊ လိုရာတွေပြည့်စုံကြပါစေလို့ဆုတောင်းလျှက်
ဦးသုစိတ္တ ( မာဂဓတက္ကသိုလ်- ဒဿနိကဘေဒဌာန- အိန္ဒိယ)
No comments:
Post a Comment