Monday, August 13, 2012

သတင်းကောင်းလေးတခုပါ

ဓမ္မမိတ်ဆွေသူတော်ကောင်းများနှင့် ယောဂီသစ် ယောဂီဟောင်း သူတော်ကောင်းများမင်္ဂလာပါ ...

ဆရာမ ဒီနေ့ က စပြီး ၀ါတွင်း၃လတရားစခန်းသွားဝင်ပါပြီ...သောကြာညပြန်လာတရားပေးပါမယ်။
ဝါတွင်းကာလမှာ တရားစခန်းကို အပါတ်စဉ် စနေတနင်္ဂနွေတိုင်းမှာ ၂ရက်တရားစခန်းတိုးဖွင့်လိုက်ပါတယ်။
အင်တာနက်မှ  မြန်မာယောဂီများအတွက်နဲ့ ချင်းမိုင်ယောဂီများ အတွက် သောကြာညပိုင်း ၆ခွဲ တချိန်မှာလည်း  ပေးထားပါတယ်။ သောကြာညကတည်းစပြီးက အင်တာနက်မှဖြစ်စေ ချင်းမိုင်မှဖြစ်စေ ဖုန်းမှဖြစ်စေတရားစခန်းတွင် တရားစုပေါင်းကျင့်နိုင်ပါရန် မေတ္တာဖြင့် ဖိတ်ကြားအပ်ပါတယ်။

 မြတ်စွာဘုရားလုပ်စေချင်သော အလုပ်များလုပ်ကိုင်ရင်း
အများတရားကျင့်ခွင့်ရအောင် တရားစခန်းဖွင့်၍ တပိုင်တနိုင် သာသနာပြုရာ၌ တရားစခန်းယောဂီများအတွက် ဆွမ်း စသည် တရားစခန်းလိုအပ်ပစ္စည်းများ နှင့် ဝေယျာဝစ္စအထွေထွေ ကုသိုလ်ယူလိုသော သူတော်ကောင်းများသည် ဆရာမပြန်ရောက်မည့် ၁၀ရက်နေ့ သောကြာစနေတနင်္ဂနွေအချိန်တိုင်းတွင် attachment ရှိ ဖုန်းနံပါတ်သို့ ဆက်သွယ်ကုသိုလ် ယူနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော် နှိုးဆော်လိုက်ပါသည်။
သာသနာပြုတယ်ဆိုတာ လူများရဲ့ နှလုံးသားထဲကို သီလသမာဓိပညာအကျင့်တွေ ကျင့်နိုင်အောင် ထည့်ပေးတာပါ။ ထိုင်းနိုင်ငံ၊ချင်းမိုင်ယောဂီေ
တွက အစပြုပြီး အင်တာနက်ယောဂီများ... ဖုန်းယောဂီများအတွက် တပါတ်ကို ဘုန်းကြီးကျောင်း၊ ရွှေ့ ပြောင်းအလုပ်သမားများအတွက် လူနာများ ၏နေရာများနဲ့ အချို့ အိမ်တရားစခန်းေ
လးတွေမှာ နာရီဝက်ကနေ စခဲ့ရပါတယ်။ နောက်ေ တာ့ ၁နာရီ.... နောက်တော့ ပိတ်ရက်တနင်္ဂနွေတိုင်း ၁ရက်တရားစခန်းပါ။ ဘုန်းကြီးကျောင်းမှာ ၃ရက်တရား စခန်း... နောက် ဘန်ကောက်မြို့ ၌ ၃ ရက်တရားစခန်းများ၊ ခုသာသနာပြုသက်တမ်း ၃နှစ်မှာ ဒီနှစ်ဝါတွင်းကစပြီး သီလသမာဓိပညာတရားစခန်းသစ်၌ (၂)ရက် တရားစခန်းကို ပတ်သက်သမျှသော အတိတ်ဆွေမျိုးများ နှလုံးသားထဲကို သီလသမာဓိပညာများကို တိုးမြှင့်ပြီး ထည့်ပေးပါမယ်။ ယောဂီများအတွက် ဆရာမ ပိုကြိုးစား၍ သီလသမာဓိပညာအကျင့်မြတ်များကို အစွဲဖြုတ်သည့် နည်းများကို ကျင့်ပေးသလို ယောဂီများကလည်း ပိုကြိုးစား၍ အသေတတ်အောင် စိတ်ပြောင်းလေ့ကျင့်ခြင်း အစွဲဖြုတ်ခြင်း သီလသမာဓိပညာ ဥာဏ်များကို တိုးသထက်တိုးအောင် ကြိုးစားပေးစေလိုပါတယ်။

ဂျောက်ထဲကျမဲ့ လမ်းများမှ လွတ်မြောက်ရာလမ်းကို ၀ိပဿနာအကျင့်ကျင့်ရင်း ရှာဖွေတွေ့ ရှိနိုင်ကြပါစေ...
မေတ္တာဖြင့်
ဆရာမ
သီလသမာဓိပညာ ၀ိပဿနာ တရားရိပ်သာ
ချင်းမိုင်မြို့ 
ထိုင်းနိုင်ငံ

ပြန်လည်မျှဝေခြင်းဖြင့်ကုသိုလ်ပွါးနိုင်ကြပါစေ...ဤကုသိုလ်မှသည် နိဗ္ဗာန်အထောက်ပံ့ဖြစ်ကြပါစေ...
3 attachments — Download all attachments (zipped for )   View all images  
သီလ၊သမာဓိ၊ပညာ.jpgသီလ၊သမာဓိ၊ပညာ.jpg
988K   View   Download  
ဆရာမမေတ္တာ.jpgဆရာမမေတ္တာ.jpg
130K   View   Download  
သီလ၊သမာဓိ၊ပညာ.pdfသီလ၊သမာဓိ၊ပညာ.pdf
50K   View   Download  

No comments:

Post a Comment